
စစ်ကိုင်း ဖေဖော်ဝါရီ ၇
သမဝါယမနှင့် စီမံခန့်ခွဲမှုတက္ကသိုလ် (စစ်ကိုင်း)တည်ထောင်သည့်နေ့ (၁၁) နှစ်မြောက် အထိမ်း အမှတ် ဂုဏ်ပြုသုတေသန စာတမ်းဖတ်ပွဲကို ဖေဖော်ဝါရီ ၇ ရက် နံနက်ပိုင်းက တက္ကသိုလ် ဘွဲ့နှင်း သဘင်ခန်းမ၌ ကျင်းပသည်။(အောက်ပုံ)
ရှေးဦးစွာ ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီက စာတမ်းဖတ်ပွဲ ရည်ရွယ်ချက်(၂)ရပ်မှာ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ သမဝါယမ ကောလိပ်(မန္တလေး)၊ ယွန်းပညာကောလိပ် (ပုဂံ)နှင့် ဘာသာရပ်ဌာနများရှိ ဆရာ ဆရာမများ၏ စွမ်းရည် ပိုမိုမြင့်မားလာစေရန်နှင့် ဒေသတွင်းလူမှုစီးပွားရေး ပိုမိုသိရှိနိုင်စေရန်နှင့် ပြည်တွင်း ပြည်ပတွင် သုတေသနစာတမ်းများ ဖတ်ကြားပြီး သုတေသန ပြုလုပ်လိုစိတ် ပိုမိုပေါ်ပေါက်လာစေရန်၊ ဘာသာရပ် အကျိုးပြု၊ တက္ကသိုလ်အကျိုးပြု၊ ဒေသအကျိုးပြု၊ နိုင်ငံ့အကျိုးပြု သုတေသနစာတမ်းများ ထွက်ပေါ် လာစေရန်နှင့် အရည်အသွေးပြည့်ဝသော သုတေသန ဂျာနယ် ထုတ်ဝေနိုင်ရန်ဖြစ်ကြောင်း။
ယခုနှစ် စာတမ်းဖတ်ပွဲ Themes မှာ Qualified Research for Bringing Brighter Future of Social Cohesion and Economic Development ဖြစ်ပါ ကြောင်း၊ တက္ကသိုလ်တွင် KOREA MYANMAR RESEARCH ASSOCIATION, UNIVERSITY OF MALAYSIA SARAWAK စသည့် နိုင်ငံတကာတက္ကသိုလ် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် KOMYRA သုတေသနဂျာနယ်များတွင် ပါဝင်ခွင့်ရရှိ ခဲ့ကြောင်း၊ သုတေသနပြုလုပ်ခြင်းဖြင့် သင်ကြားရေး တွင် များစွာအထောက်အကူပြုခြင်း၊ သက်ဆိုင်ရာ ဘာသာရပ်များတွင် ကျွမ်းကျင်ပိုင်နိုင်စွာ သင်ကြား နိုင်ခြင်း၊ လုပ်ငန်းရှင်များနှင့် ချိတ်ဆက်၍ ကွန်ရက် ကျယ်ပြန့်လာခြင်း၊ စဉ်းစားတွေးခေါ်မှု၊ ဆန်းစစ် ဝေဖန်ပိုင်းခြားမှု တိုးတက်လာနိုင်ခြင်း အကျိုး ကျေးဇူးများရှိကြောင်း၊ နောင်တွင် ပြည်ပစာတမ်းရှင် များပါ ဖိတ်ခေါ်လျက် International Conference ကျင်းပနိုင်သည်အထိ ဆက်လက်ကြိုးစားသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ စာတမ်းရှင်များက ဘာသာရပ် အကျိုးပြုစာတမ်း ငါးစောင်၊ လူမှုအကျိုးပြု စာတမ်း ခုနစ်စောင်၊ ဒေသအကျိုးပြုစာတမ်း တစ်စောင်၊ ပေါင်း ၁၃ စောင်ကို online ၊ offline တို့ဖြင့် ဖတ်ကြား ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်