ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ကုသိုလ်ဖြစ် အခမဲ့ဆေးခန်းဖွင့်

 

ရန်ကုန်  ဖေဖော်ဝါရီ  ၃ 


ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ကုသိုလ်ဖြစ် အခမဲ့ဆေးခန်းဖွင့်ပွဲနှင့်  ပထမအကြိမ်ဝန်ထမ်းမိသားစု ထမနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီ  ၂ ရက် နံနက် ၇ နာရီက စေတီတော် ရင်ပြင်တော်၌ ကျင်းပသည်။     

 


ဦးစွာ ကုသိုလ်ဖြစ် အခမဲ့ဆေးခန်းအား မြို့နယ်ဥက္ကဋ္ဌနှင့် ဂေါပက အဖွဲ့ဝင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ကြပြီး ဆေးခန်းအတွင်း လှည့်လည် ကြည့်ရှုကြသည်။ “ရင်ပြင်တော်  အဆောင် (၂) မှာ ဆေးခန်းသီးသန့် လုပ်တာပါ။  အရင်ကတည်းက ကုသိုလ်ဖြစ်ဆေးခန်း  ရှိပါတယ်။ ရင်ပြင်မှာ သီးခြားဆောက်ပြီး ယနေ့စတင်ဖွင့်လှစ်တာပါ။ ဝန်ထမ်းများ၊ ဘုရားဖူးလာပြည်သူများ၊ မည်သူမဆို အခမဲ့ကုသပေးသွားမှာ ဖြစ်ပါ တယ်။ ဆေးခန်းဖွင့်ချိန်က ဘုရားဖွင့်ချိန်မှ ညနေအထိ ဖြစ်ပါတယ်”ဟု ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင် ဦးတင်ရှိန်က ပြောသည်။ 

 


ထို့နောက် ပထမအကြိမ် ဝန်ထမ်းမိသားစု ထမနဲထိုးပြိုင်ပွဲကျင်းပခဲ့ ပြီး ဆုရရှိသော ဌာနစိတ်မှ ဝန်ထမ်းများအား ခရိုင်ဥက္ကဋ္ဌ ဦးအောင်လွင်နှင့် အဖွဲ့ဝင်များက ငွေသားဆုများ ချီးမြှင့်ကြကြောင်း သိရသည်။

အာကာလင်း