
နေပြည်တော် ဇန်နဝါရီ ၂၀
၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အခမ်း အနား အောင်မြင်စွာ ကျင်းပနိုင် ရေးအတွက် အားကြိုးမာန်တက် ပါဝင်ခဲ့ကြသည့် ပညာရေး ဝန်ကြီးဌာနမှ ဝန်ထမ်းများကို ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနား ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ် (၁၃)၊ ပညာရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာညွန့်ဖေက ကြုံတောင့်ကြုံခဲ နေ့ထူးနေ့မြတ် အခါသမယဖြစ်သည့် (၇၅) နှစ် မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနား၌ ပညာရေး၀န်ကြီး ဌာနမှ ၀န်ထမ်းများ၊ ဆရာ ဆရာမ များ၊ ကျောင်းသား ကျောင်းသူ များ ပါဝင်ဆောင်ရွက်ပေးခဲ့ကြ သည့်အတွက် နိုင်ငံတော်ဝန်ကြီး ချုပ်ကိုယ်စား ကျေးဇူးတင်ရှိပါ ကြောင်း၊ ဦးစီးဌာနများအားလုံး က ဝိုင်းဝန်းပါဝင်ဆောင်ရွက်ကြ သည့် စိန်ရတုလွတ်လပ်ရေးနေ့ သည် မိမိတို့အနေဖြင့် တစ်သက် တာတွင် ပထမဆုံးကြုံတွေ့ဆင်နွှဲ ခွင့်ရခဲ့သည့် ပွဲဖြစ်ပါကြောင်း၊ ပညာရေး ဝန်ကြီးဌာနကိုယ်စားပြု ပါဝင်ဆင်နွှဲကြသည့် ဝန်ထမ်း များအနေဖြင့် ဦးစီးဌာနအလိုက် ကျရာတာဝန်များ ခွဲဝေဆောင် ရွက်ရာတွင် ခွဲဝေပေးအပ်သည့် တာဝန်များအပြင် ပျော်ရွှင်စွာဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရှိရ သည့်အတွက် များစွာဝမ်းမြောက် ဂုဏ်ယူပါကြောင်း၊ (၇၅) နှစ် မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားသည် ကမ္ဘာက အသိအမှတ်ပြုရသည့် သမိုင်းတွင် မည့် ဂုဏ်ယူဖွယ် အခမ်းအနား ကြီး ဖြစ်ပြီး အောင်မြင်စွာကျင်းပ နိုင်ခဲ့ခြင်းသည် ဝန်ထမ်းများ၏ စည်းလုံးညီညွတ်မှု စွမ်းပကား ကြောင့် ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ အဘက်ဘက်မှ ဝိုင်းဝန်းပံ့ပိုးပေး ခဲ့ကြသည့် ဝန်ထမ်းများကို မှတ် တမ်းတင် ဂုဏ်ပြုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးက စစ်ရေးပြတပ်ခွဲတွင် ပါဝင်ခဲ့သည့် ဝန်ထမ်း ၁၈၃ ဦး အတွက် ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ရာ ဝန်ထမ်းများကိုယ်စား ဦးစီးဌာနများမှ ကိုယ်စားလှယ် များက လက်ခံရယူကြသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးက တက်ရောက်လာကြ သည့်ဝန်ထမ်းများကို ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အခမ်းအနား တွင် ပညာရေးဝန်ကြီးဌာန ကိုယ်စားပြု ပါဝင်ဆောင်ရွက် ခဲ့ကြသည့် အရာထမ်း၊ အမှုထမ်း များနှင့်အတူ ဂုဏ်ပြုနေ့လယ်စာ အတူတကွ သုံးဆောင်ခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်