
နေပြည်တော် ဖေဖော်ဝါရီ ၁
အကြမ်းဖက်အဖွဲ့များ ဖြစ်သည့် NUG ၊ CRPH နှင့် PDF အမည်ခံ အကြမ်းဖက်သမား များသည် ၎င်းတို့၏ နိုင်ငံရေး လိုလားချက် ပြည့်ဝစေရန်အတွက် အေးချမ်းစွာ နေထိုင်လျက်ရှိသည့် ပြည်သူလူထု အား အကြမ်းဖက်တိုက်ခိုက်၊ သတ် ဖြတ်ခြင်း၊ ခြိမ်းခြောက်အကျပ် ကိုင်ခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိပြီး ပြည်သူလူထု အကြောက်တရား လွှမ်းမိုးစေရန်အတွက် Social Media အပါအဝင် နည်းလမ်းပေါင်းစုံ သုံး၍ လုပ်ဆောင်လျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအဖွဲ့ တာဝန်ယူသည့် ၂ နှစ်ပြည့်သည့် ယနေ့တွင် ပြည်သူများ စိတ်အေးချမ်းသာစွာ သွားလာ လှုပ်ရှား ဆောင်ရွက်နိုင်မှုမရှိစေရေးနှင့် ပြည်သူလူထု၏ လူမှုစီးပွား ဘဝပျက်စီးစေရေးအတွက် Silent Strike ခေါ် လှုပ်ရှားမှုကို ပြုလုပ် ကြရန် လူမှုကွန်ရက်မှတစ်ဆင့် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ခြိမ်းခြောက်ဖိအားပေး လုပ်ဆောင်လျက်ရှိသည်။
ထိုသို့ CRPH ၊ NUG နှင့် PDF အမည်ခံအကြမ်းဖက်သမားများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရား များ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် တာဝန်ရှိအဖွဲ့အစည်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည့်အတွက် ယနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုရား၊ စေတီ၊ ကျောင်းကန်များ၊ ဘာသာရေးဆိုင်ရာ နေရာများ၌ သက်ဆိုင်ရာ ဘာသာဝင်များက လာရောက်၍ စိတ်အေးချမ်းသာစွာ ဝတ်ပြုဆုတောင်း မှုများ၊ စတုဒိသာ ကျွေးမွေးလှူဒါန်းမှုများ ဆောင်ရွက်လျက်ရှိကြသည်။ ထို့ပြင် ဈေးများ၊ ဘဏ်များ၊ ဆေးရုံများ၊ လေကြောင်းခရီးစဉ်များ၊ မီးရထားခရီးစဉ်များ၊ ရေကြောင်းခရီးစဉ်များ၊ မော်တော်ယာဉ်လိုင်း များကို တည်ငြိမ်အေးချမ်းစွာဖြင့် ပုံမှန်အတိုင်း ဖွင့်လှစ်ပြေးဆွဲလျက် ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်