ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ရွှေသံလွင်မီဒီယာကုမ္ပဏီလီမိတက် SKYNET ရုပ်သံထုတ်လွှင့်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုအားပေး

 

ရန်ကုန်   ဖေဖော်ဝါရီ   ၃


ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်ရှိ ရွှေသံလွင် မီဒီယာကုမ္ပဏီလီမိတက် SKYNET ရုံးချုပ်တွင် Myanmar International Radio   နှင့်   SKYNet TV   အစီအစဉ်ထုတ်လွှင့်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။

 


ရှေးဦးစွာ      ပြည်ထောင်စု ဝန်ကြီးအား  ရွှေသံလွင်ကုမ္ပဏီမှ ဦးမင်းမင်းနှင့်  ဦးတင်ဆန်းတို့က Myanmar International Radio ကို FM စနစ်ဖြင့်  နေ့စဉ်  နံနက် ၆ နာရီမှ ည ၁၂ နာရီအထိ   နေ့စဉ် ၁၈ နာရီ ထုတ်လွှင့်နေမှု  အခြေ အနေ၊    ဝန်ထမ်းရေးရာများနှင့် အုပ်ချုပ်မှုဆိုင်ရာများကို ရှင်းလင်း တင်ပြကြရာ    ပြည်ထောင်စု ဝန်ကြီးက  ပြန်လည်ဆွေးနွေးပြီး  MIR Studio  အတွင်းရှိ  လုပ်ငန်း ဆောင်ရွက်မှုများကို    လိုက်လံ ကြည့်ရှုရာ    တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။

 


ထို့နောက်     ပြည်ထောင်စုဝန်ကြီးနှင့်  အဖွဲ့သည် Myanmar International Radio  တွင် စတူ ဒီယို(A)၊ စတူဒီယို(B)၊   အသံပိုင်း ဆိုင်ရာ   စတူဒီယို၊   အသံသွင်း စတူဒီယိုနှင့်   အသံတည်းဖြတ်မှု စတူဒီယိုတို့၏   လုပ်ငန်းဆောင် ရွက်နေမှုတို့ကို ကြည့်ရှုသည်။

 


ယင်းနောက်     ရွှေသံလွင် ကုမ္ပဏီလီမိတက်မှ        ဒါရိုက်တာ ဦးတင်ဆန်းက ကုမ္ပဏီ၏ သမိုင်း ကြောင်းနှင့်   လက်ရှိဆောင်ရွက် နေမှုတို့ကို      ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက  MIR FM အနေဖြင့်    ပြည်တွင်းမှ   ပကတိ အခြေအနေ    သတင်းမှန်များကို အင်္ဂလိပ်ဘာသာပြန်ဆို၍   ထုတ် လွှင့်တင်ဆက်မှုကို ယခုထက် ပိုမို လျင်မြန်ထိရောက်စွာဖြင့်  ထုတ် လွှင့်တင်ဆက်နိုင်ရေး၊    သတင်း မှန်များကို    မီဒီယာကျင့်ဝတ် နှင့်အညီ   လျင်မြန်စွာ   ထုတ်လွှင့် နိုင်မှုဖြင့်  သတင်းတု၊ သတင်းမှား၊ သတင်းယောင်    ထုတ်လွှင့်နေမှု များအား တုံ့ပြန်ရှင်းလင်းနိုင်ရေး၊  ပြည်သူတို့၏   သတင်းသိရှိပိုင်ခွင့် အပေါ်   နိုင်ငံနှင့်   နိုင်ငံသားတို့၏ အကျိုးကို  ရှေးရှု၍  စိတ်ကောင်း စေတနာဖြင့်  ကြိုးစားဖြည့်ဆည်း ဆောင်ရွက်ပေးရေးတို့နှင့် စပ်လျဉ်း ၍ မှာကြားသည်။

 


ရွှေသံလွင် ကုမ္ပဏီလီမိတက် သည် MIR FM ထုတ်လွှင့်၍ ပြည်သူ ကို      ဝန်ဆောင်မှုပေးခဲ့သည်မှာ ၂၀၂၃    ခုနှစ်    ဇွန်  ၁  ရက်တွင်  ၅ နှစ်တာကာလသို့  ဝင်ရောက်ခဲ့ ပြီဖြစ်ပြီး   ရွှေ  FM   ရေဒီယိုအဖြစ် နာဂစ်ကာလမှ   စတင်ထုတ်လွှင့် ခဲ့သည်။   တီဗွီချန်နယ်အပိုင်းတွင် ၂၀၁၀   ပြည့်နှစ်မှ   စတင်ထုတ် လွှင့်ခဲ့ပြီး  နိုင်ငံခြားဘောလုံးပွဲစဉ် များနှင့်     အားကစားပွဲစဉ်များ၊ ပြည်တွင်း   အားကစားပွဲစဉ်များ၊ နိုင်ငံခြားဇာတ်လမ်းများ    အပါ အဝင် ရုပ်သံလိုင်းပေါင်း ၈၀  တွင် နိုင်ငံတကာ    ချန်နယ် ၃၃ ခုကို ထုတ်လွှင့်ပြသလျက်ရှိသည်။ 


သတင်းစဉ်