ထိုင်းနိုင်ငံ၌ ပလတ်စတစ်စွန့်ပစ်ပစ္စည်းများသုံးစွဲမှု လျှော့ချရန် အခွန်လျှော့ပေါ့မှုဆောင်ရွက်

 

ဘန်ကောက်   ဇန်နဝါရီ   ၁၉


ထိုင်းနိုင်ငံသည်        ပလတ်စတစ် စွန့်ပစ်ပစ္စည်း       သုံးစွဲမှုများ လျော့ကျလာစေရန် ၂၀၁၈   ခုနှစ် တွင်     မူဝါဒချမှတ် လုပ်ဆောင်ခဲ့ သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့်  နှောင့်နှေး ခဲ့ရ၍ ယခုအခါ အခွန်လျှော့ပေါ့   သက်သာခွင့်ပေး ခြင်းနည်းလမ်းဖြင့်   ထိုင်းနိုင်ငံ စက်မှုဝန်ကြီးဌာနနှင့်      ဘဏ္ဍာ ရေးဝန်ကြီးဌာနတို့    ပူးပေါင်း     လုပ်ဆောင်လျက်ရှိကြောင်း သိရ သည်။

 


ထိုင်းနိုင်ငံ စက်မှုဝန်ကြီးဌာန နှင့်     ဘဏ္ဍာရေးဝန်ကြီးဌာနတို့ သည်   စွန့်ပစ်ပစ္စည်းများ    သုံးစွဲမှု လျှော့ချရေး             လှုပ်ရှားမှုတွင် ဗက်တီးရီးယားပိုးဖြင့် ဆွေးမြည့် ပျက်စီးလွယ်စေသော အရာဝတ္ထု များပါဝင်သည့်      ကုန်ပစ္စည်း (Biodegradable     Plastic Product)များ   ပိုမိုသုံးစွဲစေရေး တွန်းအားပေး      လုပ်ဆောင်ရန် အတွက်   ကော်ပိုရိတ်ဝင်ငွေခွန် လျှော့ပေါ့    သက်သာခွင့်ပြုပေးမှု အစီအစဉ်သစ်    (Corporate Income Tax Reduction Progr-amme)တစ်ရပ်ကို အသုံးပြုလျက် ရှိသည်။

 


ကော်ပိုရိတ်           ဝင်ငွေခွန် လျှော့ပေါ့ပေးသည့်   ပမာဏမှာ ၂၀၂၂ ခုနှစ်နှင့်  ၂၀၂၄ ခုနှစ်အကြား  ဆွေးမြည့်      ပျက်စီးလွယ်စေသော အရာဝတ္ထုများ           ပါဝင်သည့် ကုန်ပစ္စည်း   (Biodegradable Plastic Product)  များ   ဝယ်ယူ သော ကုမ္ပဏီများမှ   ဝယ်ယူမှု၏ ၂၅    ရာခိုင်နှုန်းခန့်ကို   အခွန် လျှော့ပေါ့    သက်သာခွင့်ပေးခြင်း ဖြစ်သည်ဟု     စက်မှုဝန်ကြီးဌာန ဝန်ကြီးက ပြောကြားသည်။

 


အဆိုပါ  ကြိုးပမ်းလုပ်ဆောင် မှုသည်    ထိုင်းနိုင်ငံ၏   BCG စီးပွားရေးမော်ဒယ် (Bio, Circular and   Green-BCG)     ကိုလည်း အထောက်အကူပြုရာရောက်ပြီး အခွန်လျှော့ပေါ့    သက်သာခွင့်ပြု မည့်အစီအစဉ်သို့   ပါဝင်လိုသည့် စီးပွားရေးလုပ်ငန်းရှင်များ    အနေ ဖြင့် ထိုင်းနိုင်ငံ စက်မှုဝန်ကြီးဌာနမှ  တရားဝင်          ထုတ်ပြန်ထားသော ဆွေးမြည့်  ပျက်စီးလွယ်စေသောအရာဝတ္ထုများပါဝင်သည့်    ကုန် ပစ္စည်း    ထုတ်လုပ်သူများထံမှ ဝယ်ယူရမည်ဖြစ်ကြောင်း၊    ယခု အချိန်ထိ         ကုမ္ပဏီခုနစ်ခုကို တရားဝင်  အသိအမှတ်ပြုထားပြီး ဆွေးမြည့်   ပျက်စီးလွယ်စေသော အရာဝတ္ထုများ             ပါဝင်သည့်    ကုန်ပစ္စည်း    (Biodegradable Plastic Product)    အမျိုးမျိုး အပေါ် လိုင်စင်ခွင့်ပြုထားရှိမှုမှာ   ၇၂     ခုရှိကြောင်း၊      အဆိုပါ   ကုန်ပစ္စည်းများတွင်   ပလတ်စတစ် ပြွန်    (Plastic   Tube)  များ၊ ပလတ်စတစ်          အမှိုက်အိတ် (Plastic   Garbage   Bag) များ၊ တစ်ဦးချင်းသုံး  ပလတ်စတစ်အိတ် (Single-use    Plastic    Bag) များနှင့်        ပလတ်စတစ်ဇစ်ပိတ် အိတ်(Plastic Ziplock Bag)များ ပါဝင်ကြောင်း သိရသည်။
 

သတင်းရင်းမြစ်များ- မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စီးပွား‌ရေးသံမှူးများ၏ ပေးပို့မှုအချက်အလက်များ။ 
ခင်ရတနာ စုစည်းဖော်ပြသည်၊၊