
(၂၀၂၂-၂၀၂၃) ပညာသင်နှစ် အခြေခံပညာကျောင်းသား အားကစားပွဲတော် ဘောလုံးပြိုင်ပွဲ(အမျိုးသား) ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
နေပြည်တော် ဇန်နဝါရီ ၂၇
(၂၀၂၂-၂၀၂၃) ပညာသင်နှစ် အခြေခံပညာ ကျောင်းသား အားကစားပွဲတော် ဘောလုံးပြိုင်ပွဲ (အမျိုးသား) ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ ဘောလုံးကွင်း၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့်သည်။
အခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ တပ်မတော် အရာရှိကြီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာ ကျောင်းများမှ ဆရာ ဆရာမများနှင့် ကျောင်း သား ကျောင်းသူ အားကစား မောင်မယ်များ တက်ရောက် ကြည့်ရှုအားပေးကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် တက်ရောက်လာ ကြသူများသည် (၂၀၂၂-၂၀၂၃) ပညာသင်နှစ် အခြေခံပညာ ကျောင်းသား အားကစားပွဲတော် ဘောလုံးပြိုင်ပွဲ (အမျိုးသား)ဗိုလ်လုပွဲစဉ်အဖြစ် ရန်ကုန် တိုင်းဒေသကြီး အသင်းနှင့် ဧရာဝတီတိုင်းဒေသကြီး အသင်း တို့ ယှဉ်ပြိုင်မှုများကို ကြည့်ရှု အားပေးသည်။
အဆိုပါ ပွဲစဉ်တွင် ဗိုလ်လုပွဲသို့ တက်ရောက်လာကြသည့် အသင်း များဖြစ်သည်နှင့်အညီ တစ်ဖက် နှင့်တစ်ဖက် အပြန်အလှန် အကြိတ်အနယ် ဖိအားပေး ယှဉ်ပြိုင်ကြပြီး ပွဲစလျှင်စချင်း၌ပင် ဧရာဝတီတိုင်းဒေသကြီးအသင်းမှ ကျောနံပါတ်(၁၀)က အဖွင့် ဦးဆောင်ဂိုးကို တစ်ဦးချင်း အစွမ်းပြ၍ လှပစွာ သွင်းယူရရှိခဲ့ ပြီး ပွဲကို ဦးဆောင်နိုင်ခဲ့သည်။ ထို့နောက် တစ်ဖက်နှင့်တစ်ဖက် ဆက်လက် ထိုးဖောက်ကစားခဲ့ သော်လည်း ဂိုးရရှိခဲ့ခြင်း မရှိခဲ့ဘဲ ပထမပိုင်း ပွဲကစားချိန် ပြီးဆုံးခဲ့ သည်။
ယင်းနောက် ဒုတိယပိုင်းကို ဆက်လက်ယှဉ်ပြိုင် ကစားခဲ့ရာ ပွဲကစားချိန် ၅၃ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ သော်လည်း ပွဲချိန် ၆၄ မိနစ်တွင် ဧရာဝတီတိုင်းဒေသကြီးအသင်း က ဂိုးထပ်မံသွင်းယူနိုင်ခဲ့သဖြင့် ပွဲအပြီးတွင် ဧရာဝတီတိုင်းဒေသ ကြီးအသင်းက ရန်ကုန်တိုင်း ဒေသကြီးအသင်းကို နှစ်ဂိုး- တစ်ဂိုးဖြင့် အနိုင်ရဗိုလ်စွဲ ခဲ့သည်။
ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပ ပြုလုပ်ရာ အသင်းလိုက် ပူးတွဲတတိယဆုရရှိ သည့် ရှမ်းပြည်နယ်အသင်းကို ကောင်စီဝင် ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းက လည်းကောင်း၊ အသင်းလိုက် ပူးတွဲတတိယဆု ရရှိသည့် မန္တလေးတိုင်းဒေသ ကြီးအသင်းကို ကောင်စီဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦးက လည်း ကောင်း၊ ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းကို ကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး က လည်းကောင်း တစ်ဦးချင်းဆု တံဆိပ်၊ ဂုဏ်ပြုဆုနှင့်ချီးမြှင့်ငွေ များကို ပေးအပ်ချီးမြှင့်ကြသည်။
ဆုတံဆိပ်များပေးအပ်
ဆက်လက်၍ ပထမဆုရရှိ သည့် ဧရာဝတီတိုင်းဒေသကြီး အသင်းကို နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တစ်ဦး ချင်း ဆုတံဆိပ်များကို ပေးအပ် ချီးမြှင့်သည်။
တံခွန်စိုက်ဖလားချီးမြှင့်
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က ပထမ ဆုရရှိသည့် ဧရာဝတီတိုင်းဒေသ ကြီးအသင်းကို ဂုဏ်ပြုချီးမြှင့်ငွေ နှင့် တံခွန်စိုက်ဖလားတို့ကို ပေးအပ်ချီးမြှင့်သည်။
ငွေကျပ်သိန်း ၅၀ စီ ချီးမြှင့်
ဆုချီးမြှင့်ပွဲ အပြီးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်နှင့် အခမ်းအနားတက်ရောက် လာကြသူများသည် အားကစား သမားများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။ ယခု ကျင်းပ ပြုလုပ်သည့် (၂၀၂၂-၂၀၂၃) ပညာသင်နှစ် အခြေခံပညာ ကျောင်းသား အားကစားပွဲတော် တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ ပြိုင်ပွဲဝင်အသင်းများ အား တစ်သင်းလျှင် ငွေကျပ်သိန်း ၅၀ စီကိုလည်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ချီးမြှင့် ပေးအပ်ခဲ့သည်။
နိုင်ငံ့လက်ရွေးစင်
ပေါ်ထွက်မည်
အဆိုပါ (၂၀၂၂-၂၀၂၃) ပညာ သင်နှစ် အခြေခံပညာကျောင်း သား အားကစားပွဲတော်ကို ဇန်နဝါရီ ၁၇ ရက်မှ ယနေ့အထိ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး အခြေခံပညာ ကျောင်းသား အားကစားပြိုင်ပွဲမှ စတင်၍ အားကစားထူးချွန်သည့် ကျောင်း သား ကျောင်းသူများကို ရွေးချယ် လေ့ကျင့်ပေးသွားပါက အခြေခံ ကျောင်းသားများ တက္ကသိုလ် တက်ရောက်ချိန်တွင် အာဆီယံ တက္ကသိုလ် အားကစားပြိုင်ပွဲများ ကိုလည်း အရည်အသွေးပိုမို ကောင်းမွန်စွာဖြင့် ပါဝင်ယှဉ်ပြိုင် သွားနိုင်မည်ဖြစ်ပြီး နိုင်ငံ့လက်ရွေး စင် အားကစားသမားများလည်း ပိုမိုပေါ်ထွက်လာမည် ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်