
လွိုင်ကော် ဇန်နဝါရီ ၁၃
၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၅ ရက်တွင် ကျရောက်မည့် (၇၁)နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနား သို့တက်ရောက်ရန် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ နှင့် ပြည်ထောင်စုဝန်ကြီးများသည် ယနေ့မွန်းလွဲပိုင်းတွင် တပ်မတော် လေယာဉ်ဖြင့် လွိုင်ကော်လေဆိပ် သို့ ရောက်ရှိကြရာ ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လှမိုး၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် နှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့်အတူ ကယား တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အကအဖွဲ့များ၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူငယ်များ သင်တန်းကျောင်းမှ ကျောင်းသား တို့က အကအလှများဖြင့် နွေးထွေး စွာ ကြိုဆိုနှုတ်ဆက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြ သည့် စောဒန်နီယယ်၊ ဦးစိုင်းလုံး ဆိုင်၊ ဦးရွှေကြိမ်း၊ ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးစောထွန်း အောင်မြင့်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လှမိုး၊ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျ၊ ဒေါက်တာ အေးထွန်း နှင့် တာဝန်ရှိသူတို့သည် လွိုင်ကော် မြို့ ခရစ်တော်ဘုရင် ဗဟိုဘုရား ကျောင်းသို့ သွားရောက်ပြီး လွိုင်ကော်ကက်သလစ် သာသနာ မှ ကျောင်းထိုင်ဘုန်းတော်ကြီးများ နှင့် ဘုရားကျောင်းတွင် ယာယီ နေထိုင်လျက်ရှိသည့် ကယား ပြည်နယ်အတွင်းရှိ ယာယီနေရပ် စွန့်ခွာသူပြည်သူများကို ရင်းရင်း နှီးနှီး တွေ့ဆုံနှုတ်ဆက်အားပေး စကားပြောကြားပြီး ယာယီနေရပ် စွန့်ခွာသူပြည်သူများအား အခြေခံ စားကုန်များဖြစ်သော ဆန်၊ ဆီ၊ ဆား စသည့်ပစ္စည်းများကို ထောက်ပံ့ပေးအပ်သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ဥတ္တရာရုံ ဘုန်းတော်ကြီးကျောင်းသို့ သွား ရောက်၍ ဥတ္တရာရုံဘုန်းတော်ကြီး ကျောင်းဆရာတော် ဘဒ္ဒန္တ ဇိနော ဘာသအား ဖူးမြော်ကြည်ညိုပြီးလှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။
ထို့နောက် ဘုန်းတော်ကြီး ကျောင်းရှိ ယာယီနေရပ်စွန့်ခွာသူ ပြည်သူများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးစကား ပြောကြားပြီး အခြေခံ စားကုန်များဖြစ်သော ဆန်၊ ဆီ၊ ဆား ပစ္စည်းများကို ထောက်ပံ့ ပေးအပ်သည်။
(၇၁) နှစ်မြောက် ကယား ပြည်နယ်နေ့ အခမ်းအနားကို ကယားပြည်နယ် အစိုးရအဖွဲ့က ဦးဆောင်ပြီး ဇန်နဝါရီ ၁၅ ရက် တွင် လွိုင်ကော်မြို့ ကယား ပြည်နယ်ခန်းမ၌ ကယားပြည်နယ် နေ့ မုခ်ဦးဖွင့်ပွဲ၊ သဝဏ်လွှာဖတ်ပွဲ နှင့် လူထုအခမ်းအနား၊ ဂုဏ်ထူး ဆောင်ဆုများ ချီးမြှင့်ခြင်းအခမ်း အနားတို့ကို ကျင်းပပြုလုပ်သွား မည်ဖြစ်ပြီး ပြည်နယ်နေ့ ကို ဂုဏ်ပြုကြိုဆိုသည့်အနေဖြင့် လွိုင်ကော်မြို့ ဦးသီရိကတ္တရာ ကွန်ကရစ်လမ်းနှင့် မင်းကျောင်း ကတ္တရာ ကွန်ကရစ်လမ်းဖွင့်ပွဲ များ၊ ပြည်နယ်အားကစားကွင်း အတွင်း မီတာ ၄၀၀ Synthetic ဖွင့်ပွဲ၊ ကိုယ်ကာယ လေ့ကျင့်ရေး အားကစားခန်းမဖွင့်ပွဲ၊ ဌာန ဆိုင်ရာ ပြခန်းဖွင့်ပွဲတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်