
နေပြည်တော် ဖေဖော်ဝါရီ ၃
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်မှာကြားချက်အရ ထိုင်း နိုင်ငံတွင် ရောက်ရှိနေပြီး အကြောင်း အမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို့ပြန်လာရန် အခက် အခဲကြုံတွေ့ခဲ့ရသော နေရပ်ပြန် မြန်မာနိုင်ငံသား ၆၇၉ ဦးတို့ကို ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် မိမိနေအိမ်များသို့ အမြန်ပို့ဆောင် ပေးရန်နှင့် အလှမ်းဝေးသည့် နေရပ်များသို့ တပ်မတော်(ရေ)မှ စစ်ရေယာဉ်ကြီးများဖြင့် ပို့ဆောင် ပေးရန် လုပ်ငန်းစဉ်များကို ဆက်လက် ဆောင်ရွက်လျက် ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၂ ရက် ညနေပိုင်းတွင် ကော့သောင်းမြို့သို့ ရောက်ရှိနေ သောနေရပ်ပြန် မြန်မာနိုင်ငံသား ၆၇၉ ဦးအနက် တနင်္သာရီတိုင်း ဒေသကြီးအတွင်း နေထိုင်သူ နေရပ်ပြန်များကို ကော့သောင်း မြို့မှတစ်ဆင့် မော်တော်ယာဉ်များ ဖြင့် သက်ဆိုင်ရာမြို့နယ်များသို့ ဆက်လက် ပို့ဆောင်ပေးသည်။ ယနေ့ နံနက်ပိုင်းတွင်လည်း ကော့သောင်းမြို့၌ ရောက်ရှိနေ သော ရန်ကုန်တိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့မှ နေရပ်ပြန် မြန်မာနိုင်ငံသား ၁၇၀ ကို တပ်မတော် (ရေ)မှ စစ်ရေယာဉ် (ကျန်စစ်သား)ဖြင့် တင်ဆောင်၍ ၎င်းတို့အနက် မွန်ပြည်နယ်မှ ၅၂ ဦးကို မော်လမြိုင်မြို့သို့ ပြောင်းရွှေ့ ပို့ဆောင်ပေးမည်ဖြစ်ပြီး ကျန်ရှိ သည့် နေရပ်ပြန်များအား ရန်ကုန် မြို့သို့ ဆက်လက်ပို့ဆောင်ပေး သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် ဝေးလံသော ရခိုင် ပြည်နယ်မှ နေရပ်ပြန် ၁၁၁ ဦးကို တပ်မတော်(ရေ)မှ စစ်ရေယာဉ် (အနော်ရထာ)ဖြင့် စစ်တွေမြို့ နှင့် ကျောက်ဖြူမြို့များမှတစ်ဆင့် သက်ဆိုင်ရာမြို့များ အသီးသီး သို့ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် မိသားစုများနှင့် အမြန်ပြန်လည် တွေ့ဆုံနိုင်စေရန် ပို့ဆောင်ပေး မည်ဖြစ်ကြောင်း သိရှိရသည်။
စစ်ရေယာဉ်များ ပေါ်တွင် လိုက်ပါလာသော နေရပ်ပြန် မြန်မာနိုင်ငံသားများကို စနစ် တကျ နေရာချထားပေးပြီး အာဟာရပြည့် စားသောက်ဖွယ်ရာ များ ကျွေးမွေး၍ ကိုယ်လက် လေ့ကျင့်ခန်းများ ဆောင်ရွက်စေ ခြင်း၊ (အောက်ပုံ) ရေယာဉ်ပေါ်တွင် ကျန်းမာရေးဆိုင်ရာ စောင့်ရှောက် မှုများ အနီးကပ်ဆောင်ရွက်ပေး ခြင်း၊ ဖျော်ဖြေရေး အစီအစဉ်များ နှင့် ရုပ်ရှင်များ ပြသပေးခြင်းတို့ကို ဆောင်ရွက်ပေးသည်။
အဆိုပါ ထိုင်းနိုင်ငံရောက် နေရပ်ပြန် မြန်မာနိုင်ငံသားများ ၏ အမိမြေသို့ ဝမ်းပန်းတသာအောင်မြင်စွာရောက်ရှိခဲ့မှုအပေါ်ယခုကဲ့သို့ ကြားသိရသည်-
နေရပ်ပြန်ပြည်သူတစ်ဦး
Facebook ပေါ်က အဆက် အသွယ်နဲ့ ထိုင်းနိုင်ငံမှာ အလုပ် သွားလုပ်ရမယ်၊ ဝင်ငွေကောင်း ကောင်းရမယ်ဆိုလို့ ကျွန်မအလုပ် သွားလုပ်ခဲ့ပါတယ်။ ကျွန်မတို့ အစားအသောက်ကလည်း အရမ်း ကို ဒုက္ခရောက်ပါတယ်။ ရေချိုး ရတာလည်း အဆင်မပြေပါဘူး။ ယောကျ်ားလေးတွေ ဆိုရင် ပိုဆိုးပါတယ်။ ခြေထောက်တွေမှာ ဝဲတွေပေါက်တယ်။ ဗိုက်တွေမှာ ဝဲတွေပေါက်တယ်။ ဒီလိုအချိန်မှာ အလွန်ကို အိမ်ပြန်ချင်တာပေါ့ နော်။ မြန်မာဆိုပြီးတော့လည်း အလွန်ကိုလည်း နှိမ်ခဲ့ပါတယ်။ ကျွန်မတို့ရဲ့ ပြန်ချင်တဲ့ဒုက္ခတွေ၊ သောကတွေကို မျှဝေခံစားပေးတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ကျေးဇူးကြောင့်လည်း ကျွန်မတို့ အခုလို ပြန်ရောက်လာခဲ့တာ ပေါ့နော်။ ဗိုလ်ချုပ်မှူးကြီးကို အလွန်လည်း ကျေးဇူးတင်ပါတယ်။ ဒီနေရာကနေ လက်ဆယ်ဖြာ ထိပ်မှာမိုး ရှိခိုးကန်တော့ပါတယ်။ ကိုယ့်ရပ်ကိုယ့်ရွာကို ပြန်ရောက် ရင်လည်း ရှိတဲ့အလုပ်လေးလုပ် ပြီးတော့ အဆင်ပြေအောင်နေသွား ပါမယ်။ နောက်တစ်ခါလည်း နိုင်ငံ ခြားကို ပြန်မသွားတော့ပါဘူး။ ပြန်သွားဖို့အစီအစဉ်လည်း မရှိ တော့ပါဘူး။ ကျွန်မတို့အနေနဲ့ ကိုယ်တတ်တဲ့ ပညာနဲ့ နိုင်ငံတော် ကို အကျိုးပြုသွားမယ်လို့လည်း ကတိပြုပါတယ်။ ကျွန်မတို့ရဲ့ သောကတွေ၊ ဒုက္ခတွေကို ဝေမျှ ခံစားပေးတဲ့ နိုင်ငံတော်အကြီးအကဲ တွေကိုလည်း ကျေးဇူးတင်ပါ တယ်။
နေရပ်ပြန်ပြည်သူတစ်ဦး
ဟိုမှာနေရတာတော့ သိပ် အဆင်မပြေဘူး။ အိပ်တာလည်း အခင်းလည်းမရှိဘူး။ အထက် ကလည်း ခြုံစရာလည်းမရှိဘူး။ ကျန်းမာရေး အတွက်တွေ လည်း စိုးရိမ်ရတယ်။ ကိုယ်က ကျန်းမာရေးကောင်းတော့ ကိစ္စ မရှိဘူး။ သူများတွေအတွက် တော့စိတ်မကောင်းဘူး။ စားရတာ လည်း အဆင်မပြေဘူး။ ထမင်း လည်း နည်းနည်းလေးပဲ ဟင်း လည်း နည်းနည်းလေးပဲ။ ကြက်သားဟင်းလည်း နည်းနည်း လေးပဲ။ ဘယ်အချိန်ပြန်ရ မလဲဆိုတာ မသိဘူး။ လတ် တလောပြန်ရမယ်ဆိုတာ သိလိုက် ရတော့ အလိုလိုဝမ်းမြောက်မိ တယ်။ ဝမ်းလည်းသာတယ်။ အိမ်ပြန်ချင်လွန်းလို့ မိသားစုနဲ့ လည်း တွေ့ချင်တယ်။
နေရပ်ပြန်ပြည်သူတစ်ဦး
ကျွန်မရွာမှာလည်း အလုပ် အကိုင်မရှိလို့ ထိုင်းကို တက်ပါ တယ်။ ဆွေမျိုးတွေကခေါ်လို့ ယခုလမ်းမှာ အဖမ်းခံရပါ တယ်။ အချုပ်ထဲမှာ ခြောက်လ ကျော်ကျော် နေခဲ့ရပါတယ်။ ကျန်းမာရေးကလည်း သိပ် မကောင်းပါဘူး။ အစားအသောက် ကလည်း အဆင်မပြေဘူး။ အဲဒီမှာ နေရတာလည်း ဘယ်လိုမှအဆင် မပြေဘူး။ အဝတ်တွေကလည်း ပေါက်တဲ့သူတွေပေါက်။ ရေချိုး ရတာလည်း အဆင်မပြေဘူး။ ကျွန်မလည်း ဘယ်နေ့လာခေါ် မလဲလို့ မျှော်လင့်နေတယ်။ တစ်ခါလာလည်း ကျွန်မတို့မပါ ဘူး။ ခြောက်လကျော်ကျော် နေခဲ့ ရတယ်။ အခုမှ လွတ်မြောက်လာ တယ်။ မောင်လေးကိုလည်း မျှော်လင့်တယ်။ မောင်လေးပါ မလားလို့မျှော်လင့်တယ်။ အတူတူ ပြန်ချင်တယ်။ ယခုကျွန်မကို လာခေါ်တဲ့အချိန်မှာ ပျော်တယ်။ နေလို့လည်းမရဘူး။ စားလို့လည်း မရဘူး။ မအိပ်ဘဲနဲ့ ထိုင်နေတယ်။ ကျွန်မတို့ကို လွတ်မြောက်အောင် လုပ်ပေးတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အထူးပဲ ကျေးဇူးတင်ပါတယ်။
နေရပ်ပြန်ပြည်သူတစ်ဦး
ကျွန်တော်အချုပ်ထဲမှာ ၄ / ၅ လလောက် နေခဲ့ရတယ်။ တော်တော် စိတ်ဆင်းရဲရတယ်။ တော်တော်ဆိုးပါတယ်။ အချုပ် အခြေအနေကတော့။ စားရေး သောက်ရေးကတော့ လုံးဝအဆင် မပြေပါဘူး။ ထမင်းကနည်းနည်း လေးပဲစားရပါတယ်။ ရေချိုးရတာ လည်း အဆင်မပြေပါဘူး။ လေးခွက် ငါးခွက် အဲ့လောက်ပဲ ချိုးရပါတယ်။ အခန်းသေးလေး တစ်ခန်းကို လူ ၁၈၀/ ၁၉၀ ထည့်ထားပါတယ်။ ဘယ်လိုမှ အဆင်မပြေပါဘူး။ ညဆိုလည်း အိပ်လို့မရပါဘူး။ ညဆိုတစ်ညလုံး ထိုင်နေရပါတယ်။ တော်တော်ဆိုး ပါတယ်။ တော်တော်လည်း စိတ်ဆင်းရဲရပါတယ်။ အဲဒီအထဲ မှာနေရတာ။ ကျန်းမာရေး တစ်ခုခုဖြစ်ရင်လည်း တော်တော် ဆိုးပါတယ်။ ဆေးဝါးတွေလည်း မရဘူး။ ကိုယ်ဖြစ်ကိုယ်ခံလိုက် အဲဒီလိုပါပဲ။ အသက်ဆုံးရှုံးရတာ အများကြီးရှိပါတယ်။ တော်တော် ဝမ်းနည်းရပါတယ်။ တော်တော် ဆိုးပါတယ်။ ခုလိုမမျှော်လင့်ပဲ နေရပ် ပြန်ရမယ်ဆိုတော့ တော်တော်ဝမ်းသာပါတယ်။ ပီတိ ဖြစ်ရပါတယ်။ ကျွန်တော်တို့ပြန် ရမယ်ဆိုတာ သိရတဲ့အချိန်မှာ အိပ်တောင် အိပ်မပျော်ပါဘူး။ တစ်ညလုံး ထိုင်စောင့်နေကြပါ တယ်။ တအားပျော်သလို တအား ဝမ်းသာပါတယ်။ ဒီလိုပြန်ရဖို့ အတွက် စီစဉ်ပေးတဲ့အတွက် တအားဝမ်းသာပါတယ်။ အစစ အရာရာ စီစဉ်ပေးတဲ့အတွက် ဒီကအစ်ကိုတွေရော၊ အကြီး အကဲတွေရော ကျေးဇူးတင်ပါ တယ်။
သတင်းစဉ်