ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ မြန်မာသံရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများသို့ စီးပွားရေးသံမှူးများအဖြစ် သွားရောက်တာဝန်ထမ်းဆောင်ကြမည့် ဝန်ကြီးဌာနငါးခုမှ အရာထမ်းများကို တွေ့ဆုံ

 

နေပြည်တော်   ဖေဖော်ဝါရီ   ၁၀


နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာသံရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ် ရုံးများသို့  သွားရောက်တာဝန်ထမ်းဆောင်ကြမည့်  စီးပွားရေးသံမှူးများကို ယနေ့ နံနက် ၉ နာရီခွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဧရာဝတီခန်းမ၌ တွေ့ဆုံသည်။

 


တွေ့ဆုံပွဲသို့   နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးနှင့်  ဦးစီးဌာနအသီးသီးမှ   ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ တက်ရောက် ကြသည်။

 


ဦးစွာ    သံရုံးနှင့်    ကောင်စစ်ဝန်ချုပ်ရုံးများ၌ စီးပွားရေးသံမှူးများအဖြစ်         သွားရောက်တာဝန် ထမ်းဆောင်ကြမည့်    အရာထမ်းများက   ၎င်းတို့ သွားရောက်တာဝန်ထမ်းဆောင်ရမည့်  နိုင်ငံများကို တစ်ဦးချင်းစီ မိတ်ဆက်တင်ပြကြသည်။ 

 


 ကမ္ဘာ့စီးပွားရေး၊ ဒေသတွင်းစီးပွားရေးလေ့လာ


ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ပြည်ပရှိ  မြန်မာသံရုံးနှင့်  မြန်မာကောင်စစ်ဝန်ချုပ် ရုံးများသို့  သွားရောက်တာဝန်ထမ်းဆောင်ကြမည့် အရာထမ်းများအားလုံးကို      ဝမ်းမြောက်ကြောင်း ဂုဏ်ပြုစကားပြောကြားလိုကြောင်း၊ ယခုလို စေလွှတ် သည့်နေရာတွင်    နိုင်ငံတော်၏   စီးပွားရေးဖွံ့ဖြိုး တိုးတက်ရန်  ကြိုးစားပေးကြရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေးသည်  ဒေသတွင်းနိုင်ငံများ တွင်    ရှိသင့်ရှိထိုက်သည့်နေရာတွင်   ရှိလာစေရေး ရည်မှန်းပြီး   ဆောင်ရွက်ကြရမည်  ဖြစ်ပါကြောင်း၊ ယခု စေလွှတ်လိုက်သည့်  စီးပွားရေးသံမှူးများသည် ဝန်ကြီးဌာနငါးခုမှ    အလယ်အလတ်ဝန်ထမ်းများ ဖြစ်သည့်အတွက်   အတွေ့အကြုံနှင့် အတွေးအခေါ် များ  အပြည့်အဝရှိကြမည်ဟု  ယုံကြည်ပါကြောင်း၊ ဒေသတွင်းနိုင်ငံများ၏    စီးပွားရေးဖွံ့ဖြိုးတိုးတက် လာမှုများတွင်  ယင်းနိုင်ငံ၏   လက်ရှိအခြေအနေ တစ်ခုတည်းကိုမကြည့်ဘဲ  နောက်ခံသမိုင်းကြောင်း များကိုလည်း  လေ့လာရမည် ဖြစ်ပါကြောင်း၊ ယင်းတို့ တွေးခေါ်မြော်မြင်သည့်          စီးပွားရေးအမြင်များကို လေ့လာပြီး မိမိနိုင်ငံ၏  စီးပွားရေးအခွင့်အလမ်းများ ကို    အကောင်အထည်ဖော်ရမည် ဖြစ်ပါကြောင်း၊ စီးပွားရေးသံမှူးများအနေဖြင့်    ကမ္ဘာ့စီးပွားရေး၊ ဒေသတွင်းစီးပွားရေးကို      လေ့လာကြရမည်ဖြစ်ပါ ကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေးအခွင့်အလမ်းများ ကို  မိမိတို့ရောက်ရှိမည့်  နိုင်ငံများတွင် စီးပွားရေး လုပ်ငန်းရှင်များ စိတ်ပါဝင်စားလာစေရေး ကြိုးစားရ မည် ဖြစ်ပါကြောင်း။

 


အမျိုးသားနိုင်ငံရေးကို သစ္စာရှိရန်


 မြန်မာနိုင်ငံအနေဖြင့်‌  လူ့စွမ်းအားအရင်းအမြစ်၊ ရေအရင်းအမြစ်၊ မြေအရင်းအမြစ်နှင့်  အခြားသဘာဝ အရင်းအမြစ်အခွင့်အလမ်းများစွာရှိသည်ကို  ရင်းနှီး မြှုပ်နှံသူများ    စိတ်ဝင်စားလာစေရေး  စီးပွားရေး သံမှူးများက   ဆွဲဆောင်စည်းရုံးကြရမည်   ဖြစ်ပါ ကြောင်း၊     ရင်းနှီးမြှုပ်နှံသူများသည်    ယင်းတို့၏ ရင်းနှီးမြှုပ်နှံမှု  မဆုံးရှုံးရေးနှင့်  အမြတ်ရရှိရေးသည် ၎င်းတို့အတွက်  ဦးစားပေးသည်ကို သိရှိနားလည်ပြီး ၎င်းတို့၏ အကျိုးစီးပွားကို မိမိနိုင်ငံ၏  အကျိုးစီးပွား နှင့်ယှဉ်တွဲ၍     လုပ်ကိုင်လိုစိတ်     ဖြစ်ပေါ်စေရန် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေးဆိုင်ရာ  အချက်အလက်များကို သိရှိအောင် ဆောင်ရွက်ပြီး တာဝန်ကျသည့်  သက်ဆိုင်ရာနိုင်ငံ၏ စီးပွားရေးအချက်အလက်များကို   လေ့လာကာ မိမိ နိုင်ငံ၏   စီးပွားရေးတိုးတက်လာစေရန်   စီးပွားရေး သံမှူးများအနေဖြင့်   အတွေးအမြင်   ကျယ်ကျယ် ပြန့်ပြန့်သုံးသပ်ပြီး အစီရင်ခံစာများ  ရေးသားပေးပို့ရ မည် ဖြစ်ပါကြောင်း၊  ထို့အပြင်  နိုင်ငံကို   ကိုယ်စားပြု ပြီး   တာဝန်ထမ်းဆောင်ကြရမည် ဖြစ်သည့်အတွက် ဝန်ထမ်းသည်  အမျိုးသားနိုင်ငံရေးကို  သစ္စာရှိရန်၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုအပေါ် သစ္စာရှိရန်   အထူးမှာကြားလိုကြောင်း၊  ဝန်ထမ်း များအားလုံး ပေးအပ်သည့်တာဝန်များကို  ကျေပွန် အောင်   ဆောင်ရွက်ရန်နှင့်   ရောက်ရှိသည့်နေရာမှ ရရှိသည့်   ဗဟုသုတများကို    အကျိုးရှိစွာ အသုံးချနိုင်ရေး   လေ့လာဆည်းပူးကြပါရန်    ပြောကြားခဲ့ ကြောင်း သိရသည်။


သတင်းစဉ်