မွေးမြူရေးသုတေသနဦးစီးဌာန စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဆိုင်ရာ သင်တန်းအမှတ်စဉ် (၁/၂၀၂၃)ဖွင့်ပွဲကျင်းပ

 

နေပြည်တော် ဇန်နဝါရီ ၁၇


စိုက်ပျိုးရေး၊   မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မွေးမြူ ရေးသုတေသန  ဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော အရာထမ်းဝန်ထမ်းများအား  စီမံ ခန့်ခွဲရေးနှင့်   ဘဏ္ဍာရေးဆိုင်ရာ သင်တန်းအမှတ်စဉ် (၁/၂၀၂၃)ဖွင့်ပွဲကို စိုက်ပျိုးရေးသုတေသန ဦးစီးဌာန(ရုံးချုပ်)၌ ဇန်နဝါရီ ၁၆ ရက်က ကျင်းပသည်။

 


ဖွင့်ပွဲတွင်        မွေးမြူရေး သုတေသနဦးစီးဌာနညွှန်ကြားရေး မှူးချုပ်  ဒေါက်တာသန်းနိုင်ထွန်း က    သုတေသန      လုပ်ငန်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ  ဆောင်ရွက် နိုင်ရန်ရည်ရွယ်ပြီး    သုတေသန ဆိုင်ရာစွမ်းဆောင်ရည်  မြှင့်တင် ရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၂)နှင့် အမှတ်စဉ်(၂/၂၀၂၂)ကို ပြင်ပ ပညာရှင်/အတတ်ပညာရှင် ဆရာ ဆရာမများ၊       ဦးစီးဌာနနှင့် တက္ကသိုလ်များမှ  ကျွမ်းကျင်ဆရာ ဆရာမများအား   ဖိတ်ကြားကာ ဖွင့်လှစ်   သင်ကြားပေးခဲ့ပြီးဖြစ် ကြောင်း၊     မွေးမြူရေးသုတေသန ဦးစီးဌာနမှ သုတေသီများအတွက် အမှန်တကယ်        လိုအပ်သည့် သုတေသနဆိုင်ရာ သင်တန်းများ ဖွင့်လှစ်သလို    စီမံခန့်ခွဲရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ      သင်တန်း အမှတ်စဉ်(၁/၂၀၂၂)ကိုလည်း ရက် တိုသင်တန်းအဖြစ်  ဖွင့်လှစ်ခဲ့ပြီး ဖြစ်ကြောင်း၊  ယခုအခါ  တာဝန် ထမ်းဆောင်နေကြသော    အရာ ထမ်းများအား    ရုံးလုပ်ငန်းစီမံ ခန့်ခွဲမှုနှင့် ငွေစာရင်းလုပ်ငန်းများ ကျွမ်းကျင်ပိုင်နိုင်စေရန် Back to Back သင်တန်းအဖြစ်  စီမံခန့်ခွဲ ရေးနှင့်         ဘဏ္ဍာရေးဆိုင်ရာ သင်တန်းအမှတ်စဉ်  (၁/၂၀၂၃) ကို ဇန်နဝါရီ ၁၆ ရက်မှ  ၂၇ရက် အထိ  နှစ်ပတ်ကြာ  ဖွင့်လှစ်မည် ဖြစ်ကြောင်း။ 

 


သင်တန်းသား   သင်တန်းသူ များအနေဖြင့်        လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင်  ဌာန နှင့် နိုင်ငံတော်အပေါ်သစ္စာရှိရန်၊ တစ်ဦးကောင်း    တစ်ယောက် ကောင်း    မဟုတ်ဘဲ   အားလုံး တက်ညီလက်ညီနှင့်    စုပေါင်း လုပ်ကိုင်ဆောင်ရွက်ရန်နှင့်   ဘက် လိုက်မှုမရှိဘဲ   အဂတိကင်းရှင်း စွာဖြင့်           ဆောင်ရွက်ကြရန် အမှာစကား ပြောကြားသည်။ 

 


ဆက်လက်၍   မွေးမြူရေး သုတေသနဦးစီးဌာန     ဒုတိယ ညွှန်ကြားရေးမှူးချုပ်  ဦးမြင့်နိုင်က သင်တန်း      ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရည်ရွယ်ချက်နှင့် ပို့ချ မည့်ဘာသာရပ်များ    ရှင်းလင်း ပြောကြားသည်။     သင်တန်းသို့  မွေးမြူရေး   သုတေနဦးစီးဌာန (ရုံးချုပ်)မှ  အရာထမ်း ဝန်ထမ်း ၁၆ ဦး၊ အွန်လိုင်းမှ တက်ရောက်သူ မွေးမြူရေးသုတေသနစခန်းများမှ အရာထမ်း ၁၂ဦး စုစုပေါင်း  အရာ ထမ်း    ဝန်ထမ်း   သင်တန်းသား သင်တန်းသူ ၂၈ဦး တက်ရောက် သည်။    

                
သတင်းစဉ်