
နေပြည်တော် ဇန်နဝါရီ ၂၁
မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်သည့် မြန်မာ - ထိုင်း တပ်မတော်နှစ်ရပ်အကြား အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး 8th High Level Committee Meeting သို့ တက်ရောက်ခဲ့သည့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Chalermphon Srisawasdi ဦးဆောင်သည့် ထိုင်းဘုရင့်တပ်မတော် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ညနေပိုင်းတွင် ထိုင်းဘုရင့်တပ်မတော် အထူးလေယာဉ်ဖြင့် မင်္ဂလာဒုံ လေတပ်စခန်းဌာနချုပ်မှ ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားကြ သည်။
ပို့ဆောင်နှုတ်ဆက်
အဆိုပါ ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သည့် ထိုင်းဘုရင့် တပ်မတော် အဆင့်မြင့်ကိုယ်စား လှယ်အဖွဲ့အား ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် ဇနီး၊ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းဘုရင့် တပ်မတော်မှ (ကြည်း၊ ရေ၊ လေ) စစ်သံမှူးများနှင့် ဇနီးများ၊ တာဝန်ရှိသူများက မင်္ဂလာဒုံ လေတပ်စခန်းဌာနချုပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။
အလှူငွေများ လှူဒါန်း
ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဦးဆောင် သည့် ထိုင်းဘုရင့်တပ်မတော် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ သည် ယနေ့နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော်နှင့် ခြောက် ထပ်ကြီးဘုရားသို့ သွားရောက် ဖူးမြော်ကြပြီး ပန်း၊ ရေချမ်း၊ ဆီမီး များ ကပ်လှူပူဇော်ခြင်း၊ အလှူငွေ များ လှူဒါန်းခြင်းနှင့် ဗိုလ်ချုပ် အောင်ဆန်းစျေးသို့ သွားရောက် လေ့လာ လည်ပတ်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်