
နေပြည်တော် ဖေဖော်ဝါရီ ၄
ရှမ်းပြည်နယ်အတွင်းရှိ (မူလ)မင်းကွန်း ဇေတဝန် သာသနာ့မာရ်အောင် ကမ္မဋ္ဌာန်းတိုက်များ၏ (၅၇)ကြိမ်မြောက် မဟာသတိပဋ္ဌာန် ဓမ္မသဘင်ညီလာခံနှင့် လင်းခေးကမ္မဋ္ဌာန်းတိုက်၏ (၇၅) နှစ်ပြည့် စိန်ရတု အထိမ်းအမှတ် တရားပွဲအခမ်းအနားကို ယနေ့နံနက် ပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးမြို့ရှိ (မူလ)မင်းကွန်းဇေတဝန် သာသနာ့မာရ်အောင် ကမ္မဋ္ဌာန်းတိုက်၌ ကျင်းပရာ ရှမ်းပြည်နယ်အတွင်းရှိ (မူလ)မင်းကွန်းဇေတဝန် သာသနာ့မာရ်အောင် ကမ္မဋ္ဌာန်း ကျောင်းတိုက် ၃၆ တိုက်မှ ဆရာတော်ကြီး များ ကြွရောက်တော်မူကြပြီး အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ ကမ္မဋ္ဌာန်းတိုက်အသီးသီးမှ ကိုယ်စား လှယ်များ၊ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များမှ ရှမ်းတိုင်းရင်းသားများ၊ ဒေသခံတိုင်းရင်းသားများနှင့် စေတနာရှင် အလှူရှင်များ တက်ရောက်ကြသည်။
ဦးစွာ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ ရှမ်းပြည်နယ်သံဃာ့အဖွဲ့ချုပ် သတ္တမမြောက် မဟာနာယက သက်တော်ရှည် ဆရာတော်ဘုရားကြီး အဂ္ဂမဟာ ဇောတိကဓဇ ဘဒ္ဒန္တအဂ္ဂသေန၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက (၅၇) ကြိမ်မြောက် မဟာသတိပဋ္ဌာန် ဓမ္မသဘင်ညီလာခံနှင့် လင်းခေးကမ္မဋ္ဌာန်းတိုက်၏ (၇၅)နှစ်ပြည့် စိန်ရတုအထိန်းအမှတ် တရားပွဲအခမ်း အနားဆိုင်းဘုတ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြ သည်။
ထို့နောက် ဆရာတော်၊ သံဃာတော်ကြီးများ၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ရှမ်းတိုင်းရင်းသားတို့ ၏ ရိုးရာယဉ်ကျေးမှုများနှင့် တိုင်းရင်းသားလူနေမှုပုံစံ သမိုင်းဝင်ပြခန်းများကို လှည့်လည်ကြည့်ရှုကြသည်။
ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူ များက ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ ရှမ်းပြည်နယ် သံဃာ့အဖွဲ့ချုပ် သတ္တမမြောက် မဟာနာယက သက်တော်ရှည် ဆရာတော်ဘုရားကြီး အမှူးပြုသော သံဃာတော်များကို လှူဖွယ်ပစ္စည်း များ၊ အလှူငွေများနှင့် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်း ကြသည်။
အဆိုပါ ရှမ်းပြည်နယ်အတွင်းရှိ (မူလ)မင်းကွန်း ဇေတဝန်သာသနာ့မာရ် အောင် ကမ္မဋ္ဌာန်းတိုက်များ၏ (၅၇) ကြိမ်မြောက် မဟာသတိပဋ္ဌာန်ဓမ္မသဘင်ညီလာခံ ကို ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များ၌ တစ်နှစ်လျှင် တစ်ကြိမ် မြို့နယ်တစ်မြို့နယ်စီ အလှည့်ကျစနစ်ဖြင့် နှစ်စဉ်ကျင်းပလျက်ရှိပြီး ဗုဒ္ဓဘာသာနေလပမာ ထွန်းလင်းစေရန်ရည်ရွယ်ကာ မြတ်စွာဘုရားရှင်ဟောကြားတော်မူသော တရားတော်များနှင့် ကမ္မဌာနာစရိယတရားတော်များကိုလည်း တစ်နှစ် လျှင် တစ်ကြိမ် နှစ်စဉ်ပြန်လည်ညှိနှိုင်း ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ သတင်းစဉ်