
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေး ဦးစီးဌာနက ကျင်းပသည့် (၇၅)ကြိမ်မြောက် စိန်ရတု တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေး စာမေးပွဲကို ၂၆-၁၂-၂၀၂၂ ရက်နေ့မှ ၂၇-၁-၂၀၂၃ ရက်နေ့အထိ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ၊ ဆဋ္ဌသင်္ဂါယနာမဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပခဲ့ပါသည်။
(၇၅)ကြိမ်မြောက် စိန်ရတု တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲ အာဂုံပြန်ဆိုပွဲတွင် မူလအာဘိဓမ္မိက(အဘိဓမ္မာပထမပိုင်းငါးကျမ်းအောင်) ၄ ပါး၊ ဒီဃဘာဏက(ဒီဃနိကာယ်သုံးကျမ်းအောင်) ၈ ပါး၊ ဝိနယဓရ(ဝိနည်းဒုတိယပိုင်းအောင်) ၃၇ ပါး၊ ဥဘတောဝိဘင်္ဂဓရ(ဝိနည်းပထမပိုင်းအောင်) ၈၅ ပါး၊ စုစုပေါင်း ၁၃၄ ပါး အောင်မြင်ခဲ့ပါသည်။
(၇၅)ကြိမ်မြောက် စိန်ရတု တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲ သဘောရေးဖြေပွဲ တွင် ဒီဃနိကာယကောဝိဒ(ဒီဃနိကာယ်သုံးကျမ်းအောင်) ၃ ပါး၊ ဝိနယကောဝိဒ (ဝိနည်းဒုတိယပိုင်း သုံးကျမ်း) ၈ ပါး၊ ဥဘတောဝိဘင်္ဂကောဝိဒ (ဝိနည်းပထမပိုင်းနှစ်ကျမ်း) ၇ ပါး၊ စုစုပေါင်း ၁၈ ပါး အောင်မြင် ခဲ့ပါကြောင်း သာသနာရေးဦးစီးဌာနမှ သတင်းရရှိသည်။ သာသနာရေးဦးစီးဌာန