ကျောက်ပန်းတောင်းမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်းများ မြေပြင်ကွင်းဆင်းကောက်ယူလျက်ရှိရာ အိမ်ထောင်စု ၂၄၀၄၃ စုကောက်ခံပြီးစီး

 

ကျောက်ပန်းတောင်း   ဇန်နဝါရီ    ၁၇


မန္တလေးတိုင်းဒေသကြီး   ကျောက်ပန်းတောင်း မြို့နယ်၌    အိမ်ထောင်စုလူဦးရေစာရင်းများ မှန်ကန် မှုရှိစေရေးအတွက်      မြေပြင်ရှိ     အိမ်ထောင်စု လူဦးရေစာရင်းများနှင့်  ကွင်းဆင်းတိုက်ဆိုင်စစ်ဆေး/ကောက်ယူခြင်းလုပ်ငန်းကို  ဇန်နဝါရီ  ၉ ရက်က စတင်ဆောင်ရွက်ခဲ့ရာ     ဇန်နဝါရီ   ၁၆  ရက်အထိ အိမ်ထောင်စု  ၂၄၀၄၃  စုနှင့်   လူဦးရေ ၈၈၈၀၄   ဦး ကောက်ယူပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 


ကျောက်ပန်းတောင်းမြို့နယ်၌  e-ID Sever အတွင်းရှိ     အိမ်ထောင်စုလူဦးရေစာရင်းများအား မြို့နယ်အလိုက် Print ထုတ်ယူပြီး    မြေပြင်ရှိ အိမ်ထောင်စုပုံစံ  (၆၆/၆)ဖြင့် တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းများကို ၂၀၂၃ ခုနှစ်  ဇန်နဝါရီ ၉ ရက်မှ ၃၁ ရက်အထိ   သတ်မှတ်ထားရှိပြီး ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရင်းကောက်အဖွဲ့ များက    ဌာနဆိုင်ရာများ       ပူးပေါင်းပါဝင်သည့်  ကွင်းဆင်းစာရင်းကောက်အဖွဲ့ပေါင်း  ၁၃၉ ဖွဲ့ဖြင့် အိမ်တိုင်ရာရောက်    စာရင်းကောက်   တိုက်ဆိုင် စစ်ဆေးခြင်းလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏  အနီးကပ်ကြီးကြပ်မှုဖြင့်    ဆောင်ရွက်နေ ခြင်းဖြစ်ကြောင်းသိရပြီး ဇန်နဝါရီ ၁၆ ရက်အထိ အိမ်ထောင်စု  ၂၄၀၄၃ စု၊  လူဦးရေ   ၈၈၈၀၄၃ ကောက်ယူပြီးစီးပြီဖြစ်ကြောင်း သိရသည်။  ထိုသို့ စာရင်းကောက်ယူရာတွင် e-ID အိမ်ထောင်စု စာရင်း များပြည့်စုံမှန်ကန်စေရေးနှင့် e-ID နိုင်(၄)မှတ်တမ်း များ ပြည့်စုံမှန်ကန်စေရေးတို့အတွက် တိုက်ဆိုင်/ စစ်ဆေး/  စာရင်း     ကောက်ယူခြင်းဖြစ်ကြောင်း၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်း     စုစုပေါင်း စာရင်းကောက်ယူရန်  အိမ်ထောင်စုပေါင်း  ၆၉၅၀၉ ရှိ၍ လူဦးရေ ၃၀၂၁၉၃ ရှိကြောင်း သိရသည်။

 


အဆိုပါ ကွင်းဆင်းအဖွဲ့များတွင် မြို့နယ်အဆင့် ဝန်ထမ်းများ   ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပြီး     တစ်အိမ်တက်ဆင်း  ကွင်းဆင်းကောက်ယူနေခြင်း ဖြစ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့်အဖွဲ့ဝင်များ၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးဦးစိုးပိုင်နှင့်   တိုက်နယ်တာဝန်ခံဝန်ထမ်းများ က  ရပ်ကွက်/ကျေးရွာအလိုက် လှည့်လည်ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။ 


နေအောင်(ပြန်/ဆက်)