မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ဦးဆောင်၍ ဘင်းမ်စတက်နိုင်ငံများတွင် စားနပ်ရိက္ခာဖူလုံမှုရှိစေရေးနှင့် စားနပ်ရိက္ခာစနစ် ရေရှည်တည်တံ့စေရေးဆိုင်ရာ ဒေသတွင်းဆွေးနွေးပွဲ ကျင်းပ

 

နေပြည်တော် ဇန်နဝါရီ   ၂၅


တောင်အာရှနှင့်   အရှေ့တောင် အာရှနိုင်ငံများ ပါဝင်ဖွဲ့စည်းထား သည့်   ဘင်္ဂလားပင်လယ်အော် ဒေသ စီးပွားရေးနှင့်  နည်းပညာ ဆိုင်ရာ   ဘက်စုံပူးပေါင်းဆောင် ရွက်ရေး   အဖွဲ့အစည်း   Bay of Bengal Initiative for Multi-Sectoral Technical and Eco-nomic Cooperation (BIMSTEC) ဘင်းမ်စတက်နိုင်ငံများတွင်  စား နပ်ရိက္ခာ    ဖူလုံမှုရှိစေရေးနှင့် စားနပ်ရိက္ခာစနစ် ရေရှည်တည်တံ့ စေရေးဆိုင်ရာ ဒေသတွင်း ဆွေးနွေး ပွဲ (“Regional Seminar on Food Security and Sustainable Food Systems in BIMSTEC”)    ကို  မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ဦးဆောင်၍  ယနေ့ နံနက် ၉ နာရီ တွင် Video Conferencing စနစ် ဖြင့် ကျင်းပသည်။

 


 ဆွေးနွေးပွဲသို့ ဘင်းမ်စတက် အထွေထွေအတွင်းရေးမှူးချုပ် Mr.Tenzil Lekphell နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ အဖွဲ့ဝင်နိုင်ငံ များဖြစ်ကြသော   ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊  ဘူတန်နိုင်ငံ၊  အိန္ဒိယနိုင်ငံ၊ နီပေါနိုင်ငံ၊ ထိုင်းနိုင်ငံနှင့်  သီရိ လင်္ကာနိုင်ငံတို့မှ    ဘာသာရပ် ဆိုင်ရာ   ကိုယ်စားလှယ်များနှင့် အတူ မြန်မာနိုင်ငံ စီမံကိန်းဦးစီး ဌာနမှ     ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့   ပါဝင် တက်ရောက်ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲ၏     ဖွင့်ပွဲအခမ်း အနားတွင်       ဘင်းမ်စတက် အထွေထွေ    အတွင်းရေးမှူးချုပ် Mr.Tenzil Lekphell   နှုတ်ခွန်း ဆက်အမှာစကား ပြောကြားသည်။
ထို့နောက်   မြန်မာနိုင်ငံ  စိုက် ပျိုးရေး၊ မွေးမြူရေးနှင့်  ဆည် မြောင်းဝန်ကြီးဌာန၊ စီမံကိန်းဦးစီး ဌာန    ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်းက ကိုဗစ်-၁၉ ကပ်ရောဂါအပါအဝင် မြန်မာနိုင်ငံ ၏    စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွက်    စိန်ခေါ်မှုများအပေါ် ကြံ့ကြံ့ခံကျော်လွှားပြီး ဒေသတွင်း နှင့် ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာ ဖူလုံရေးကို အထောက်အကူပြုနိုင် ခဲ့ပါကြောင်း၊  ရေရှည်တည်တံ့ သောဖွံ့ဖြိုးမှုသာမက စားနပ်ရိက္ခာ ဖူလုံမှုနှင့် ဆက်စပ်လျက်ရှိသည့် အာဟာရချို့တဲ့မှု၊   နာတာရှည် ရောဂါ၊  ဆင်းရဲနွမ်းပါးမှု၊  သဘာဝ ပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုနှင့် ရာသီဥတု   ပြောင်းလဲမှုစသည့် ကမ္ဘာလုံးဆိုင်ရာ ပြဿနာရပ်များ လက်ရှိကြုံတွေ့နေရသော စိန်ခေါ် မှုများအား  တုံ့ပြန်နိုင်မှုရှိသည့် မူဝါဒပိုင်းဆိုင်ရာနှင့်   စီမံကိန်း များကို  အဓိကထားဆောင်ရွက် ရန်     လိုအပ်လျက်ရှိကြောင်း၊ လွတ်လပ်သော   ကုန်သွယ်မှုကို ဖော်ဆောင်ခြင်းဖြင့် အဖွဲ့ဝင်နိုင်ငံ များအကြား     စီးပွားရေး   ဖွံ့ဖြိုး တိုးတက်စေရေးနှင့် စားနပ်ရိက္ခာ ဖူလုံရေးဖော်ဆောင်ရန်   လိုအပ် ပါကြောင်း၊    လွတ်လပ်သော ကုန်သွယ်မှုမှ   တောင်သူလယ် သမားများ အကျိုးအမြတ်ရရှိစေ ရန် နိုင်ငံအသီးသီးရှိ  အစိုးရများ အနေဖြင့် အခြေခံအဆောက်အဦ များ၊    သုတေသနလုပ်ငန်းများ နှင့်  ပညာပေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုပြုခြင်း၊ စျေးကွက် သေချာမှု     ရှိစေရေးအတွက် ကြားဝင်   ဆောင်ရွက်ပေးခြင်း၊ ရသီဥတု     ပြောင်းလဲမှုအပေါ် ကြံ့ကြံ့ခံနိုင်ရေးအတွက်   ကူညီ ထောက်ပံ့ပေးခြင်းတို့ကို  ဆောင် ရွက်ရန် လိုအပ်ကြောင်း၊ ဒုတိယ အကြိမ်  ဘင်းမ်စတက်   ဝန်ကြီး အဆင့် အစည်းအဝေး၌ အတည် ပြုခဲ့သော ဘင်းမ်စတက် စိုက်ပျိုး ရေးဆိုင်ရာ   ပူးပေါင်းဆောင်ရွက် မှု    ခိုင်မာလာစေရေးလုပ်ငန်း အစီအစဉ် (၂၀၂၃-၂၀၂၇) တွင် ပါရှိသည့်  ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များအနက်    “စားနပ် ရိက္ခာ ဖူလုံရေးနှင့် အာဟာရဖူလုံမှု ဖွံ့ဖြိုးတိုးတက်ရေး”   အတွက် ဘင်းမ်စတက်    ဒေသတွင်းရှိ တောင်သူများ၏     ထုတ်လုပ်မှု စွမ်းအား     တိုးမြင့်လာစေရေး အတွက် အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြား သည်။
ဆက်လက်၍  ဘင်းမ်စတက် အထွေထွေ    အတွင်းရေးမှူးချုပ် Mr.Tenzil Lekphell က အဖွဲ့ဝင် နိုင်ငံများအကြား    စိုက်ပျိုးရေး ကဏ္ဍ     ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာစေရန်အတွက် ဘင်းမ် စတက် စိုက်ပျိုးရေးဝန်ကြီးများ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၀ ရက်တွင် တွေ့ဆုံခဲ့ပြီး     ဘင်းမ်စတက် စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန် လုပ်ငန်း အစီအစဉ်ကို ချမှတ်ခဲ့ပါကြောင်း၊ ယင်းလုပ်ငန်း    အစီအစဉ်တွင် စားနပ်ရိက္ခာဖူလုံရေး၊   စားနပ် ရိက္ခာလုံခြုံမှုရှိစေရေး၊ ကျေးလက် ဆင်းရဲနွမ်းပါးမှု   လျှော့ချရေးနှင့် ရာသီဥတုဒဏ်ကို ကြံ့ကြံ့ခံနိုင်ရည် ရှိစေရေး     ရည်ရွယ်ချက်ဖြင့် ပူးပေါင်းဆောင်ရွက်မှု  နယ်ပယ် ငါးခုတွင် လုပ်ငန်းအစီအစဉ် ၁၇ ခု ကို  ဖော်ပြထားပါကြောင်း၊ ယနေ့  ကျင်းပသော   ဆွေးနွေးပွဲသည်    ဤလုပ်ငန်း   အစီအစဉ်အသစ် အရ   အကောင်အထည်ဖော် လျက်ရှသော   ပထမဆုံးလုပ်ငန်း စဉ်များထဲမှ    တစ်ခုဖြစ်ပြီး လုပ်ငန်းအစီအစဉ်   (Plan of Action) ကို    စတင်အကောင် အထည်ဖော်ခဲ့သည့် မြန်မာနိုင်ငံ အား  ထပ်မံချီးကျူးလိုပါကြောင်း၊ ယနေ့ ဆွေးနွေးပွဲသည် ကိုဗစ်-၁၉ ကပ်ရောဂါမှ ပြန်လည်ကောင်းမွန် လာချိန်တွင် ကျင်းပခြင်းဖြစ်သည့် အတွက်    အဖွဲ့ဝင်နိုင်ငံများရှိ တက်ရောက်လာသူများက အမြင် ချင်းဖလှယ်ခြင်း၊   ကျွမ်းကျင်မှု နှင့် သတင်းအချက်အလက်များကို မျှဝေကြပြီး ဘင်းမ်စတက်ဒေသရှိ စားနပ်ရိက္ခာဖူလုံမှုနှင့်   ရေရှည် တည်တံ့သော စားနပ်ရိက္ခာစနစ် ဆိုင်ရာ စိန်ခေါ်မှုများကို ကိုင်တွယ် ဖြေရှင်းနိုင်မည့်      မူဝါဒဆိုင်ရာ အကြံပြုချက်များကို ဆွေးနွေးနိုင် မည်ဖြစ်သည်ဟု   ယုံကြည်ပါ ကြောင်း   ‌ဆွေးနွေးပြောကြား သည်။
ဆွေးနွေးပွဲတွင် ဘင်းမ်စတက် နိုင်ငံများရှိ   ထိခိုက်လွယ်သော၊ ရုတ်တရက်    ဖြစ်ပေါ်လာသော အကြောင်းအရာများနှင့်   ဖိအား များအပေါ် ကြံ့ကြံ့ခံနိုင်စွမ်းရှိသည့် စားနပ်ရိက္ခာစနစ်များ   တည် ထောင်ရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံအသီးသီးရှိ စားနပ်ရိက္ခာ ဖူလုံမှု    တိုးမြင့်စေရေးအတွက် လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် ရှေ့ဆက်လက် ဆောင်ရွက်သင့်သော   လုပ်ငန်း များကို  ဆွေးနွေးညှိနှိုင်းကြပြီး ဘင်းမ်စတက်ဒေသ   တစ်ခုလုံး စားနပ်ရိက္ခာ  ဖူလုံမှုရှိစေရေးနှင့် စားနပ်ရိက္ခာ စနစ်ရေရှည်တည်တံ့ စေရေးဆိုင်ရာ   ရှေ့ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆွေးနွေးအတည်ပြုခဲ့ကြကြောင်း သိရသည်။            
     သတင်းစဉ်