
သံတွဲလေဆိပ်ကို နိုင်ငံတကာလေဆိပ်အဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နိုင်မည်ဆိုပါက ဒေသဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူပြုနိုင်
နေပြည်တော် ဇန်နဝါရီ ၂၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရခိုင်ပြည်နယ် သံတွဲမြို့နယ်အတွင်းရှိ ဟိုတယ်နှင့်ခရီး သွား လုပ်ငန်းရှင်များအား ယနေ့ မွန်းလွဲ ပိုင်းတွင် သံတွဲမြို့ရှိ Pristine Mermaid Resort ဧည့်ခန်းမဆောင်၌ တွေ့ဆုံ၍ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ ရခိုင်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာ ရေးညွှန်ကြားမှုဦးစီးဌာန ပြည်နယ်ဦးစီး မှူး ဦးတင်ထွန်းအောင်၊ ခရိုင်နှင့် မြို့နယ် အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် သံတွဲမြို့နယ်အတွင်းရှိ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းရှင်များ တက် ရောက်ကြသည်။
ဟိုတယ်နှင့် ခရီးသွားလာရေး
လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုနှင့် လိုအပ်ချက်များအား ဆွေးနွေးတင်ပြ
ဦးစွာ ရခိုင်ပြည်နယ်ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးတင်ထွန်းအောင်နှင့် သံတွဲခရိုင်ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲ ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးချစ်တို့က ရခိုင်ပြည်နယ်အတွင်းနှင့် သံတွဲခရိုင်အတွင်းရှိ ဟိုတယ်နှင့်တည်းခို ရိပ်သာများ၏ လုပ်ငန်းဆောင်ရွက်နေ မှုနှင့် သတ်မှတ်စည်းမျဉ်းစည်းကမ်းများ နှင့်အညီ လုပ်ငန်းလိုင်စင်များထုတ်ပေးထားရှိမှု၊ ပြည်တွင်းပြည်ပခရီးသည်များ ဝင်ရောက်လျက်ရှိမှု၊ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို ထုတ်ပြန် ထားသည့် စည်းမျဉ်းစည်းကမ်းများ အတိုင်း စနစ်တကျ လိုက်နာဆောင်ရွက် ရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိမှု၊ အပန်းဖြေကမ်းခြေ ခရီးစဉ်ဒေသများ တိုးမြှင့် ဖော်ဆောင်လျက်ရှိမှု၊ ဟိုတယ် ဝန်ဆောင်မှုသင်တန်းများ ဖွင့်လှစ်လျက် ရှိမှု၊ ခရီးသွားလုပ်ငန်းများ ပိုမိုတိုးတက်စေ ရေး ဆောင်ရွက်လျက်ရှိမှု၊ ခရီးစဉ်ဒေသ ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များ ဖွဲ့စည်းထားရှိ မှု၊ Gust List Management System ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် မြန်မာနိုင်ငံ ဟိုတယ် ဆိုင်ရာလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးအောင်မျိုးမင်းဒင်၊ ဟိုတယ်လုပ်ငန်းရှင် များအသင်း(ရခိုင်ဇုန်) ဥက္ကဋ္ဌ၊ Bay View Hotel ပိုင်ရှင် ဦးသန်းဦးနှင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များနှင့် ဒေသခံများ က လေကြောင်းလိုင်းပြေးဆွဲမှုများ နည်းပါးသွားသည့်အတွက် ခရီးသွား ဝင်ရောက်မှုများ နည်းပါးလျက်ရှိမှု၊ သံတွဲ လေဆိပ်ကို အပြည်ပြည်ဆိုင်ရာလေဆိပ် အဖြစ် တိုးချဲ့တည်ဆောက်နိုင်မည်ဆိုပါ က ပြည်တွင်းပြည်ပခရီးသွားများ ပိုမို ဝင်ရောက်လာနိုင်မှု၊ ရန်ကုန်-ငပလီ သွား ကားလမ်းအား အဆင့်မြှင့်တင် ဆောင်ရွက်ပေးရန် လိုအပ်မှု၊ လျှပ်စစ် ဓာတ်အားလိုအပ်မှု၊ ငပလီဟိုတယ်ဇုန် သန့်ရှင်းသာယာလှပရေးအတွက် ဝိုင်းဝန်း ဆောင်ရွက်လျက်ရှိမှု၊ ရေလုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းတစ်ပြိုင်တည်း ဖွံ့ဖြိုး တိုးတက်စေရေး ရေလုပ်ငန်းဇုန်တစ်ခု ကန့်သတ်၍ ဖွင့်လှစ်ပေးရန်လိုအပ်လျက် ရှိမှု၊ ကမ်းခြေသဘာဝ အလှအပများ ပျက်စီးမှုများ မဖြစ်ပေါ်စေရေးအတွက် သဲထုတ်လုပ်မှုများကို ထိန်းသိမ်းကြပ်မတ် ပေးရန်နှင့် နေရာသတ်မှတ်ပေးရန်လိုအပ် မှုအခြေအနေများကို ရှင်းလင်းတင်ပြ ကြသည်။
တင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးပြောကြား
တင်ပြမှုများနှင့် စပ်လျဉ်း၍ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ခရီးသွား လုပ်ငန်းများ ဆောင်ရွက်နေသည့် ဝန်ထမ်းများအားလုံး ကိုဗစ်-၁၉ ကာကွယ် ဆေးများ စနစ်တကျ ထိုးနှံထားရှိရန် လိုအပ်ကြောင်း၊ ခရီးသွားလုပ်ငန်းများကို သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့် အညီ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လေကြောင်းလိုင်းများ အမြဲမပြတ်ပြေးဆွဲ စေရေးအတွက် ခရီးသွားလုပ်ငန်း ဆောင်ရွက်နေသူများနှင့် လေကြောင်း လိုင်းလုပ်ငန်းများ ဆောင်ရွက်နေသူများ ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ငပလီလေဆိပ်အား အပြည်ပြည်ဆိုင်ရာ လေဆိပ်အဖြစ် အဆင့်မြှင့်တင်နိုင်မည် ဆိုပါက ခရီးသွားလုပ်ငန်းအတွက် ပိုမို အထောက်အကူပြုနိုင်သဖြင့် လေဆိပ် အား အဆင့်မြှင့်တင်နိုင်ရေး နိုင်ငံတော် မှ စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ငပလီဒေသအတွက် လိုအပ်သည့် လျှပ်စစ် ဓာတ်အားရရှိရေး သူဋ္ဌေးရေအားလျှပ်စစ် စီမံကိန်းကို ယခင်ကတည်းက အကောင် အထည်ဖော်နိုင်ရေး ဆောင်ရွက်ခဲ့သော် လည်း အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ယခုအခါ အဆိုပါစီမံကိန်းအား အကောင်အထည် ဖော်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိ ကြောင်း၊ လတ်တလောလျှပ်စစ်မီးလိုအပ် ချက်အား နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်သုံးစွဲခြင်း ဖြင့် အထောက်အကူ ပြုနိုင်ကြောင်း၊ အလားတူ စပါးခွံသုံး Gastifier စနစ် ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ လေအားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းများကိုလည်း ဆောင်ရွက် နိုင်ကြောင်း၊ ရေလုပ်ငန်းနှင့် ပတ်သက်၍ စနစ်တကျဖြင့်ဆောင်ရွက်ကြရန် လိုအပ် ကြောင်း၊ ခရီးသွားလုပ်ငန်းသည် တည်းခိုရေးတစ်ခုတည်းသာ မကဘဲ များစွာကျယ်ပြန့်ကြောင်း၊ ထို့ကြောင့် အခြားကဏ္ဍများဖြင့်လည်း ကျယ်ကျယ် ပြန့်ပြန့် ဆွေးနွေးဆောင်ရွက်ခြင်းဖြင့် တိုးတက်အောင် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။
ခရီးသွားလုပ်ငန်းသည် ဒေသရှိ
သဘာဝသယံဇာတ အရင်းအနှီးများကို အကျိုးရှိစွာ အသုံးချ၍ ဆောင်ရွက်ရသည့် လုပ်ငန်းတစ်ခုဖြစ်
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေး ပြောကြားရာတွင် ခရီးသွားလုပ်ငန်းသည် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး MSME လုပ်ငန်းများတွင် ပါဝင်ပြီး နိုင်ငံတော်အနေဖြင့် MSME လုပ်ငန်းများကို အားပေးဆောင်ရွက် လျက်ရှိကြောင်း၊ MSME လုပ်ငန်းများတွင် ထုတ်လုပ်မှု၊ ရောင်းဝယ်မှုနှင့် ဝန်ဆောင်မှု ဟူ၍ရှိကြောင်း၊ ခရီးသွားလုပ်ငန်းတွင် ခရီးသွားသူများနှင့် ခရီးသွားဝန်ဆောင်မှု လုပ်ငန်းရှင်များအချင်းချင်း နှစ်ဦးနှစ်ဖက် နားလည်မှုဖြင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပြီး စနစ်တကျရှိရန်လိုကြောင်း၊ သယ်ယူပို့ဆောင်ရေး၊ ချက်ပြုတ်ကျွေးမွေး ရေးနှင့် တစ်ဦးချင်းဝန်ဆောင်မှုပေးရသည့် လုပ်ငန်းများ၊ အသုံးအဆောင်ပစ္စည်းများ နှင့် လက်ဆောင်ပစ္စည်းများ ထုတ်လုပ် သည့် လုပ်ငန်းများလည်း ပါဝင်ကြောင်း၊ အလားတူ ပတ်ဝန်းကျင်သန့်ရှင်းသာယာ လှပရေးသည်လည်း အရေးကြီးသည့် အချက်တစ်ခုဖြစ်ပြီး ငပလီကမ်းခြေသည် သာယာလှပသည့် ကမ်းခြေတစ်ခုဖြစ် ကာ ပြည်ပခရီးသွားဧည့်သည်များကပင် ချီးကျူးနှစ်သက်ရသည့် ကမ်းခြေတစ်ခု ဖြစ်ကြောင်း၊ထို့ကြောင့် မိမိတို့၏ရှိပြီးသား ဖြစ်သည့် အားသာချက်များကို အသုံးချပြီး ခရီးသွားဧည့်သည်တို့၏ သဘောသဘာဝ ကို သိရှိအောင်ဆောင်ရွက်ကာ ဒေသတွင်း သို့ ခရီးသွားများ ပိုမိုဝင်ရောက်စေရေး လုပ်ဆောင်ကြရန်လိုကြောင်း။
လုပ်ငန်းတစ်ခု အောင်မြင်ရေး အတွက် အခြေခံအားဖြင့် လူသားအရင်း အမြစ်များ၊ အရင်းအနှီး၊ ကုန်ကြမ်းနှင့် နည်းပညာများ လိုအပ်မည်ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းသည် ဒေသရှိ သဘာဝ သယံဇာတအရင်းအနှီးများကို အကျိုးရှိ စွာအသုံးချ၍ ဆောင်ရွက်ရသည့် လုပ်ငန်း တစ်ခုဖြစ်ကြောင်း၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ရန်အတွက် လူသားအရင်း အမြစ်ကောင်းများကိုလည်း စနစ်တကျ မွေးမြူဆောင်ရွက်ရန် အဓိကလိုအပ်ပြီး လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေ ရေး သက်ဆိုင်ရာကဏ္ဍအလိုက် လေ့ကျင့် သင်ကြားပေးရန် လိုအပ်မည်ဖြစ် ကြောင်း၊ အရည်အချင်းရှိပြီး ကျွမ်းကျင် သည့် ဝန်ထမ်းများရှိမှသာလျှင် ဝန်ဆောင် မှုလုပ်ငန်း၌ ကောင်းမွန်သည့် ရလဒ်ကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ လူသားအရင်း အမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကို မဖြစ်မနေ အားပေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပညာရေးကို အားပေးဆောင်ရွက်ပြီး ဒေသတွင်း ပညာတတ်များ ပေါကြွယ်ဝစေ ရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ် ကြောင်း။
အိမ်သာယာမှသာလျှင် ဧည့်လာမည်
ဒေသတွင်းရှိ ရှေးဟောင်းအမွေအနှစ် များ၊ ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ် သည့် အဆောက်အဦများ၊ ဘာသာရေး အဆောက်အဦများအားလုံး သန့်ရှင်း သာယာလှပစေရေး၊ မိမိတို့ နေထိုင်ရာ ပတ်ဝန်းကျင်နှင့် လမ်းများအားလုံး သန့်ရှင်းသပ်ရပ်မှု ရှိစေရေး၊ အမြင် တင့်တယ်မှုရှိစေရေး ဒေသအလိုက် တာဝန်ရှိသူများနှင့် ဒေသခံများက ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ကြရန် လိုကြောင်း၊ ဒေသသို့ လာရောက် လည်ပတ်သူများ စိတ်နှလုံးချမ်းမြေ့ပြီး မျက်စိပသာဒဖြစ်စေရေးအတွက် Green Zone များကိုလည်း ဖန်တီးပေးရန် လိုကြောင်း၊ ထိုသို့ ဆောင်ရွက်ထားရှိခြင်း အားဖြင့် ဒေသတွင်းသို့ လာရောက် လည်ပတ်သူများဝင်ရောက်မှု ပိုမိုများပြား လာပြီး ဒေသတွင်း ငွေကြေးလည်ပတ်မှု အားကောင်းလာမည်ဖြစ်ကာ ဒေသဖွံ့ဖြိုး တိုးတက်မှုကို ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း၊ အိမ်သာယာမှသာလျှင် ဧည့်လာမည် ဖြစ်ကြောင်း။
ဒေသတွင်း တာဝန်ကျသည့် အုပ်ချုပ် ရေးဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာလှပ ရေးတို့အတွက် စည်းကမ်းပိုင်းဆိုင်ရာများ ကို ဥပဒေနှင့်အညီ တိကျစွာကိုင်တွယ် ဆောင်ရွက်ရန်လိုကြောင်း၊ ဒေသနှင့် တိုင်းပြည်၏ ရေရှည်အကျိုးကိုကြည့်၍ မိမိ၏ တာဝန်များကို ကျေပွန်အောင် တိတိကျကျဖြင့် အမုန်းခံပြောဆို ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဥပဒေ မဲ့ ဆောင်ရွက်နေမှုများအား ပြောဆို သတိပေးရမည်များကို ဆောင်ရွက်ရန် ပျက်ကွက်ခဲ့ပါက နောင်တစ်ချိန်တွင် ဒေသနှင့် တိုင်းပြည်၏အကျိုးစီးပွားကို ကြီးမားစွာ သက်ရောက်ထိခိုက်စေနိုင်မည် ကို တာဝန်ရှိသည့် အုပ်ချုပ်သူ၊ တာဝန်ရှိသူ များအနေဖြင့် သတိပြုဆောင်ရွက်ကြ စေလိုကြောင်း၊ ငပလီဒေသအတွင်းရှိ လမ်းများ စနစ်တကျရှိစေရေး၊ လမ်း ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေ ရေး၊ လမ်းပခုံးများ ကောင်းမွန်စေရေး၊ လမ်းအင်္ဂါရပ်များနှင့် ညီညွတ်စေရေးနှင့် လမ်းညွှန်ဆိုင်းဘုတ်များ စနစ်တကျရှိစေ ရေး၊ လမ်းဧရိယာအတွင်း ကျော်လွန် ဝင်ရောက်၍နေထိုင်ခြင်းနှင့် ဈေးရောင်းချ ခြင်းများမရှိစေရေး တာဝန်ရှိသူများအနေ ဖြင့် စနစ်တကျ အလေးထားကြပ်မတ် ဆောင်ရွက်ကြရန်လိုကြောင်း။
ဒေသမှ ထွက်ရှိသည့် ဒေသထွက် အစားအစာများဖြင့်လည်း ဒေသသို့ လာရောက်လည်ပတ်သူ များပြားလာ အောင် ဆွဲဆောင်နိုင်ကြောင်း၊ ဒေသထွက် သားငါးနှင့် သီးနှံများ၏ သန့်ရှင်းလတ် ဆတ်မှု၊ အနံ့အရသာ ပြည့်စုံမှုတို့ကို ပေး စွမ်းနိုင်ရမည်ဖြစ်ကြောင်း၊ ဟိုတယ်လုပ် ငန်းဝန်ဆောင်မှုများတွင် အသုံးပြုသည့်အသားငါးနှင့် သစ်သီးဝလံများကို ဒေသခံများအား အောင်မြင်အောင် စိုက်ပျိုးစေခြင်းဖြင့် ဒေသခံများ၏ လူမှု စီးပွားဘဝကိုလည်း ဖွံ့ဖြိုးတိုးတက်စေ နိုင်မည်ဖြစ်သကဲ့သို့ မိမိတို့၏ဧည့်သည် များကိုလည်း သန့်ရှင်းပြီး လတ်ဆတ် သည့် အစားအစာများဖြင့် ဆွဲဆောင်နိုင် ရမည်ဖြစ်ကြောင်း။
ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း အောင်မြင်ခြင်းဖြင့် နိုင်ငံတွင်းရှိ ချည် ထည်ပစ္စည်းလုပ်ငန်းများကိုလည်း ဈေး ကွက်ရရှိအောင် ဖော်ဆောင်နိုင်မည် ဖြစ်ကြောင်း၊ ပြည်တွင်းရှိချည်ထည်ဖြင့် ထုတ်လုပ်ထားသော ချည်ထည်ပစ္စည်း များကို အသုံးပြုခြင်းဖြင့် စီးပွားရေး မြှင့်တင်မှုကို အထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း၊ အစိုးရတစ်ရပ်အနေနှင့် လိုအပ်သည်များကို မူဝါဒအနေဖြင့် ချမှတ်ပေးသွားမည်ဖြစ်ပြီး လိုအပ်သည့် အခက်အခဲများကို မိမိတို့အနေဖြင့် အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များ အနေဖြင့်လည်း မိမိတို့၏ လုပ်ငန်းများကို အောင်မြင် အောင် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်အောင် ဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းဆွေးနွေးပြောကြားသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်သည် တက်ရောက်လာကြ သည့် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ရှင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် သံတွဲမြို့ရှိ အောင်စစ်သည် အပန်း ဖြေစခန်း(လင်းသာ) တည်ဆောက်ထား ရှိမှု အခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သံတွဲမြို့လေဆိပ်သို့ ရောက်ရှိကြရာ ပို့ဆောင်ရေးနှင့်ဆက်သွယ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက လေဆိပ်သမိုင်းအကျဉ်းနှင့် လေယာဉ်ကွင်း ဆိုင်ရာ အချက်အလက်များ၊ လေယာဉ် ပြေးလမ်းကို အဆင့်ဆင့် တိုးချဲ့ဆောင် ရွက်ခဲ့မှုအခြေအနေများ၊ လေယာဉ်ပြေး လမ်းနှင့် လေဆိပ်အဆင့်မြှင့်တင်ရေး ဆက်လက်ဆောင်ရွက်သွားမည့် အခြေ အနေများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်က သံတွဲလေဆိပ်ကို နိုင်ငံတကာလေဆိပ်အဖြစ် အဆင့် မြှင့်တင်ဆောင်ရွက်နိုင်မည်ဆိုပါက ဒေသ သို့ ခရီးသွားများ ပိုမိုဝင်ရောက်လာနိုင်ခြင်း၊ ဒေသထွက်ပစ္စည်းများကို ပြည်တွင်း၊ ပြည်ပသို့ ပိုမိုတင်ပို့နိုင်ခြင်းများကို ဆောင်ရွက်နိုင်သည့်အပြင် ရေထွက် ပစ္စည်းများကိုလည်း ပြည်ပသို့တိုက်ရိုက် တင်ပို့နိုင်မှုကြောင့် ဒေသဖွံ့ဖြိုးတိုးတက်မှု ကို များစွာအထောက်အကူပြုနိုင်သည့် အခြေအနေများကို ပြောကြားပြီး လေယာဉ်ပြေးလမ်းအား အဆင့်အလိုက် တိုးချဲ့ဆောင်ရွက်ရန် လိုအပ်သည်များကို မှာကြားသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် လေယာဉ်ပြေး လမ်းတစ်လျှောက် လှည့်လည်ကြည့်ရှု ပြီး လေယာဉ်ကွင်း အဆင့်မြှင့်တင် ဆောင်ရွက်နိုင်မည့် အခြေအနေနှင့် ပတ်သက်၍လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်