ပန်းချီဆရာကြီးများ ရေဆေးပန်းချီ လက်တွေ့ရေးဆွဲ 

 

ရန်ကုန် ဇန်နဝါရီ  ၁၇  


ဒုတိယမြောက်The Gallerie Z Collectibles   ပန်းချီပြပွဲနှင့် ရေဆေးပန်းချီ‌  လက်‌တွေ့ရေးဆွဲ ခြင်းကို ရန်ကုန်မြို့ တာမွေမြို့နယ် လေးထောင့်ကန်လမ်း   အမှတ်  (၃၄)   The  Rock   By   Color Shones ဆိုင်၌ ပြုလုပ်သည်။ 

 


ပြပွဲတွင်  ပန်းချီဆရာများဖြစ် သော   ဦးလှမြင့်၊     ဦးမိုးလွင်၊‌ ဦးဇော်ထူး၊Than Htike Soe နှင့် Chue Chue  တို့က   ရေဆေးတို့ဖြင့် ရေးဆွဲထားသော  ပန်းချီကား ၃၀  ပြသထားသည်။ အဆိုပါ ပြပွဲတွင်  နှစ်ပတ်တစ်ခါ  ပန်းချီဆရာကြီး များကို ဖိတ်ကြားကာ မော်လ်ဒယ် ဖြင့် လက်တွေ့ရေးဆွဲကြသည်။ 

 


“အနုပညာ       လုပ်ငန်းနဲ့  ဆက်စပ်မိတာရယ်၊  The Gallerie Z  Collectibles က ကမ်းလှမ်းတာ ရယ်ကြောင့်     မြန်မာဝတ်စုံနဲ့    လာထိုင်ဖြစ်တာပါ။  ပန်းချီဆရာ   အချင်းချင်း    ပညာဖလှယ်ကြ တာ  ပိုကောင်းတာပေါ့။    အခု တေးသီချင်း      အယ်ဘမ်တွေ  လုပ်‌နေပါတယ်”ဟု တေးသံရှင်   မေနှင်းကိုကိုက ပြောသည်။

 


ယင်းပြပွဲတွင်     ပန်းချီကား    ဈေးနှုန်းအနေဖြင့်       ငွေကျပ် နှစ်သိန်းမှ  သုံးသိန်းကျော် အထိရှိ ကြောင်း၊ ပြပွဲကို ဒီဇင်ဘာ စတုတ္ထ အပတ်က   ဖွင့်လှစ်ခဲ့ပြီး   ဇန်နဝါရီ ၂၃ရက်အထိ  ပြသသွားမည်ဖြစ် သည်။                      

အာကာလင်း