နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် ဒေသဆိုင်ရာအချက်အလက်များနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ရှင်းလင်းတင်ပြခြင်းအခမ်းအနားများသို့ တက်ရောက်

 

နေပြည်တော်  ဇန်နဝါရီ  ၁၃


နေပြည်တော်ကောင်စီ     ဥက္ကဋ္ဌ ဦးတင်ဦးလွင်သည် ယနေ့ မွန်းလွဲ ပိုင်းတွင် ပျဉ်းမနားခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌     ကျင်းပသည့်  ဒေသဆိုင်ရာ   အချက်အလက် များနှင့်   ဖွံ့ဖြိုးရေးလုပ်ငန်းများ ရှင်းလင်းတင်ပြခြင်း အခမ်းအနား သို့ တက်ရောက်သည်။ 

 


အခမ်းအနားတွင်    နေပြည် တော်ကောင်စီဥက္ကဋ္ဌက  နေပြည် တော်ကို Green City ၊ Clean City၊ Smart City အဖြစ်  ဆောင်ရွက် လျက်ရှိကြောင်း၊ စိုက်ပျိုးရေးများ ကို    အထွက်တိုးကောင်းအောင် စနစ်တကျ စိုက်ပျိုးစေလိုကြောင်း၊ MSME နှင့်ပတ်သက်၍  လက်ရှိ လုပ်ငန်းများထက်      တိုးတက် အောင်   ဆောင်ရွက်ကြစေလို ကြောင်း၊ နေပြည်တော်ကို  ပညာ ရေးမြို့တော်အဖြစ် ဆောင်ရွက်ရာ တွင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ကြစေလိုကြောင်း၊     မြို့တော် သန့်ရှင်းသာယာ      လှပရေးကို  အလေးထားဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ပြောကြားသည်။

 


ထို့နောက် ပျဉ်းမနားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက  ဒေသ ဆိုင်ရာ       အချက်အလက်များ နှင့်    ဖွံ့ဖြိုးရေးလုပ်ငန်းများကို ရှင်းလင်းတင်ပြရာ   နေပြည်တော် ကောင်စီဥက္ကဋ္ဌက    လိုအပ်သည် များ မှာကြားသည်။

 


ယင်းနောက်    နေပြည်တော် ကောင်စီဥက္ကဋ္ဌသည်   ပျဉ်းမနား ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ထံ   ဝန်ထမ်းများအတွက်   ဆန်၊ ဆီ၊   ကြက်ဥ၊   ငါးခြောက်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ပြီး       ရုံးပတ်ဝန်းကျင် သန့်ရှင်းသာယာရေးဆောင်ရွက် ထားမှုများကို   ကြည့်ရှုစစ်ဆေး သည်။

 


ဆက်လက်၍   နေပြည်တော် ကောင်စီဥက္ကဋ္ဌသည်   ဇမ္ဗူသီရိ မြို့နယ်နှင့်    ပျဉ်းမနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံး    အစည်းအဝေးခန်းမများ၌ ကျင်းပသည့်       ဒေသဆိုင်ရာ အချက်အလက်များနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများရှင်းလင်းတင်ပြခြင်း အခမ်းအနားများသို့ တက်ရောက် ပြီး   လိုအပ်သည်များ    ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။

 


အဆိုပါ  အခမ်းအနားများ၌ နေပြည်တော်ကောင်စီ    ဥက္ကဋ္ဌက မြို့နယ်      စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများထံ ဝန်ထမ်းများအတွက် ဆန်၊ ဆီ၊ ကြက်ဥ၊ ငါးခြောက်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ကြောင်း သိရသည်။


သတင်းစဉ်