စည်းလုံးညီညွတ်မှုဖြင့် မျှော်မှန်းထားသည့် ပြည်ထောင်စုပန်းတိုင်ဆီသို့ . . .

5

 

(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဂုဏ်ပြုဆောင်းပါး

မောင်ငြိမ်းအေး

၂၀၂၂ ခုနှစ်ကို  တိုင်းရင်းသားညီအစ်ကို မောင်နှမအားလုံး၏    စုစည်းညီညွတ်မှု အင်အားဖြင့် ဖြတ်ကျော်ခဲ့ပြီးဖြစ်သည်။ ၂၀၂၃  ခုနှစ်   စိန်ရတုလွတ်လပ်ရေးနေ့ အခါသမယကိုလည်း ခမ်းနားထည်ဝါစွာ ဖြင့်    ဂုဏ်ယူဖွယ်အောင်မြင်စွာ   ဖြတ် ကျော်နိုင်ခဲ့ပြီ။  ၂၀၂၃ ခုနှစ် ပြည်ထောင်စု နေ့     အခါသမယတွင်လည်း    စည်းလုံး ညီညွတ်မှု    အားမာန်များကို     ပြသကြရ ပါဦးမည်။ 

 


စည်းလုံးညီညွတ်မှု ခွန်အားသစ်


ယခုကဲ့သို့ အောင်မြင်စွာ  ကျော်ဖြတ် နိုင်မှုများသည်    တိုင်းရင်းသားပြည်သူ ညီအစ်ကိုမောင်နှမအားလုံး၏ စည်းလုံး ညီညွတ်မှု     အားမာန်များကြောင့်    ဖြစ် သည်။        နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်      ပြော ကြားခဲ့သည့် ၂၀၂၃  ခုနှစ်  နှစ်သစ်ကူး မိန့်ခွန်းပါ  “ကုန်လွန်ခဲ့ပြီးဖြစ်တဲ့ ၇၅ နှစ် တာ      ကာလအတွင်း    နိုင်ငံနဲ့    လူမျိုး အတွက် အကျိုးမပြုခဲ့တဲ့ အတွေးအခေါ် များနဲ့   လုပ်ဆောင်ချက်များကို  ချန်ရစ် ခဲ့ပြီး နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်း စေမယ့် အပြုသဘော  ဆောင်ရွက်ချက် များကို    “မြန်မာစိတ်”     မွေးပြီးတော့ စည်းစည်းလုံးလုံး လုပ်ကိုင်သွားကြမယ် ဆိုရင်         ကျွန်တော်တို့သွားချင်တဲ့ “ပန်းတိုင်” ကို မလွဲမသွေ ရောက်ရှိမှာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံး နိုင်ငံ့ အကျိုး၊    တိုင်းရင်းသား   ပြည်သူလူထု အကျိုးကိုရှေးရှုပြီး    ပိုမိုကောင်းမွန်တဲ့ နိုင်ငံတော်ရဲ့    လူမှုစီးပွားဘဝတွေကို မျိုးဆက်သစ်           လူငယ်တွေအတွက်     တည်ဆောက်ပေးသွားကြပါမယ်”      ဆို သည့်   စကားသည်      မျက်မှောက်ကာလ၌ စည်းလုံးညီညွတ်မှုဖြင့် အကျိုးဆောင်မှု များအတွက်      ခွန်အားသစ်များ   ဖြစ်စေ ပါသည်။ 

 


တိုင်းရင်းသား    စည်းလုံးညီညွတ်မှု စွမ်းပကားသည်   အခက်အခဲ၊   အနှောင့် အယှက်များကို  ကျော်လွှားလွန်မြောက် နိုင်သည့်    အစွမ်းသတ္တိ၊   တိုင်းပြည်၏ လွတ်လပ်ရေးကို     အရယူပေးနိုင်သည့် အစွမ်းသတ္တိ၊     တိုင်းပြည်တည်ဆောက် ရေးအတွက်          ခွန်အားသတ္တိများ   ဖြစ်ကြောင်း           မြန်မာ့သမိုင်းကြောင်း တစ်လျှောက်ရှိ အမျိုးသားရေး လှုပ်ရှား မှုများတွင်      အခိုင်အမာသက်သေထူ ပြထားနိုင်သည်ကို     တွေ့မြင်ကြရမည် ဖြစ်သည်။ 

 


နယ်ချဲ့လက်အောက်သို့ မြန်မာနိုင်ငံ ကျရောက်စဉ်က နယ်ချဲ့တို့သည် ဖိနှိပ် ချုပ်ချယ်      သွေးစုပ်နိုင်ရန်အတွက် နည်းလမ်းအမျိုးမျိုးဖြင့် သွေးခွဲအုပ်ချုပ် ခဲ့ကြသည်။     ဗျူရိုကရေစီအုပ်ချုပ်ရေး ယန္တရားဖြင့် မြန်မာနိုင်ငံရှိ တိုင်းရင်းသား ပြည်သူများကို ချိုးနှိမ်ဖိနှိပ်ထားခဲ့သည်။ ဖိနှိပ်ချုပ်ချယ်သည့်           ဗျူရိုကရေစီ ယန္တရားကို       တွန်းလှန်တိုက်ဖျက်ပြီး နယ်ချဲ့ဆန့်ကျင်ရေး၊        အမျိုးသား လွတ်မြောက်ရေးကြိုးပမ်းမှု       သမိုင်း တစ်လျှောက်လုံး၌ မြန်မာတိုင်းရင်းသား ပြည်သူများကိုယ်တိုင်     ပါဝင်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည်။

 


ပန်းတိုင်ကွယ်ပျောက်လု နီးပါးဖြစ်ခဲ့


ကြိုးပမ်း       ဆောင်ရွက်မှုများသည် တရားနည်းလမ်းကျနပြီး         မှန်ကန် မွန်မြတ်သည့် အမျိုးသားရေးလှုပ်ရှားမှု များဖြစ်ခဲ့၍လည်း         တိုင်းရင်းသား ပြည်သူများအတွင်း    တိုင်းချစ်ပြည်ချစ် စိတ်ဓာတ်များနှင့်         အမျိုးသားရေး စိတ်ဓာတ်များ        ကျယ်ကျယ်ပြန့်ပြန့် စိမ့်ဝင်ပျံ့နှံ့စေခဲ့သည်။         ပြည်သူများ ကိုယ်တိုင်  အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုများတွင် တစ်တပ်တစ်အား ပါဝင်ရမည်ဆိုသည့်       အသိတရားများ ကိန်းဝပ်လာခဲ့သည်။ မှန်ကန်သည့် အသိ စိတ်ဓာတ်နှင့်     နိုင်ငံရေးနိုးကြားမှုများ သည် တိုင်းရင်းသားပြည်သူများအကြား တွင်   ကြီးမားသည့်     ထုထည်ပမာဏ ဖြစ်ပေါ်လာသည့်အတွက်      စည်းလုံး ညီညွတ်မှုသန္ဓေတည်ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်မှုသည် ထက်မြက်သည့် စွမ်းအားကြီးဖြစ်လာခဲ့သည်။ ထိုစွမ်းအား ကြောင့်ပင်     လွတ်လပ်ရေးအောင်ပွဲကို ဆင်နွှဲနိုင်ခဲ့တဲ့အထိ ဖြစ်ထွန်းလာခဲ့သည်။  လွတ်လပ်ရေးရပြီးသောအခါ     ပါလီမန် ဒီမိုကရေစီစနစ်ဖြင့် နိုင်ငံတည်ဆောက် ရန်      ကြိုးပမ်းခဲ့သော်လည်း     ကိုလိုနီ နယ်ချဲ့စနစ်၏ သွေးခွဲအုပ်ချုပ်မှု ဆိုးမွေ များနှင့်    နိုင်ငံရေးဝါဒစွဲ၊   ဂိုဏ်းဂဏစွဲ များကြောင့်      ပြည်သူတို့၏ပန်းတိုင် ကွယ်ပျောက်လုနီးပါး ဖြစ်ခဲ့ရသည်။ 

 


ထို့နောက်        စည်းလုံးညီညွတ်မှု စွမ်းအားကို      ခိုင်မာလာအောင်    တည် ဆောက်ရင်း       ခေတ်အဆက်ဆက်တွင် မူဝါဒ၊ လမ်းစဉ်စနစ်အမျိုးမျိုးဖြင့်  နိုင်ငံ တည်ဆောက်ရေး၊       တိုးတက်ရေးကို ကြိုးပမ်းခဲ့ကြသော်လည်း    ပန်းတိုင်သို့ ရောက်လုနီးတိုင်း        ပြန်လည်ဝေးခဲ့ရ သည်။    အကြောင်းအရင်းမှာ    စီမံခန့်ခွဲမှု လွဲမှားမှု၊ အဖျက်အမှောင့်အန္တရာယ်နှင့် စည်းလုံးညီညွတ်မှု     ပျက်ပြားစေသော လုပ်ဆောင်မှုများကြောင့်         ဖြစ်သည်။ မြန်မာတို့၏ စိတ်ရင်းအမှန်ကို    မြန်မာ တို့သာ    အသိဆုံးဖြစ်သည်။       အေးချမ်း သာယာဝပြောမှုကို အားလုံးက   လိုလား ကြသည်။   အေးချမ်းသာယာဝပြောရေး အတွက်      ညီညွတ်မှုသည်      အရင်းခံ အကြောင်း ဖြစ်သည်။  အေးချမ်းသာယာ ဝပြောရေးအတွက် စီးပွားရေးတိုးတက်မှု သည် အရေးကြီးသည့် အချက်ဖြစ်သည်။ မျက်မှောက်ကာလ          တိုင်းရင်းသား ပြည်သူများလိုလားသည့်     ပန်းတိုင်မှာ စစ်မှန်စည်းကမ်းပြည့်ဝသည့်  ဒီမိုကရေစီ စနစ်ခိုင်မာရေးနှင့်              ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို           အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးပင်  ဖြစ်သည်။

 


သွေးစည်းညီညွတ်မှုဖြင့် ဆက်လက်ကြိုးပမ်း


ယင်းတို့ကို          စည်းလုံးညီညွတ်မှု စွမ်းအားဖြင့် တည်ဆောက်မှ  အောင်မြင် မည်ဖြစ်သည်။          စီးပွားရေးတိုးတက် အောင်ဆောင်ရွက်ရာတွင်         ပြည်သူ တစ်ဦးချင်း၏      စီးပွားရေးတိုးတက်မှု၊ ဒေသအလိုက်         ဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံတော်တစ်ခုလုံး၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုများကို       ဟန်ချက်ညီအောင် အတတ်နိုင်ဆုံး        ဆောင်ရွက်ကြရမည် ဖြစ်သည်။  မိမိတို့နိုင်ငံတွင်  တိုင်းရင်း သား     ပြည်သူတစ်ရပ်လုံး      စည်းလုံး ညီညွတ်ပြီး အားမာန်အပြည့်ဖြင့်  ပါဝင် ဆောင်ရွက်ခဲ့ကြ၍ နယ်ချဲ့ဆန့်ကျင်ရေး နှင့်    အမျိုးသားလွတ်လပ်ရေး   တိုက်ပွဲ များတွင်          အောင်ပွဲများရရှိခဲ့သလို တိုင်းရင်းသားပြည်သူများ၏ သွေးစည်း ညီညွတ်သည့်      အားမာန်များဖြင့်ပင် မျှော်မှန်းထားသည့်    အေးချမ်းသာယာ ဝပြောပြီး ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ် ကို        အခြေခံသည့်     ပြည်ထောင်စု တည်ဆောက်နိုင်ရန်          ဆက်လက် ကြိုးပမ်းကြရမည်ဖြစ်သည်။    နိုင်ငံတွင် ရှိပြီးဖြစ်သည့်        သဘာဝသယံဇာတ အရင်းအမြစ်များအပါအဝင်  ကုန်ထုတ် စွမ်းအားစုများကို   ထိရောက်စွာ   အသုံး ပြုပြီး      စီးပွားရေးတိုးတက်လာအောင် ကြိုးစားကြရမည်ဖြစ်သည်။

 


နိုင်ငံတော်တွင်     စည်းကမ်းပြည့်ဝ သည့်          ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ပြီး နိုင်ငံတော်၏ စီးပွားရေးအခြေအနေများ     တိုးတက် မြင့်မားလာအောင် ကြိုးပမ်းဆောင်ရွက် နေခြင်းသည်      တိုင်းရင်းသားပြည်သူ လူထုတစ်ရပ်လုံး၏ အကျိုးစီးပွားကို ရှေးရှု ဆောင်ရွက်နေခြင်းဖြစ်သည်။  ပြည်တွင်း လိုအပ်ချက်များဖြစ်သည့် အခြေခံလူသုံး ကုန်ပစ္စည်းများကို        ပြည်ပမှတင်သွင်း နေရသူ  Importer အဖြစ်မှ ပြည်တွင်း လိုအပ်ချက်ကို ပြည့်မီအောင်ထုတ်လုပ် ပြီး   ပြည်ပသို့     ပြန်လည်တင်ပို့နိုင်သူ Exporter အဖြစ်သို့ ရောက်ရှိသည်အထိ ရည်မှန်းဆောင်ရွက်သွားကြရမည်  ဖြစ်သည်။ 

 


တန်ဖိုးမြှင့်ထုတ်ကုန်များ ပြောင်းလဲထုတ်လုပ်ရောင်းချခြင်းဖြင့်   ပြည်တွင်း စားသုံးမှု ဖူလုံစေရုံသာမက ပြည်ပပို့ကုန် များ ပိုမိုတိုးမြင့်လာပြီး နိုင်ငံသားများ၏ တစ်ဦးချင်းဝင်ငွေလည်း  တိုးတက်လာ မည်ဖြစ်သည်။   တိုင်းပြည်စီးပွားရေးနှင့် ပြည်တွင်းထုတ်ကုန်  တိုးမြှင့်လာစေရန် အသေးစား၊ အငယ်စားနှင့်  အလတ်စား MSME  လုပ်ငန်းများ    အောင်မြင်အောင် အားပေးဆောင်ရွက်နေသည်ကို    တွေ့ရသည်။

 


ဒီမိုကရေစီစနစ်ခိုင်မာအားကောင်း


ဒီမိုကရေစီကျင့်သုံးသည့်    နိုင်ငံကို တည်ဆောက်ရာတွင် နိုင်ငံသူ၊ နိုင်ငံသား များ သိသင့်သိထိုက်၊ ရှိသင့်ရှိထိုက်သည့် တွေးခေါ်မြော်မြင်မှုများ၊    အသိပညာ ဗဟုသုတများရှိရန်  လိုအပ်သည်။  နိုင်ငံ စဉ်ဆက်မပြတ်      ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နိုင်ရန်အတွက်       လူသား အရင်းအမြစ်များသည်    အဓိကကျပြီး လူသားအရင်းအမြစ်  ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပညာရေးကို အဓိကတည်ဆောက် ကြသည်။         နိုင်ငံတော်အစိုးရသည် ကျောင်းနေအရွယ်       ကလေးအားလုံး၊ ပညာသင်ကြားရမည့်    အရွယ်အားလုံး ပညာသင်ယူခွင့်ရရှိရေးနှင့် အခြေခံပညာ အလယ်တန်းအဆင့် KG+9 ပြီးဆုံးသည် အထိ ပညာသင်ယူနိုင်ရေး ရည်မှန်းချက် ကို ချမှတ်ဆောင်ရွက်နေသည်ကို တွေ့ရ သည်။ သို့မှသာ နိုင်ငံသားတိုင်း သက်ဆိုင် ရာ      ကဏ္ဍအလိုက်၊      အသက်မွေး ဝမ်းကျောင်းအလိုက်       အသိပညာ၊ အတတ်ပညာများရအောင် ဖန်တီးနေမှု များသည်        
နိုင်ငံအနာဂတ်နှင့်        ဒီမိုကရေစီစနစ် အတွက် ခိုင်မာအားကောင်းလာမည်ဖြစ် သည်။

 


လူငယ်လူရွယ်များအား ဗလငါးတန် ဖွံ့ဖြိုးပြီး   အားကစားတွင်    ထူးချွန်ကာ သက်ဆိုင်ရာ    ဒေသကိုယ်စားပြု၊   နိုင်ငံ ကိုယ်စားပြုသူများအဆင့်မှ ကမ္ဘာ့အဆင့် အထိ   ထိုးဖောက်ပြီး     အားကစားဖြင့် နိုင်ငံနှင့် လူမျိုးဂုဏ်ကို  မြှင့်တင်ပေးနိုင် ရေးအတွက်       မျိုးဆက်သစ်များအား မွေးထုတ်နေသည်လည်း     တွေ့ရသည်။ ကျန်းမာရေးကဏ္ဍတွင်           လူတိုင်း လက်လှမ်းမီသည့် သာတူညီမျှ ကျန်းမာ ရေး    စောင့်ရှောက်မှုစနစ်ကို    ရရှိသည် အထိ  ရည်မှန်းထားရှိပြီး  ကျန်းမာရေး စောင့်ရှောက်မှု    အဆင့်အတန်းနှင့် ပြည်သူများ၏      မျှော်မှန်းသက်တမ်း ယခုထက်ပိုမိုမြင့်မားလာရေးကို ဦးတည် ဆောင်ရွက်နေသည်ကိုလည်း     တွေ့ရ သည်။ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊   ကုသရေးလုပ်ငန်းများကို ထိထိရောက်ရောက်     ဆောင်ရွက်နိုင် သောကြောင့် ရောဂါဖြစ်ပွားမှု၊  သေဆုံး မှုများကို    ယခုအခါ   လျှော့ချထိန်းချုပ် နိုင်ခဲ့ပြီဖြစ်သည်။

 


အကျိုးပြုလုပ်ငန်းများ
ကြိုးပမ်းဆောင်ရွက်


မြန်မာနိုင်ငံသည် သဘာဝသယံဇာတ အရင်းအမြစ်များ ပေါများကြွယ်ဝသည့် နိုင်ငံဖြစ်သည်။      ယခင်က    သဘာဝ သယံဇာတများ    လေလွင့်ထိခိုက်မှုများ ရှိခဲ့သည့်အတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်     ပြန်လည်ထူထောင် ရေး          လုပ်ငန်းများလုပ်ဆောင်ရန် နိုင်ငံတော်အကြီးအကဲက    တိုက်တွန်း ထားသည်။          ပေါများကြွယ်ဝလှသည့် သဘာဝသယံဇာတများကို ပြည်တွင်း၌ ကုန်ချောအဖြစ်     တိုးတက်ထုတ်လုပ် နိုင်ခြင်းဖြင့်    ဝင်ငွေပိုမိုရရှိပြီး    အလုပ် အကိုင်အခွင့်အလမ်းများလည်း ပွင့်လင်း လာမည်ဖြစ်သည်။ အိမ်သုံးနှင့် ကုန်ထုတ် လုပ်ငန်းများအတွက် လျှပ်စစ်ဓာတ်အားအပြည့်အဝရရှိရေးကို       နည်းလမ်း အမျိုးမျိုး       ရှာဖွေလုပ်ကိုင်နေသည်ကို တွေ့ရသည်။      ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များဖြစ်သည့်        ရေအားနှင့် နေရောင်ခြည်စွမ်းအင်သုံး     လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့သည်။    အလားအလာ ရှိသည့်    လေအားလျှပ်စစ်၊    ရေအား လျှပ်စစ်များအပါအဝင် အဏုမြူစွမ်းအင် ကို ငြိမ်းချမ်းစွာအသုံးပြုပြီး   လျှပ်စစ် ကဏ္ဍအပါအဝင်      အခြားအကျိုးပြု လုပ်ငန်းများ    လုပ်ကိုင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသည်ကို  တွေ့ရ သည်။

 


ပြည်ထောင်စုကြီး      အဓွန့်ရှည် တည်တံ့ခိုင်မြဲရေးအတွက်  အမျိုးသား ယဉ်ကျေးမှု        စရိုက်လက္ခဏာများ မပျောက်ပျက်ရေးသည်လည်း   အရေး ကြီးသော     အချက်တစ်ခုဖြစ်သည်။ ပြည်ထောင်စုစိတ်ဓာတ်       ရှင်သန် ထက်မြက်ရေးအတွက်     နိုင်ငံတော်၏ လူမှုရေးဦးတည်ချက်တွင်    “တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်း အစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ   မပျောက်ပျက်အောင်   ထိန်းသိမ်း စောင့်ရှောက်ရေး”   ဟူသော  အချက်ကို ဖော်ပြထားရာ မြန်မာ့ရိုးရာယဉ်ကျေးမှု များကို ပြန်လည်ဖော်ထုတ်ပေးနိုင်ရန် မြန်မာ့ရိုးရာယဉ်ကျေးမှု   အဆို၊   အက၊ အရေး၊   အတီးပြိုင်ပွဲကြီးကို    နိုင်ငံတော် အဆင့် ခမ်းခမ်းနားနား  ထည်ထည်ဝါဝါ စည်ကားသိုက်မြိုက်စွာ   ပြန်လည်ကျင်းပ ပေးနိုင်ခဲ့သည်ကိုလည်း တွေ့ရသည်။

 


ငြိမ်းချမ်းရေးလမ်းကြောင်း
လျှောက်လှမ်း


၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ထားပြီး  ပြည်တွင်းလက်နက် ကိုင်      ပဋိပက္ခများ   ချုပ်ငြိမ်းသွားရေး၊ ရေရှည်တည်တံ့ခိုင်မြဲသည့်      ထာဝရ ငြိမ်းချမ်းရေး     တည်ဆောက်နိုင်ရေးတို့ အတွက်    တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ခေါင်းဆောင်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး      ကောင်စီ ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင်တွေ့ဆုံ           ဆွေးနွေးနိုင်ရန် ကမ်းလှမ်းခဲ့ပြီး      ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များ   ဆက်လက်ဆောင်ရွက်နေသည် ကို တွေ့ရသည်။  နိုင်ငံတော်က ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များကို  ဆောင်ရွက်သည့် နေရာတွင် ၂၀၀၈ ခုနှစ်  ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်       တစ်နိုင်ငံလုံး       ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး        သဘောတူစာချုပ် (NCA) အပေါ်အခြေခံပြီး ဆွေးနွေးနေကြ သည်။  ဆွေးနွေးပွဲများတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဆယ်ဖွဲ့  တက်ရောက် ဆွေးနွေးခဲ့ပြီး ငြိမ်းချမ်းရေးလမ်းကြောင်း ပေါ် လျှောက်လှမ်းမည်ဆိုသည့်  သဘော ထား  အမြင်များ    တွေ့ရသည့်အတွက် ဝမ်းမြောက်မိသည်။

 


တပ်မတော်အနေဖြင့် တစ်ဖက်သတ် အပစ်အခတ်ရပ်စဲမှုကို ၂၀၁၈ ခုနှစ် ဒီဇင် ဘာလ ၂၀ ရက်နေ့မှ ၂၀၂၂  ခုနှစ်အကုန် အထိ လေးနှစ်တာ ရပ်ဆိုင်းပေးခဲ့သည်။ ယခုထပ်မံပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကစ၍ ဒီဇင်ဘာလ  ၃၁  ရက်နေ့ အထိ    ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို သက်တမ်းတိုးမြှင့်ပေးခဲ့သည်။  လွတ်လပ် ရေးရပြီး  ကာလကတည်းက ပြည်တွင်း လက်နက်ပဋိပက္ခများနှင့်        ကြုံတွေ့ခဲ့ရ သည့်   မိမိတို့နိုင်ငံတွင်   လက်နက်ကိုင် ပဋိပက္ခများ၏         ဆိုးမွေများကို တိုင်းရင်းသားပြည်သူများ   ခံစားနေကြ ရသည်။ ၂၀၂၂ ခုနှစ် စိန်ရတုပြည်ထောင်စု နေ့ ကာလကစ၍ ငြိမ်းချမ်းရေးခရီးလမ်း ကို     လမ်းဖွင့်ကြိုဆိုဆောင်ရွက်နေပြီ ဖြစ်ရာ    ထာဝရငြိမ်းချမ်းရေးရရှိအောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြ ရမည်ဖြစ်သည်။

 


စည်းလုံးညီညွတ်မှု စွမ်းပကား

 

ယခုကဲ့သို့ တိုင်းရင်းသားပြည်သူများ၏ မျှော်မှန်းချက်များ၊ အကျိုးစီးပွားများကို နိုင်ငံတော်အစိုးရနှင့်    တိုင်းရင်းသား ပြည်သူများတက်ညီလက်ညီ ဆောင်ရွက် နေချိန်တွင်   နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်လာမည်ကို၊     စစ်မှန်သည့်      ပါတီစုံ ဒီမိုကရေစီစနစ်   ပေါ်ပေါက်လာမည်ကို မရှုဆိတ်နိုင်သည့်၊        ပြည်သူများ၏ အကျိုးစီးပွားကို          ဖျက်ဆီးနေသည့် အကြမ်းဖက်       အဖျက်သမားများသည် အဖျက်လုပ်ရပ်များ           လုပ်ကိုင်ပြီး နှောင့်ယှက်နေကြသည်။          စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့်  ပါတီစုံဒီမိုကရေစီ စနစ်     ရှင်သန်ထွန်းကားရေးအတွက် လွတ်လပ်ပြီး            တရားမျှတသည့် ရွေးကောက်ပွဲသည်      အရေးပါသည့် အခန်းကဏ္ဍတွင်  ရှိနေသည်။ လွတ်လပ် တရားမျှပြီး         ပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲအောင်မြင်စွာ   ကျင်းပနိုင် ရေးအတွက်    နိုင်ငံတစ်ဝန်း   လမ်းပန်း ဆက်သွယ်မှု      လုံခြုံချောမွေ့စေရေး၊ တရားဥပဒေစိုးမိုးရေးနှင့်    တည်ငြိမ် အေးချမ်းမှုရရှိစေရေးတို့ကို  နိုင်ငံတော်နှင့် အတူ ပြည်သူလူထုတစ်ရပ်လုံး လက်တွဲ ဆောင်ရွက်သွားကြရမည်ဖြစ်သည်။

 


တိုင်းရင်းသား       စည်လုံးညီညွတ်မှု စွမ်းပကားနှင့် လွတ်လပ်ရေးကို ရယူခဲ့ပြီး ဖြစ်သလို       ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက်နေသည့် နေရာတွင်လည်း တိုင်းရင်းသား       စည်းလုံးညီညွတ်မှု စွမ်းပကားနှင့်ပင်    တည်ဆောက်မှသာ အောင်မြင်နိုင်မည်ဖြစ်သည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ      နိုင်ငံ့ တာဝန်ကို နှစ်နှစ်တာ ဆောင်ရွက်ခဲ့သည့် ကာလတိုအတွင်း တိုင်းရင်းသားညီအစ်ကို  မောင်နှမများသည်         စိန်ခေါ်မှုများ၊ အခက်အခဲများကို    စိတ်ရှည်သည်းခံမှု၊ သဘောထားပြည့်ဝမှုများနှင့် ဖြတ်ကျော် လာခဲ့ပြီး နိုင်ငံတော်၏ အရေးကိစ္စများ တွင်လည်း     တက်တက်ကြွကြွ   ပါဝင် ဆောင်ရွက်ခဲ့ကြခြင်းသည် ပြည်ထောင်စု စိတ်ဓာတ်ကိုအခြေခံ၍ ပေါ်ပေါက်လာ သည့်    စည်းလုံးညီညွတ်မှု   စွမ်းပကား ခွန်အားများဟု ဆိုရမည်ဖြစ်သည်။

 


အချုပ်အားဖြင့်           ဆိုရပါလျှင် တိုင်းရင်းသားအချင်းချင်း          ရင်းနှီး ချစ်ကြည်ခြင်း၊    စည်းလုံးညီညွတ်ခြင်း တို့ကို    အခြေခံသည့်     ပြည်ထောင်စု စိတ်ဓာတ်အရင်းခံဖြင့် စုပေါင်းဆောင်ရွက် ကြခြင်းကြောင့်      တွေ့ကြုံလာရမည့် အခက်အခဲဟူသမျှကို     ရင်ဆိုင်ကျော် လွှားနိုင်မည်ဖြစ်သည်။      ဆက်လက်၍ နိုင်ငံတော်၏ အမျိုးသားရေးလုပ်ငန်းစဉ် နှစ်ရပ်၊      နိုင်ငံရေးလုပ်ငန်းစဉ်နှစ်ရပ် တို့ကို     အောင်မြင်စွာ     အကောင်အထည် ဖော်ကာ       ရှေ့သို့လှမ်းချီ     ပန်းတိုင်ဆီ (Keep Moving Forward to Achieve Our Goal) ဆိုသည့်   ဆောင်ပုဒ်နှင့်အညီ လက်တွဲညီညီ      အကောင်အထည်ဖော် ကြခြင်းဖြင့်   တိုင်းရင်းသားပြည်သူများ မျှော်မှန်းထားသည့်        ပန်းတိုင်ဆီသို့ ရောက်ရှိမည်ဖြစ်ပါကြောင်း။       ။