
နေပြည်တော် ဖေဖော်ဝါရီ ၃
ပညာရေးဝန်ကြီးဌာန မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုးပြိုင်ပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ပညာရေးဝန်ကြီး ဌာန ရုံးအမှတ်(၁၃)၌ ကျင်းပရာ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေ၊ ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်များ၊ ဌာန အကြီးအကဲများ၊ အရာထမ်း၊ အမှု ထမ်းများ စုံညီစွာတက်ရောက်ကြ ပြီး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ထမနဲထိုး ယှဉ်ပြိုင်မည့် အဖွဲ့များကို ရင်းရင်း နှီးနှီးနှုတ်ဆက်ကာ ဦးစီးဌာန အလိုက် ထမနဲထိုးယှဉ်ပြိုင်နေမှု များကို လိုက်လံကြည့်ရှုအားပေးသည်။
ထမနဲထိုးပြိုင်ပွဲကို ပြည်ထောင်စု ဝန်ကြီးရုံးနှင့် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန အသီးသီးမှ စုစုပေါင်း အသင်း ကိုးသင်း ပါဝင်ယှဉ်ပြိုင်ကြရာ ဆရာအတတ်ပညာဦးစီးဌာနက ပထမဆုရရှိပြီး မြန်မာနိုင်ငံ တိုင်းရင်းသားဘာသာစကား ဦးစီး ဌာနက ဒုတိယဆု၊ ပြည်ထောင်စု ဝန်ကြီးရုံးက တတိယဆုနှင့်ကျန် အသင်းများက နှစ်သိမ့်ဆုများ ရရှိကြသည်။
အဆိုပါ ဆုများကို ညွှန်ကြား ရေးမှူးချုပ်များ၊ အမြဲတမ်း အတွင်းဝန်၊ ဒုတိယဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီးတို့က ဆုများ ပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။
သတင်းစဉ်