ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နှင့် ပြည်ထောင်စုဝန်ကြီးများ IDPs စခန်းများ၊ ယာယီနေရပ်စွန့်ခွာစခန်းများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော်     ဖေဖော်ဝါရီ    ၁၀


ရခိုင်ပြည်နယ်၌ ရောက်ရှိနေသည့်   ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့်  ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ     ညှိနှိုင်းပေါင်းစပ်ရေး    ကော်မတီဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး  ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ပြည်ထောင်စု ဝန်ကြီးများသည်    ဖေဖော်ဝါရီ   ၉   ရက်တွင်  ကျောက်တော်မြို့   မဟာမုနိ    ယာယီနေရပ်စွန့်ခွာ စခန်းသို့  ရောက်ရှိခဲ့ကြပြီး  စခန်းရှိ  နေရပ်စွန့်ခွာ တိုင်းရင်းသားပြည်သူများနှင့်  ရင်းရင်းနှီးနှီး တွေ့ဆုံ သည်။

 


တွေ့ဆုံစဉ်   ပြည်ထောင်စုဝန်ကြီးက   ရခိုင်  ပြည်နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာစခန်းများတွင် တိုင်းရင်းသားနေရပ်စွန့်ခွာများ   ၆၆,၉၆၇ ဦး  ရှိပါ ကြောင်း၊   ကျောက်တော်မြို့နယ်တွင်  ယာယီစခန်း ၁၆ ခု ရှိပြီး လူဦးရေ ၁၂,၈၉၈ ဦး၊ အိမ်ထောင်စု ၃,၁၃၈ စု ရှိပါကြောင်း၊     ပြည်တွင်း   နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့်  ယာယီခိုလှုံရာစခန်း များ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ အနေဖြင့် ယာယီနေရပ်စွန့်ခွာစခန်းများမှ  တိုင်းရင်း သားပြည်သူများကို  မူလနေရပ်များသို့ ပြန်လည်ပို့ ဆောင်ပေးနိုင်ရေးအတွက် လိုအပ်ချက်များဖြည့်ဆည်း  ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မဟာမုနိစခန်းအပါ အဝင် ယာယီစခန်းများမှ ပြည်သူများအနေဖြင့်  မူလ နေရပ်များသို့   ပြန်လည်နေထိုင်နိုင်ရေး   တိုက်တွန်း ပါကြောင်းနှင့် မူလအခြေအနေထက်  ပိုမိုကောင်းမွန် သော  လူနေမှုဘဝတည်ဆောက်နိုင်ရေး   ပံ့ပိုးဆောင် ရွက်ပေးသွားမည်ဖြစ်ပါကြောင်း အားပေးစကားများ ပြောကြား၍ လိုအပ်သည်များကို မှာကြားသည်။   

 


ဆက်လက်၍    ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့သည်   ကျောက်တော်မြို့   မဟာကံကြီးသျှင် ကျောင်းတိုက်တွင် ခိုလှုံနေသော ယာယီနေရပ်စွန့်ခွာ ပြည်သူများနှင့် အခြားစခန်းများမှ  ကိုယ်စားလှယ် များကို တွေ့ဆုံ၍  အမှာစကားများ ပြောကြားခဲ့ကြပြီး ၎င်းတို့ မူလနေရပ်များသို့  ပြန်လည်နေထိုင်နိုင်ရေး အတွက် ပံ့ပိုးဆောင်ရွက်ပေးမည့် အစီအမံများကို နယ်စပ်ရေးရာဝန်ကြီးဌာန   အမြဲတမ်းအတွင်းဝန် ဦးသိန်းဌေးဦး က မြောက်ဦးမြို့နယ် လက္ကာကျေးရွာ နှင့် ကျောက်ဖြူမြို့နယ်  ကျောက်တစ်လုံးစခန်းများ အတွက်  ဆောင်ရွက်ပေးမှု ဓာတ်ပုံမှတ်တမ်းများဖြင့်   နမူနာပြသ  ရှင်းလင်းခဲ့သည်။   ယင်းနောက်   စခန်း အတွင်း  စားသောက်နေထိုင်နေမှုနှင့်  ကျန်းမာရေး အခြေအနေများကို   မေးမြန်း၍   လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။

 


ထို့နောက်     မဟာကံကြီးသျှင်ကျောင်းတိုက် ကျောင်းထိုင်ဆရာတော်      ဘဒ္ဒန္တနံ့သာစာရအား ဖူးမြော်ကာ     ကျောင်းတိုက်တွင်   ဖွင့်လှစ်ထားသည့် မေတ္တာဥယျာဉ် ပရဟိတလူငယ်ကျောင်း၌ ပညာသင် ကြားနေသည့် ကျောင်းသား   ကျောင်းသူ  ၃၇၅  ဦး နှင့် ဆရာ ဆရာမ ၂၈ ဦးတို့အတွက်  ချီးမြှင့်ငွေများ ပေးအပ်လှူဒါန်းသည်။

 


ဆက်လက်၍     ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့သည် မြောက်ဦးမြို့ သျှစ်သောင်းဘုန်းတော်ကြီး ကျောင်း ယာယီနေရပ်စွန့်ခွာစခန်းသို့ ရောက်ရှိကြပြီး မြောက်ဦးမြို့နယ်အတွင်းရှိ  ယာယီစခန်း ၂၆ ခုတို့မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ၍  ၎င်းတို့၏  မူလ နေရပ်များသို့   ပြန်လည်နေထိုင်နိုင်ရေး   ထောက်ပံ့ ဆောင်ရွက်ပေးမည့်   အခြေအနေဓာတ်ပုံမှတ်တမ်း များကို    နယ်စပ်ရေးရာဝန်ကြီးဌာန    အမြဲတမ်း အတွင်းဝန်က   ရှင်းလင်းပြသသည်။  ယင်းနောက် ပြည်ထောင်စုဝန်ကြီးများက ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံ ပြည်သူများအနေဖြင့်  နိုင်ငံတော်အစိုးရ၊ တပ်မတော် တို့နှင့်အတူ လက်တွဲကာ  ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံပြီး စည်းလုံးညီညွတ်စွာ  ပူးပေါင်းဆောင်ရွက် သွားရန်    လိုအပ်ပုံ၊    လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းစေရေးအတွက်    တံခါးဖွင့်ဖိတ်ခေါ်လျက် ရှိသည့်        ငြိမ်းချမ်းရေးလမ်းကြောင်းအတိုင်း လျှောက်လှမ်း၍   ဆွေးနွေးဆောင်ရွက်သွားရန် လိုအပ်ပုံတို့ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးများသည်      သျှစ်သောင်း ဘုန်းတော်ကြီးကျောင်း    ဆရာတော်ဘဒ္ဒန္တသုန္ဒရ ထံသို့ လှူဖွယ်ပစ္စည်းများနှင့်   နဝကမ္မဝတ္ထုငွေများ ဆပ်ကပ်လှူဒါန်းခဲ့ကြပြီး သျှစ်သောင်းပုထိုးတော်ကြီး၊ ထုက္ကန်သိမ်တော်နှင့် မြောက်ဦးရှေးဟောင်း  သုတေ သနပြတိုက်တို့သို့     သွားရောက်ဖူးမြော်လေ့လာ ကြည့်ရှု၍ အလှူငွေများပေးအပ်ကာ ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ်များ ရေးထိုးခဲ့ကြသည်။ 

 


ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့်  အဖွဲ့ သည် မင်းပြားမြို့သို့ ရောက်ရှိပြီး ယာယီစခန်း ၁၁ ခုတွင် ခိုလှုံနေကြသည့် ယာယီနေရပ်စွန့်ခွာ ပြည်သူ များ၏   တာဝန်ခံများနှင့်    ကိုယ်စားလှယ်များကို အမျိုးသမီး    အိမ်တွင်းမှုသက်မွေးလုပ်ငန်း   ပညာ သင်တန်းကျောင်း၌ တွေ့ဆုံ၍ ၎င်းတို့၏ မူလနေရပ် များတွင်     ပြန်လည်နေထိုင်နိုင်ရေး    ထောက်ပံ့ ဆောင်ရွက်ပေးမည့် အခြေအနေနှင့် လိုအပ်သည် များကို    ရှင်းလင်းမှာကြား    ဖြည့်ဆည်းပေးခဲ့ပြီး အိမ်တွင်းမှုသင်တန်းကျောင်းနှင့်     နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း  တို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

 


ယနေ့နံနက်ပိုင်းတွင်    ပြည်ထောင်စုဝန်ကြီး များသည် ပြည်နယ်ဝန်ကြီးချုပ်၊ ဌာနဆိုင်ရာ တာဝန် ရှိသူများနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဧည့်ရိပ်သာ၌ ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း  ဆောင်ရွက်ချက်များ နှင့်စပ်လျဉ်းသည့်  သုံးသပ်ညှိနှိုင်းခြင်း အစည်းအဝေး ကိုကျင်းပရာ   တက်ရောက်လာသူများက   ခရီးစဉ် အတွင်း  တွေ့ရှိချက်များ၊   လုပ်ငန်းများ   အကောင် အထည်ဖော်ဆောင်နိုင်မှုနှင့်      ဖြည့်ဆည်းပေးရန် လိုအပ်ချက်များ၊ ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများကို  အသေးစိတ်ညှိနှိုင်း  ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။                  


သတင်းစဉ်