ဒေသတွင်းစိုက်ပျိုး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေး စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

 

နေပြည်တော်  ဇန်နဝါရီ  ၃၁


ဒေသတွင်း   စားနပ်ရိက္ခာဖူလုံရေးနှင့်   ပြည်သူများ ၏    စားသောက်ရေးကို  အထောက်အကူဖြစ်စေရန် အတွက် တိုင်းစစ်ဌာနချုပ်များ၊ တပ်ရင်း၊ တပ်ဖွဲ့များ၌ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိသည်။

 


ထိုသို့     ဆောင်ရွက်လျက်ရှိရာ    ယနေ့တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်  တိုင်းမှူး   ဗိုလ်ချုပ် ကိုကိုမောင်နှင့် တာဝန်ရှိသူများက  တိုင်းစစ်ဌာနချုပ် ဘက်စုံ စိုက်ပျိုးမွေးမြူရေးခြံမှ  စိုက်ပျိုးရေးဆောင် ရွက်ထားရှိမှုနှင့်   ဥစားကြက်နှင့်  အသားတိုးကြက် မွေးမြူထားရှိမှုတို့ကို  သွားရောက်ကြည့်ရှုစစ်ဆေး ပြီး  တာဝန်ရှိသူများနှင့်  တွေ့ဆုံကာ  ကုန်ထုတ်လုပ် မှုလုပ်ငန်းများ   ရာနှုန်းပြည့်  ဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။              

သတင်းစဉ်