နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးသင်တန်း အမှတ်စဉ်(၁၂)နှင့် အဆင့်မြင့်အရာထမ်းသင်တန်းအမှတ်စဉ်(၁၃) သင်တန်းဖွင့်ပွဲများကျင်းပ

 

နေပြည်တော်  ဖေဖော်ဝါရီ   ၇


နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက် မြန်မာပြည်) ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးသင်တန်း အမှတ်စဉ် (၁၂)နှင့်   အဆင့်မြင့်အရာထမ်း သင်တန်းအမှတ်စဉ်  (၁၃)  တို့၏ သင်တန်းဖွင့်ပွဲ    အခမ်းအနားများ ကို   ဖေဖော်ဝါရီ  ၆  ရက် နံနက်  ၈   နာရီက       အဆိုပါတက္ကသိုလ်   နီလာခန်းမ၌ ကျင်းပသည်။

 


အခမ်းအနားသို့ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ   ဦးစစ်အေး၊ ပြည်ထောင်စု   ရာထူးဝန်အဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ်၊       နိုင်ငံ့ ဝန်ထမ်းတက္ကသိုလ်    (အထက် မြန်မာပြည်)မှ  ပါမောက္ခချုပ်နှင့် ဒုတိယ       ပါမောက္ခချုပ်များ၊ တက္ကသိုလ်   သင်ကြားစီမံဌာန များမှ      တာဝန်ရှိသူများနှင့် သင်တန်းသား  သင်တန်းသူများ တက်ရောက်ကြသည်။ 

 


အပြန်အလှန် ဆွေးနွေးကြရန်


ရှေးဦးစွာ     ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌက   သင်တန်း ဖွင့်အမှာစကား        ပြောကြား ရာတွင် ဝန်ကြီးဌာန နှင့်     အဖွဲ့အစည်းအသီးသီးက ပြည်ထောင်စုအဆင့်   ဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် အဆင့်မြင့် အရာရှိကြီးများ၊   ပြင်ပကျွမ်းကျင် ပညာရှင်များ၊    နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်မှ   ပါမောက္ခချုပ်နှင့် ဆရာကြီး၊    ဆရာမကြီးများက ခေါင်းဆောင်များအတွက် လိုအပ် သော ခေါင်းဆောင်မှုဘာသာရပ်၊    ဝန်ထမ်းရေးရာစီမံခန့်ခွဲမှု၊ နိုင်ငံ့ ဝန်ထမ်းဥပဒေ၊ နည်းဥပဒေတို့ကို ၎င်းတို့၏ အတွေ့အကြုံနှင့် ပညာ ရပ်ပိုင်းဆိုင်ရာ     ရှုထောင့်တို့မှ ပို့ချဆွေးနွေးပေးမည်ဖြစ်၍ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံခွင့်ရသည့် အခိုက်အတန့်တွင် အပြန်အလှန် ဆွေးနွေးလေ့လာကြရန် တိုက်တွန်း လိုပါကြောင်း ပြောကြားသည်။

 


ရှစ်ပတ်ကြာမြင့်မည်


ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးသင်တန်း အမှတ်စဉ်(၁၂)သို့ ဝန်ကြီးဌာနအသီးသီးမှ သင်တန်း သား ၁၄ ဦး၊ သင်တန်းသူ သုံးဦး စုစုပေါင်း ၁၇ ဦးနှင့် အဆင့်မြင့် အရာထမ်းသင်တန်း   အမှတ်စဉ် (၁၃)သို့   သင်တန်းသား  ၂၃ ဦး၊ သင်တန်းသူ ၁၆ ဦး စုစုပေါင်း ၃၉ ဦး တက်ရောက်ကြပြီး သင်တန်း ကာလမှာ ဖေဖော်ဝါရီ  ၆  ရက်မှ မတ်   ၃၁  ရက်အထိ   ရက်သတ္တ ရှစ်ပတ် ကြာမြင့်မည်ဖြစ်သည်။

 


ထို့နောက်     ပြည်ထောင်စု ရာထူးဝန်အဖွဲ့       ဥက္ကဋ္ဌသည်  တက္ကသိုလ်ရှိ         အရာထမ်း၊ အမှုထမ်းများနှင့်     တွေ့ဆုံကာ နိုင်ငံ့ဝန်ထမ်းများ၏   စိတ်ဓာတ် ခံယူချက် မြင့်မားရေး၊ စည်းကမ်း ပြည့်ဝရေး၊        အရည်အသွေး တိုးတက်        မြင့်မားရေးတို့နှင့်    စပ်လျဉ်း၍       သြဝါဒစကား   ပြောကြားပြီး တက္ကသိုလ်အတွင်း    လေ့ကျင့်သင်ကြားနေမှု၊   စိုက်ပျိုး ထားရှိသည့် နှစ်ရှည်ပင်၊ စျေးကွက် ဝင် နှစ်လတ်ပင်နှင့် ရာသီသီးနှံ များ စိုက်ပျိုးထားရှိမှုနှင့်   တစ်ပိုင် တစ်နိုင် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို   ကြည့်ရှု စစ်ဆေးသည်။


သတင်းစဉ်