(၆၁)ကြိမ်မြောက် မဟာဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပမည်

 

နေပြည်တော်  ဇန်နဝါရီ   ၂၇
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေး ဦးစီးဌာနက ကျင်းပသည့်  ၂၀၂၂ ခုနှစ်၊ ဓမ္မာစရိယစာမေးပွဲတွင် အောင်မြင်ခဲ့သော ပါဠိဂုဏ်ထူးအောင် ၁ ပါး၊ မြန်မာဂုဏ်ထူးအောင် ၂ ပါး၊ ဓမ္မာစရိယ ကျမ်းပြီး(ရိုးရိုး)အောင် ၂၆၁ ပါး၊ ပါဠိပထမပြန်အထူးအောင် ၁၆ ပါး၊ နိကာယ်အထူးအောင် ၁၃ ပါး၊ မဟာဝိဒူအောင် ၇  ပါး၊ အဘိဓမ္မာနှင့်  ဝိသုဒ္ဓိမဂ်အထူးအောင် လူပုဂ္ဂိုလ် ၉ ဦးတို့အား ဘွဲ့တံဆိပ်တော်များနှင့် အောင်လက်မှတ်များ ဆက်ကပ်လှူဒါန်းချီးမြှင့်သည့် (၆၁) ကြိမ်မြောက် မဟာဘွဲ့နှင်းသဘင်အခမ်းအနားကို ၁၃၈၄ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက်(၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက်)၊ ဗုဒ္ဓဟူးနေ့၊ မွန်းတည့် ၁၂ နာရီတွင် ရန်ကုန်မြို့၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၊ ဆဋ္ဌသင်္ဂါယနာမဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျင်းပမည်ဖြစ်သည်။
အဆိုပါ (၆၁) ကြိမ်မြောက် မဟာဘွဲ့နှင်းသဘင်အခမ်းအနားသို့ အချိန်မီ ကြွရောက်တော်မူပါရန် သက်ဆိုင်ရာ  စာအောင်ပုဂ္ဂိုလ်များနှင့်  ပင့်သံဃာတော်များကို  ပင့်လျှောက်လွှာများ   ပေးပို့ဆက်ကပ် ပင့်ဆောင်မည်ဖြစ်သည်။ ပင့်လျှောက်လွှာများကို အချိန်မီ မရရှိပါကလည်း ကြွရောက်တော်မူကြပါရန်နှင့် ဖေဖော်ဝါရီ ၁၃ ရက်မှစ၍ ရုံးချိန်အတွင်း ရန်ကုန်မြို့၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၊ ပုဗ္ဗဝိဒေဟကျောင်း ဆောင် (စာမေးပွဲဌာနခွဲ)သို့ ဆက်သွယ်သတင်းပေးပို့ကြပါရန် သာသနာရေးဦးစီးဌာနက ပင့်လျှောက်ထား ကြောင်း သိရသည်။                                                                              သတင်းစဉ်