
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ ကို အမျိုးသားရေးဦးတည်ချက်များနှင့်အညီ နေပြည်တော်၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး ယင်းအခမ်းအနားတွင် ဖျော်ဖြေတင်ဆက်ကြမည့် တိုင်းဒေသကြီးနှင့် ပြည်နယ် များမှ ရိုးရာယဉ်ကျေးမှုအဖွဲ့များ၏ ပြည်ထောင်စုနေ့ အမှတ်တရစကားသံများကို ဖော်ပြလိုက်ပါသည်။
မိစန္ဒာလင်း (မွန်ပြည်နယ်ယဉ်ကျေးမှု ကိုယ်စားလှယ်အဖွဲ့)
မွန်ပြည်နယ် ယဉ်ကျေးမှု ကိုယ်စား လှယ်အဖွဲ့မှာ အဖွဲ့ဝင် ၃၄ ဦး ပါပါတယ်။ ဖျော်ဖြေရေးအနေနဲ့ “မွန်တို့အားမာန်” တေးသီချင်းနဲ့ ဖျော်ဖြေ ကြမှာဖြစ်ပါတယ်။ အခုလို ပြည်ထောင်စုနေ့မှာ ပါဝင် တက်ရောက် ဖျော်ဖြေခွင့်ရတဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်။ တိုင်းဒေသ ကြီးနဲ့ ပြည်နယ်အသီးသီးက လာကြတဲ့ တိုင်းရင်းသားပေါင်းစုံနဲ့ တွေ့ဆုံခွင့်ရတဲ့ အပြင် သူတို့ရဲ့ရိုးရာယဉ်ကျေးမှု၊ နေထိုင်မှုပုံစံတွေကိုပါ သိရှိလေ့လာခွင့် ရတဲ့အတွက် အသိပညာဗဟုသုတ များစွာရပါတယ်။ ကိုယ့်တိုင်းရင်းသား တွေရဲ့ အကြောင်းတွေကိုလည်း ပြန်လည်မျှဝေခွင့်ရတဲ့အတွက် ပျော်ရွှင် မိပါတယ်။ အဲဒီအပြင် နေပြည်တော် က အထင်ကရနေရာတွေကိုလည်း လေ့လာရေးခရီးစဉ်တွေအဖြစ် ပို့ဆောင် ပေးတဲ့အတွက် ဗဟုသုတများစွာ ရရှိခဲ့ပါ တယ်။ ပို့ဆောင်ပေးတဲ့ တာဝန်ရှိပုဂ္ဂိုလ် အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။
မယမင်းဆုထက်
(မန္တလေးတိုင်းဒေသကြီး ယဉ်ကျေးမှု ကိုယ်စားလှယ်အဖွဲ့)
(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားမှာ တစ်ဖက်တစ်လမ်းကနေ ပါဝင်ဖျော်ဖြေခွင့်ရတဲ့အတွက် ဝမ်းသာ ဂုဏ်ယူမိပါတယ်။ တိုင်းရင်းသားအစုံ အလင်ကို တစ်စုတစ်စည်းတည်း တွေ့ခွင့် ရတဲ့အပြင် ရိုးရာအကတွေကိုလည်း မြင်တွေ့ခွင့်ရတဲ့အတွက် အသိအမြင် ဗဟုသုတတွေ တိုးပွားစေပါတယ်။ ဒေသ အသီးသီးက တိုင်းရင်းသားပေါင်းစုံနဲ့ တစ်စုတစ်စည်းတည်း လေ့လာရေးခရီး တွေ သွားရောက်ရတဲ့ ပျော်ရွှင်မှုကို အမြဲအမှတ်ရနေမှာဖြစ်သလို သူတို့ရဲ့ စကားသံဝဲဝဲလေးတွေကိုလည်း သတိရ နေမှာ ဖြစ်ပါတယ်။
မထွန်းရတနာဦး (ရှမ်းပြည်နယ်
ယဉ်ကျေးမှုကိုယ်စားလှယ်အဖွဲ့)
ရှမ်းပြည်နယ် ယဉ်ကျေးမှုကိုယ်စား လှယ်အဖွဲ့အနေနဲ့ စုစုပေါင်း ၃၈ ဦး ပါပါတယ်။ ဖျော်ဖြေရေးအနေနဲ့ “ကမ္ဘောဇအလှ” ရှမ်းတေးသီချင်းနဲ့ ဖျော်ဖြေကြမှာဖြစ်ပါတယ်။ နေပြည်တော် ရဲ့ အထင်ကရနေရာတွေကို လိုက်ပို့ပေးတဲ့ အတွက်လည်း ဝမ်းသာပီတိဖြစ်မိပါတယ်။ အခုလို မတွေ့မမြင်ဖူးသေးတဲ့ အရာတွေ ကို သွားရောက်လေ့လာခွင့်ရတဲ့အတွက် စိတ်လှုပ်ရှားမိပါတယ်။ နက္ခတ်တာရာ ပြခန်းဆိုရင် တစ်ခါမှမမြင်ဖူးတဲ့အတွက် မြင်လိုက်ရတဲ့အချိန်မှာ အံ့ဩမိပါတယ်။ ဒေသအသီးသီးက တိုင်းရင်းသားတွေကို အခုလို စုံစုံညီညီ ဆုံတွေ့ခွင့်ရတဲ့အတွက် အတိုင်းမသိ ဝမ်းသာမိပါတယ်။
မယွန်းနေခြည် (မန္တလေးတိုင်းဒေသကြီး ယဉ်ကျေးမှုကိုယ်စားလှယ်အဖွဲ့)
မန္တလေးတိုင်းဒေသကြီး ယဉ်ကျေးမှု ကိုယ်စားလှယ်အဖွဲ့အနေနဲ့ “ပြည်ထောင်စု နေ့” သီချင်းနဲ့ ကပြဖျော်ဖြေမှာ ဖြစ်ပါ တယ်။ မြန်မာနိုင်ငံက တိုင်းရင်းသား စုံစုံလင်လင်ကို တစ်နေရာတည်းမှာ တွေ့ဆုံရတဲ့အတွက် ပျော်ရွှင်မိပါတယ်။ အဲဒီအပြင် တိုင်းရင်းသားညီအစ်ကို မောင်နှမတွေနဲ့ အတူတကွ နေပြည်တော် ရဲ့ အထင်ကရနေရာတွေကို လေ့လာခွင့် ရတဲ့အတွက် ဝမ်းသာမိပါတယ်။ အခုလို ဒေသအသီးသီးက တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေနဲ့ တွေ့ဆုံခွင့် ရချိန်မှာ တစ်ဦးနဲ့တစ်ဦး ရိုးရာယဉ်ကျေးမှု တွေ၊ ဓလေ့ထုံးထမ်းတွေကို အမြင်ချင်း ဖလှယ်ကြရင်း ရင်းနှီးမှု၊ ချစ်ခင်မှု၊ နားလည်မှုတွေ ရရှိခဲ့ပါတယ်။ ပြည်ထောင်စုစိတ်ဓာတ် ပိုမိုခိုင်မာရေး အတွက်လည်း အထောက်အကူဖြစ်မယ် လို့ ယုံကြည်ပါတယ်။
မသက်မာအောင်
(ရခိုင်ပြည်နယ်ယဉ်ကျေးမှုကိုယ်စားလှယ် အဖွဲ့)
ကျွန်မတို့ ရခိုင်ပြည်နယ် ယဉ်ကျေးမှု ကိုယ်စားလှယ်အဖွဲ့အနေနဲ့ စုစုပေါင်း ၂၈ ဦး ပါပါတယ်။ ကျွန်မတို့ရဲ့ ရိုးရာ ဖြစ်တဲ့ “အဇိန်ဇိပ်ကေ” ကစားနည်းအက သီချင်းနဲ့ ကပြဖျော်ဖြေမှာ ဖြစ်ပါတယ်။ အခုလို နိုင်ငံတော်အဆင့်အခမ်းအနားမှာ ပထမဆုံးအကြိမ် ပါဝင်ခွင့်ရတဲ့အတွက် ဝမ်းသာပီတိဖြစ်မိပါတယ်။ ဒီမှာ တိုင်းရင်း သားပေါင်းစုံနဲ့ တွေ့ရတဲ့အတွက်ကြောင့်မို့ လှိုက်လှိုက်လှဲလှဲ ဝမ်းသာကြည်နူးမိ ပါတယ်။ နေပြည်တော် ရောက်နေစဉ် မှာလည်း အထင်ကရနေရာတွေကို သွားရောက် လေ့လာခွင့်ရတဲ့အပြင် တိုင်းရင်းသား ဘာသာစကားတွေကို လည်း အချိန်တိုအတွင်းမှာ လေ့လာ ဖလှယ်ခွင့်ရတဲ့အတွက် နောင်နှစ်တွေ လည်း ကြုံချင်ပါတယ်။
သန်းမင်းအောင်၊ ဂျိုင်းလော (သတင်းစဉ်)၊ ဓာတ်ပုံ - ကိုကိုအေး