
နေပြည်တော် ဇန်နဝါရီ ၁၇
အမေရိကန်ပြည်ထောင်စု နယူး ယောက်မြို့၌ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်တွင် ကျင်းပခဲ့သည့် ကုလ သမဂ္ဂလုံခြုံရေးကောင်စီ အစည်း အဝေး၌ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်အဆိုတစ်ရပ်ကို မဲခွဲ ချမှတ်ခဲ့သည်။
အဆိုပါ ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်အဆိုနှင့် ပတ်သက် ၍ ကန့်ကွက်ရှုတ်ချ ဆန္ဒထုတ် ဖော်ပွဲကို ယနေ့ နံနက်ပိုင်းတွင် ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင် အားကစားကွင်း၌ ဒေသခံပြည်သူ များ စုပေါင်း၍ ကုလသမဂ္ဂလုံခြုံ ရေးကောင်စီ၏ မြန်မာနိုင်ငံ အပေါ် တစ်ဖက်သတ် ဆုံးဖြတ် ချက်များအား ဆန့်ကျင်ရှုတ်ချ ပါသည်၊ အမေရိကန် ကမ္ဘာ့ချီးထုပ် ဝင်မရှုပ်နဲ့၊ ပြည်တွင်းရေးရာ ဝင်ရောက်စွက်ဖက် နှောင့်ယှက် နေသော ပြည်ပနိုင်ငံများအား (အလိုမရှိ)၊ အကြမ်းဖက်အားပေး ပြည်ပနိုင်ငံများအား (အလိုမရှိ)၊ အကြမ်းဖက် NUG၊ PDF (အလို မရှိ)၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ၏ တစ်ဖက်သတ် ဆုံးဖြတ်ချက်များ အား (ဆန့်ကျင်ကြ)၊ မြန်မာ့အရေး ကို မြန်မာနိုင်ငံကသာ ဖြေရှင်းရေး (ဒို့အရေး)၊ အပြစ်မဲ့ပြည်သူများ အား အကြမ်းဖက် သတ်ဖြတ်နေ သည်များအား (ချက်ချင်းရပ်)၊ ကုလသမဂ္ဂသည် နိုင်ငံတကာ အစိုးရ မဟုတ်ပါ၊ မြန်မာ့အရေး သည် နိုင်ငံတကာလုံခြုံရေးကို ခြိမ်းခြောက်မှုမဟုတ်ပါ၊ UNSC ၏ မြန်မာနိုင်ငံ ဆုံးဖြတ်ချက်အပေါ် ကန့်ကွက်ပါသည်၊ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါး သည့်အကြံ ဒို့လက်မခံ စသည့် ကြွေးကြော်သံများ ကြွေးကြော် ၍ ပိုစတာများ၊ ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဇွဲကပင်အားကစား ကွင်းမှ မဲဘောင်မီးပွိုင့်လမ်းဆုံ၊ နာရီစင်၊ BOC ကွေ့၊ ကမ်းနား လမ်း၊ ကူးဆိပ်လမ်း၊ မဲဘောင် ဘုန်းကြီးကျောင်းလမ်းမှ နာရီစင် အထိ လူအင်အား ၁၈၀၀ ဖြင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်