၂၀၂၃ ခုနှစ် (၇၆) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲ ကျင်းပ

 

တောင်ကြီး   ဖေဖော်ဝါရီ   ၃


၂၀၂၃  ခုနှစ်  (၇၆)  နှစ်မြောက် ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲဖွင့်ပွဲကို ယနေ့ နံနက် ၇  နာရီတွင်   တောင်ကြီးမြို့  တောင်ကြီး ဂေါက်ကလပ်၌ ကျင်းပသည်။

 


ဖွင့်ပွဲအခမ်းအနားတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက  မြန်မာ့ဂေါက်သီးအားကစား အဆင့်အတန်းမြင့်မားလာစေရန်၊      ဂေါက်သီး အားကစားသမားအချင်းချင်း    ချစ်ကြည်ရင်းနှီးမှု ရရှိစေရန်၊    မြန်မာနိုင်ငံ   ဂေါက်သီးအဖွဲ့ချုပ်နှင့် ချိတ်ဆက်၍ ရှမ်းပြည်နယ် ဂေါက်သီးအားကစား တိုးတက်ရေး ညှိနှိုင်းဆောင်ရွက်ရန်နှင့် ဂေါက်သီး အားကစားဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများအတိုင်း စနစ်တကျကစားနိုင်ရန် ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲ ကို ကျင်းပခြင်းဖြစ်ကြောင်း  နှုတ်ခွန်းဆက်စကား ပြောကြားသည်။

 


ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်    ဒေါက်တာကျော်ထွန်း၊   ရှမ်းပြည်နယ် ဝန်ကြီးချုပ်   ဦးအောင်ဇော်အေး၊   အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းဇော်မိုး၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီးစိန်ဝင်း၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုင်းသော်ဝင်းတို့က  SMOKE BALLကို ရိုက်၍ ပြိုင်ပွဲကို ဖွင့်လှစ်ပေးကြသည်။ 

 


ယင်းနောက်     နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီး ချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်အသင်းများအား   ရင်းရင်းနှီးနှီး   လိုက်လံ နှုတ်ဆက်ကြပြီး         ပြိုင်ပွဲစတင်ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကြသည်။                        

 

သတင်းစဉ်