သင်္ဃန်းကျွန်းမြို့နယ်၌ လျှပ်စစ်ဗို့အားပြည့်ဝစွာရရှိရေး ဆောင်ရွက်

 

ရန်ကုန်    ဇန်နဝါရီ    ၂၁


ရန်ကုန်တိုင်းဒေသကြီး  သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ   အများ ပြည်သူများ လျှပ်စစ်အန္တရာယ်မှ ကင်းရှင်းရေး၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းရေးနှင့် ဗို့အားပြည့်ဝစွာရရှိရေးတို့အတွက် ဇန်နဝါရီ ၂၁ ရက် နံနက် ၉ နာရီက သင်္ဃန်းကျွန်းမြို့နယ် လျှပ်စစ်မန်နေဂျာဦးစီး၍ ဝန်ထမ်းများသည် ဝေဇယန္တာလမ်း သုဝဏ္ဏအမျိုးသားအားကစားရုံ ရှေ့မှ ဝေဇယန္တာလမ်းမတစ်လျှောက်ရှိ ဓာတ်အားလိုင်းမီးတိုင်းများရှိ မီးသီးအဟောင်းများနေရာ၌ တာရှည်ခံ အလင်းအားကောင်းသော မီးလုံး၊ မီးသီးအသစ်တို့ဖြင့် အစားထိုးလဲလှယ်တပ်ဆင်ပေးခဲ့ကြသည်။

 


ဆက်လက်၍ သုဝဏ္ဏကမာကြည်လမ်းမတစ်လျှောက်၊ တောင်ထိပ် ပန်းလမ်းမတစ်လျှောက်၊ ကျိုက္ကစံဘုရားလမ်းနှင့်  ဦးဘဟန်လမ်းမ တို့၌လည်း ဓာတ်အားလိုင်းမီးတိုင်များရှိ မီးသီးအကျွမ်း၊ အဟောင်းနေရာ တို့၌ တာရှည်ခံနှင့် မီးအလင်းအားကောင်းသော   မီးသီး၊   မီးလုံး အသစ်တို့ဖြင့် အစားထိုးလဲလှယ် တပ်ဆင်ပေးခဲ့ကြသည်ဟု သိရသည်။


၂၀၁