
နေပြည်တော် ဖေဖော်ဝါရီ ၁
လက်ရှိဖြစ်ပေါ်နေသော အခြေအနေများသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၂၆ အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တာဝန် များပြီးမြောက်ပြီဖြစ်ကြောင်း အစီရင်ခံတင်ပြရမည့် အခြေအနေ မဟုတ်သေးသည့်အပြင် သာမန်မဟုတ်သည့် အခြေအနေဖြစ်သည့် အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၅ အရသာ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ နိုင်ငံတစ်ဝန်လုံး အရေးပေါ် အခြေအနေ ကြေညာထားသည့်ကာလအား ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၅ အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက တစ်ကြိမ်လျှင် (၆) လအထိ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စ၍ ဆက်လက်သက်တမ်းတိုးမြှင့်ပေးခြင်းသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ညီညွတ်ခြင်း ရှိ၊မရှိကို ယာယီသမ္မတက နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးသို့ သဘောထားတောင်းခံခဲ့ကြောင်း၊ ယင်းသို့သဘောထားတောင်းခံမှုနှင့် စပ်လျဉ်း၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဆက်စပ်စကားရပ်များကို ထောက်ရှု၍ လက်ရှိဖြစ်ပေါ်နေသောအခြေအနေသည် သာမန်မဟုတ် သည့် အခြေအနေဖြစ်သည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၅ အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက တစ်ကြိမ် လျှင် (၆) လအထိ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ဆက်လက်သက်တမ်း တိုးမြှင့်ပေးခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် ညီညွတ်မှုရှိကြောင်း နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက ယာယီသမ္မတထံသို့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် သဘောထားပြန်ကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်