မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနများတွင် ဌာပနာတော် ထပ်မံထည့်သွင်း လှူဒါန်းပူဇော်နိုင်ရေး စေတနာရှင် အလှူရှင်များက လာရောက်လှူဒါန်းလျက်ရှိ

 

နေပြည်တော်  ဖေဖော်ဝါရီ  ၇


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ        နိုင်ငံတော်ဝန်ကြီးချုပ်     ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်   ဦးဆောင်သည့်   (၇)   ရက်သား၊   သမီး၊  ဘုရားဒါယကာ၊ ဒါယိကာမ တို့က        မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား  မြန်မာနိုင်ငံ တွင် ထေရဝါဒဗုဒ္ဓသာသနာတော်     ထွန်းလင်း       တောက်ပလျက် ရှိသည်ကို   ကမ္ဘာကို   ပြသရန်၊ တိုင်းပြည်အေးချမ်း   သာယာမှု ရှိစေရန်၊   ရုပ်ပွားတော်မြတ်ကြီး အား      ပြည်တွင်း၊    ပြည်ပ ဘုရားဖူးများ လာရောက်ခြင်းဖြင့် ဒေသတိုးတက်      စည်ကားမှုကို အထောက်အကူ     ဖြစ်စေရန်၊ နိုင်ငံတော်     ဖွံ့ဖြိုးတိုးတက်မှု အား  အထောက်အကူဖြစ်စေရန် ရည်သန်လျက်     ပြည်ထောင်စု နယ်မြေ   နေပြည်တော်  ဒက္ခိဏ သီရိမြို့နယ်အတွင်း၌   သာသနာ တော်ထုံး၊   ရုပ်ပွားဆင်းတုတော် ထုံး၊   မြန်မာ့ရိုးရာတည်ထုံးများ၊ ဌာပနာပုံကျမ်း၊   ဗိသုကာကျမ်း၊ မဟာဗုဒ္ဓဝင်ကျမ်း    အစရှိသော စာပေ    ကျမ်းဂန်များနှင့်အညီ တည်ဆောက်ပူဇော်လျက်ရှိသည်။ 

 


အဆိုပါ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး   ရတနာပလ္လင် တော်ထက် အလယ်ဗဟိုဌာနတွင် ဌာပနာတော် သွင်းလှူပူဇော်ခြင်း ကို ဇန်နဝါရီ ၂၇ ရက်တွင် ပြုလုပ် ခဲ့ပြီး (၇)ရက် သား၊ သမီး၊ ဘုရား ဒါယကာ၊         ဒါယိကာမများ၊ စေတနာရှင်၊      အလှူရှင်များ စုပေါင်းလှူဒါန်းထားသည့် ရွှေထည် ၁၀၄   ကျပ်သား   ၆  ပဲ  ၃ ရွေး၊ ကျောက်မျက်ရတနာပါ ရွှေထည် ပစ္စည်း ၂၀၀ ကျပ်သား ၁ ပဲ ၁ ရွေး၊ ကျောက်မျိုးစုံ   ၃   ကီလိုဂရမ် အပါအဝင်   ဗုဒ္ဓမြတ်စွာဘုရား၏ ဇာတာတော်များ၊   နိုင်ငံတကာမှ ငွေဒင်္ဂါးပြားများ၊ အဖိုးတန်ရွှေငွေ ကျောက်သံ       ပတ္တမြားများကို ဌာပနာသွင်းလှူပူဇော်နိုင်ခဲ့သည်။

 


ထို့ပြင်      ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး၏    ရတနာပလ္လင်တော် ထက်   အလယ်ဗဟိုဌာနများတွင် ထပ်မံထည့်သွင်း   လှူဒါန်းပူဇော် မည်ဖြစ်ပါသဖြင့်  ကုသိုလ်တော် ရေရှည်   တည်တံ့ခိုင်မြဲနိုင်မည့် အဖိုးတန်   ကျောက်မျက်ရတနာ များ    ဌာပနာကုသိုလ်ပြုနိုင်ရန် အတွက်     နိဗ္ဗာန်အကျိုးမျှော်၍ အသိပေးနှိုးဆော်ထားလျက်ရှိရာ (၇)ရက်သား၊    သမီး၊   ဘုရား ဒါယကာ၊ ဒါယိကာမများ၊ စေတနာ ရှင်၊   အလှူရှင်များက  ဝမ်းပန်း တသာ    ဆက်သွယ်၍   ဌာပနာ ကုသိုလ်များကို    တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးမှ တာဝန် ရှိသူများထံသို့    ထည့်ဝင်လှူဒါန်း လျက်ရှိကြပြီး      ယနေ့အထိ လှူဒါန်းမှုစုစုပေါင်းမှာ   ရွှေထည် ၁၀ ပိဿာ ၂ ကျပ်သား၊ ကျောက် မျက်ရတနာပါ    ရွှေထည်ပစ္စည်း ၅ ပိဿာ ၅၆ ကျပ်သား၊ ကျောက် မျိုးစုံ ၇၉ ပိဿာ ၂၅ ကျပ်သား၊ ဓာတ်တော်မွေတော်၊     ပုလဲနှင့် ငွေထည်ပစ္စည်းများ၊ ဘွဲ့တံဆိပ်များ နှင့် အလှူငွေကျပ် ၇၆၀၉၀၂၈၀၀ တို့ကို    လာရောက်လှူဒါန်းခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

 


(၇)ရက် သား၊ သမီး၊ ဘုရား ဒါယကာ၊      ဒါယိကာမများ၊ စေတနာရှင်၊ အလှူရှင်များ အနေ ဖြင့်   မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနများတွင် ဌာပနာ တော်  ထပ်မံထည့်သွင်း သွင်းလှူ ပူဇော်လိုပါက     နေပြည်တော် ကောင်စီနယ်မြေ      အပါအဝင် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တာဝန်ရှိသူများ ထံသို့ ဖေဖော်ဝါရီလ ၈ ရက်နေ့ အထိ ဆက်သွယ်စုံစမ်း လှူဒါန်း နိုင်ပါကြောင်းနှင့် အဆိုပါ ၈ ရက် နေ့နောက်ပိုင်းတွင်       ကြိုတင် ပြင်ဆင်ရန် လုပ်ငန်းများရှိပါသဖြင့် အဖိုးတန်   ကျောက်မျက်ရတနာ များ၊ ဌာပနာပစ္စည်းများကို လက်ခံ ခြင်းမရှိတော့ဘဲ လှူဒါန်းငွေများကို သာ လက်ခံသွားမည်ဖြစ်ကြောင်း    နိဗ္ဗာန်အကျိုးမျှော်၍ အသိပေး နှိုးဆော်အပ်ပါသည်။  

သတင်းစဉ်