ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် မြန်မာနိုင်ငံဆိုင်ရာ ဘရာဇီးဖက်ဒရယ်သမ္မတနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

 

 

နေပြည်တော် ဇန်နဝါရီ ၂၀

 

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်သည် မြန်မာနိုင်ငံ ဆိုင်ရာ ဘရာဇီးဖက်ဒရယ်သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ကာရ်လို့စ် အန်တိုနီယို ဒါ ရိုချာ ပါရာညှော်စ် အား ယနေ့နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီး ဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်ဆိုင်ရာ ဘရာဇီးဖက်ဒရယ် သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြော ကြားခဲ့ပြီး မြန်မာ-ဘရာဇီး နှစ်နိုင်ငံ ဆက်ဆံရေးတိုးမြှင့်ရေး၊ လေကြောင်း ပို့ဆောင်ရေးကဏ္ဍ၊ စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးသုတေသနကဏ္ဍ၊ စားနပ် ရိက္ခာဖူလုံရေးကဏ္ဍ၊ မွေးမြူရေး ကဏ္ဍနှင့် နည်းပညာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်း စွာ ဆွေးနွေးကြသည်။

ထို့ပြင် တောင်ဘက်ခြမ်းနိုင်ငံချင်း ပူးပေါင်းဆောင်ရွက်ရေး (South-South Cooperation) မူဘောင် အောက်တွင် လည်းကောင်း၊ နိုင်ငံ တကာ မျက်နှာစာတွင်လည်းကောင်း ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက် ရေးနှင့် မြန်မာ-ဘရာဇီး နှစ်နိုင်ငံ အကြား စတုတ္ထအကြိမ်မြောက် နိုင်ငံ ရေးရာဆွေးနွေးပွဲ ပြန်လည်ကျင်းပနိုင် ရေး အလားအလာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စု ဝန်ကြီးက ရခိုင်ပြည်နယ်မှ နေရပ် စွန့်ခွာသူများအား ပြန်လည်လက်ခံ ရေးကိစ္စအပါအဝင် ဒီမိုကရေစီအသွင် ကူးပြောင်းရေးကာလ ကြုံတွေ့နေရ သည့် စိန်ခေါ်မှုများအား ဖြေရှင်းရန် အစိုးရ၏ ကြိုးပမ်းဆောင်ရွက် နေမှုများကို ရှင်းလင်းပြောကြား သည်။ သတင်းစဉ်