မန္တလေးမြို့ မဟာမုနိဘုရားကြီး (၆၄) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် စာရေးတံမဲနှင့် ဆွမ်းတော်ကြီး လောင်းလှူပွဲ ကျင်းပ

 

နေပြည်တော် ဖေဖော်ဝါရီ  ၄


မန္တလေးတိုင်းဒေသကြီး မန္တလေး မြို့ မဟာမုနိဘုရားကြီး (၆၄)ကြိမ် မြောက် ဗုဒ္ဓပူဇနိယပွဲတော် စာရေး တံမဲနှင့်   ဆွမ်းတော်ကြီးလောင်း လှူပွဲကို   ယနေ့နံနက်ပိုင်းတွင် မဟာမုနိဘုရားကြီး ရင်ပြင်တော်ရှိ မိုးကောင်းဓမ္မာရုံ၌   ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး  သံဃာ နာယကအဖွဲ့    ဥက္ကဋ္ဌ(ရွှေကျင်)ပတ္တမြား          ကျောင်းတိုက် ဆရာတော်   အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ပညာဇောတဘိဝံသ  အမှူး ပြုသော        သံဃာတော်များ ကြွရောက်တော်မူကြပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးမောင်ကို၊  မန္တလေးတိုင်းဒေသ ကြီး   ဝန်ကြီးချုပ်  ဦးမျိုးအောင်၊ အလယ်ပိုင်း  တိုင်းစစ်ဌာနချုပ် တိုင်းမှူး   ဗိုလ်ချုပ်      ကိုကိုဦး၊ တိုင်းဒေသကြီး  အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊   အလှူရှင်များ၊   လူမှုရေး အသင်းအဖွဲ့များ၊ ဘုရားဖူးပြည်သူ များ တက်ရောက်ကြသည်။

 


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်ကို၊ တိုင်းဒေသကြီး   ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်   အဖွဲ့ဝင်များသည် မဟာမုနိ   ရုပ်ရှင်တော်မြတ်ကြီး အား   ဖူးမြော်ကြည်ညိုပြီး   ရွှေ သင်္ကန်းများ ဆက်ကပ်လှူဒါန်းကြ သည်။ ထို့နောက်  မန္တလေးတိုင်း ဒေသကြီး  သံဃာနာယကအဖွဲ့ ဥက္ကဋ္ဌ(ရွှေကျင်) ပတ္တမြားကျောင်း တိုက်ဆရာတော်ကြီး   အမှူးပြု သော     သံဃာတော်များအား အရုဏ်ဆွမ်း   ဆက်ကပ်လှူဒါန်း ကြသည်။

 


ယင်းနောက်   (၆၄)  ကြိမ် မြောက် ဗုဒ္ဓပူဇနိယပွဲတော် စာရေး တံမဲနှင့် ဆွမ်းတော်ကြီး လောင်း လှူပွဲကို   ဆက်လက်ကျင်းပရာ နိုင်ငံတော်        စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်   ဦးမောင်ကို၊ တိုင်းဒေသကြီး     ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်    တက်ရောက်လာ ကြသူများက ပတ္တမြားကျောင်း တိုက်   ဆရာတော်ထံမှ   ငါးပါး သီလခံယူ     ဆောက်တည်ကြပြီး နိုင်ငံတော်        စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်  ဦးမောင်ကိုက သာသနာရေး      ဆိုင်ရာများ လျှောက်ထားကာ ဆရာတော်ကြီး များထံမှ ဩဝါဒခံယူသည်။

 


ဆက်လက်၍ ဆရာတော်ကြီး များအား သင်္ကန်းနှင့်   ဝတ္ထုငွေ များ   ဆက်ကပ်လှူဒါန်းကြပြီး ကြွရောက်လာကြသည့် ဆရာတော် ကြီးများနှင့် ပင့်သံဃာ ၁၁၁ ပါး တို့အား  သင်္ကန်း၊   ဝတ္ထုငွေနှင့် စာရေးတံမဲများ ၊ ဆွမ်းသပိတ်များ ဆက်ကပ်  လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။        

သတင်းစဉ်