
နေပြည်တော် ဇန်နဝါရီ ၁၈
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ပဲတီစိမ်းနှင့်နွေစပါးစီမံကိန်းအတွက် ပြည်ထောင်စု အဆင့် လုပ်ငန်းကြီးကြပ်မှုကော်မတီ (၁/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်း တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာအောင်ကြီး၊ အမြဲတမ်းအတွင်းဝန် များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးက စီမံကိန်းအောင်မြင်ရေးကြီးကြပ်ရန် “နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ပဲတီ စိမ်းနှင့် နွေစပါးစီမံကိန်းအတွက် ပြည်ထောင်စုအဆင့် လုပ်ငန်းကြီးကြပ်မှုကော်မတီ” ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် ဖွဲ့စည်းခဲ့ပြီး စီမံချက်ရည်ရွယ် ချက်ခြောက်ချက်၊ စီမံကိန်းမူဘောင် ငါးချက်၊ ဆောင် ရွက်မည့်နည်းလမ်းသုံးရပ်နှင့် လုပ်ငန်းစဉ် ၁၂ ရပ်တို့ ချမှတ်၍ ပဲတီစိမ်းနှင့် နွေစပါးသီးနှံကို အထူးပြု ဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ တိုင်းဒေသ ကြီး၊ ခရိုင်၊ မြို့နယ် လုပ်ငန်းကြီးကြပ်မှုကော်မတီများ ကိုလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဖွဲ့စည်းဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ရန်ပုံငွေစီမံခန့်ခွဲ မှုအနေဖြင့် မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော် တွင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ၊ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေ အမည် ဖြင့် သက်ဆိုင်ရာငွေစာရင်းများသို့ လွှဲပြောင်းပေးအပ် ပြီးဖြစ်ကြောင်း၊ စီမံကိန်းတွင်ပါဝင်သော တောင်သူ များအတွက် မြေမှန်၊ မျိုးမှန်၊ စိုက်နည်းမှန်ဖြင့် ရာသီချိန်မီ စိုက်ပျိုးနိုင်ရေး၊ တောင်သူများအား သွင်းအားစုများ အချိန်ကိုက် အချိုးကျသုံးစွဲနိုင်ရေး အပါအဝင် တစ်ဧကအထွက်နှုန်း တိုးတက်ရန် နည်းပညာပေးလုပ်ငန်းများကို တိုင်းဒေသကြီး လုပ်ငန်းကြီးကြပ်ကွပ်ကဲမှုအောက်မှ ဌာနဆိုင်ရာ အချင်းချင်း ပူးပေါင်းဆောင်ရွက်ပြီး စီမံကိန်း အောင်မြင်ရေး ကြိုးပမ်းသွားကြရန် တိုက်တွန်းပါ ကြောင်း ပြောကြားသည်။
ထို့နောက် ကော်မတီ တွဲဖက်အတွင်းရေးမှူး(၁) ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ပဲတီစိမ်းနှင့်နွေစပါး စီမံကိန်းလုပ်ငန်းဆောင်ရွက် ထားရှိမှုများကိုလည်းကောင်း၊ ကော်မတီအတွင်းရေး မှူးများဖြစ်ကြသော အမြဲတမ်းအတွင်းဝန်များနှင့် ကော်မတီဝင်များက သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍ များအလိုက် အစီအမံများကိုလည်းကောင်း ဆွေးနွေး တင်ပြကြရာ ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးနှင့် အစည်းအဝေး တက်ရောက်လာကြသူများက လုပ်ငန်း များ အောင်မြင်ရေးအတွက် ဆောင်ရွက်သင့်သည် များကို ဝိုင်းဝန်းဆွေးနွေးကြသည်။
ဆောင်းပဲတီစိမ်း စိုက်ပျိုးထုတ်လုပ်ခြင်းကို ရန်ကုန်၊ ပဲခူးနှင့်ဧရာဝတီတိုင်းဒေသကြီး သုံးခု တွင်လည်းကောင်း၊ နွေစပါးသီးနှံ စိုက်ပျိုးထုတ်လုပ် ခြင်းကို နေပြည်တော်၊ စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီး ခုနစ်ခု တို့တွင်လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး တိုင်းဒေသကြီး အစိုးရ အဖွဲ့များနှင့် ဆွေးနွေးညှိနှိုင်း သဘောတူညီချက်အရ ပဲတီစိမ်းဧက ၄၈၀၀၀၀ ကျော်နှင့် နွေစပါးဧက ၇၈၀၀၀၀ ကျော် ဆောင်ရွက်မည်ဖြစ်ပြီး သွင်းအားစု ကို တောင်သူများ လက်ဝယ်အရောက်ရရှိစေရန်၊ သွင်းအားစု ကာလပေါက်ဈေး အောက် ၃ ရာခိုင်နှုန်း မှ ၅ ရာခိုင်နှုန်း လျှော့ချရောင်းချနိုင်ရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ ပူးပေါင်း ကြီးကြပ်၍ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုး ရေးဆေး လုပ်ငန်းရှင်များအသင်းနှင့် ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်သည်။
စီမံကိန်းလုပ်ငန်းများ စိုက်ပျိုးရာသီ အချိန်မီ ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီးများ၌ မြို့နယ် လုပ်ငန်းကြီးကြပ်မှုကော်မတီများနှင့် တောင်သူအစု အဖွဲ့များ စာချုပ်ချုပ်ဆိုခြင်းလုပ်ငန်းများ၊ တိုင်းဒေသ ကြီး လုပ်ငန်းကြီးကြပ်မှုကော်မတီများနှင့် ဝယ်ယူ ကြိတ်ခွဲတင်ပို့သူအစုအဖွဲ့တို့၏ စာချုပ်ချုပ်ဆိုခြင်း လုပ်ငန်းများ၊ တိုင်းဒေသကြီးလုပ်ငန်းကြီးကြပ်မှု ကော်မတီများနှင့် သွင်းအားစုရောင်းချသူတို့ စာချုပ် ချုပ်ဆိုခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး သွင်းအားစုများ တောင်သူလက်ဝယ်အရောက်ရရှိရေး ဖြန့်ဖြူးဆောင်ရွက်လျက်ရှိသည်။
သတင်းစဉ်