လှည်းကူးမြို့နယ်အတွင်း လယ်ယာမြေဧက ၆၅၀၀ ကို အကျိုးပြုနိုင်မည့် ဒါးပိန်ရေထိန်းတံခါးသစ်ဖွင့်လှစ်

 

ရန်ကုန်  ဖေဖော်ဝါရီ   ၃


(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်း ဒေသကြီး   ဆည်မြောင်းနှင့်   ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက  တည်ဆောက် ပြီးစီးခဲ့သည့်   ဒါးပိန်ရေထိန်းတံခါးကို       လှည်းကူးမြို့နယ် ဒါးပိန်မြောက်ကျေးရွာရှိ     အဆိုပါရေထိန်းတံခါး၌   ဖေဖော်ဝါရီ ၁ ရက်က  ဖွင့်လှစ်ခဲ့သည်။

 


  အပေါက်ခြောက်ပေါက်ပါ     အဆိုပါ ဒါးပိန် ချောင်းရေထိန်းတံခါးဖွင့်လှစ်ပေး မှုကြောင့်  လှည်းကူးမြို့နယ် ဒါးပိန်မြောက် ကျေးရွာအုပ်စုအတွင်းရှိ    လယ်ယာမြေ ဧက   ၆၅၀၀  ကို   နွေစပါးရာသီတွင် စိုက်ပျိုးရေပေးဝေနိုင်ခြင်း၊ တစ်သီးစား၊   နှစ်သီးစား၊    သီးထပ်စိုက်ပျိုးနိုင်ခြင်း၊ မိုးရာသီတွင်   လယ်မြေများ   ရေကြီး နစ်မြုပ်မှုမှ ကာကွယ်နိုင်ခြင်း၊    မြို့နယ် အတွင်း  လိုအပ်သော  သောက်သုံးရေများ ရရှိနိုင်ခြင်းစသည့်အကျိုးကျေးဇူးများရရှိနိုင်ကြောင်း  သိရသည်။

 


နိုင်ငံတော်  စီမံအုပ်ချုပ်ရေး ကောင်စီ၏    လမ်းညွှန်မှုဖြင့်     ရန်ကုန်တိုင်းဒေသကြီးအတွင်း ချောင်းကော၊    မြောင်းကော၊  ရေနုတ်မြောင်း     တူးဖော်ခြင်း လုပ်ငန်းများ၊   ရေတံခါးတည် ဆောက်ခြင်းနှင့်      ပြုပြင်ခြင်း လုပ်ငန်းများ၊   တာတမံပြုပြင် ခြင်းလုပ်ငန်းများ၊ လျှပ်စစ်မြစ် ရေတင်လုပ်ငန်းများ ဆောင်ရွက်ခဲ့ သည့်အတွက်      စိုက်ပျိုးရေပိုမိုရ ရှိလာပြီး  ယခင်နွေစပါးစိုက်ပျိုး ဧက ၁၈၆၁၃၉ ခန့်သာ စိုက်ပျိုး နိုင်သော်လည်း      ယခုအခါ  ၂၀၅၅၅၄ ဧကအထိ    ပိုမိုတိုးချဲ့ စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ရေထိန်း တံခါးဖွင့်ပွဲ  အခမ်းအနားတွင်  တိုင်းဒေသကြီး       ဝန်ကြီးချုပ်  ဦးစိုးသိန်းက  ပြောကြားသည်။

 


ဖဲကြိုးဖြတ်ဖွင့်လှစ်      


ရေထိန်းတံခါးကို တိုင်းဒေသ ကြီး       စီးပွားရေးရာဝန်ကြီး   ဦးမျိုးမြင့်အောင်နှင့်  တာဝန်ရှိသူ များ၊     ကျေးရွာရပ်မိရပ်ဖများက    ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။


ဆန်းကျော်ဦး(ပြန်/ဆက်)