ပြည်သူ့ကြားက ပြည်သူ့စကားအစီအစဉ် ထုတ်လွှင့်မည်

 

နေပြည်တော်   ဖေဖော်ဝါရီ    ၇
မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့်   အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ  ကိစ္စရပ်များနှင့် ပတ်သက်၍  ပရိသတ်များ၏ ရင်တွင်းခံစားချက်စကားသံများအား   သဇင် FM ၏ “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “စစ်ကိုင်း တိုင်းဒေသကြီး  အရာတော်မြို့နယ် သလဲဘာကျေးရွာအား PDF အမည်ခံအကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီး၊  လက်နက်ငယ် များဖြင့် ပစ်ခတ်မှုကြောင့် ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူပြီး အပြစ်မဲ့ ပြည်သူ ရှစ်ဦး သေဆုံး၊ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိ”ခေါင်းစဉ်ဖြင့်   ဖေဖော်ဝါရီ  ၈  ရက်  မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်သည်။
လာမည့်အပတ်  ဗုဒ္ဓဟူးနေ့   မွန်းလွဲ   ၁  နာရီတွင် “နိုင်ငံပိုင် အဆောက်အဦများအား KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူ များနှင့် PDF အမည်ခံအကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့မှု” ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ဆက်မည်ဖြစ်သောကြောင့် ပါဝင်ဆွေးနွေး လိုသူ ပရိသတ်များအနေဖြင့် အပတ်စဉ် ကြာသပတေးနေ့ နံနက် ၁၀ နာရီမှ  ၁၁  နာရီ အတွင်း ဖုန်းနံပါတ် ၀၉-၈၉၉၀၉၉၅၉၅ သို့  အမည်၊   နေရပ်လိပ်စာ၊ အလုပ်အကိုင်နှင့်    ပြန်လည်ဆက်သွယ်ရမည့်    ဖုန်းနံပါတ်တို့ကို Message ပေးပို့ပါဝင်နိုင်ပြီဖြစ်ကြောင်းနှင့် ပါဝင် လာသည့် ပရိသတ်များ၏  ဖုန်းနံပါတ်များနှင့်   ကိုယ်ရေးအချက် အလက်များအား လျှို့ဝှက်ပေးထားမည်ဖြစ်ကြောင်း သိရသည်။                            
သတင်းစဉ်