
ထားဝယ် ဇန်နဝါရီ ၁၂
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး(အလွတ်တန်း) ဂေါက်သီး၊ မြန်မာ့သိုင်း၊ ပြေးခုန်ပစ်အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်များဆွတ်ခူးရရှိသည့် အားကစားအဖွဲ့များအား ဂုဏ်ပြုပွဲအခမ်းအနားကို ဇန်နဝါရီ ၁၁ ရက်က ထားဝယ်မြို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီး ဌာန ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင် က အောင်နိုင်ရေးအတွက် ကြိုတင် ပြင်ဆင်ဆောင်ရွက်ခဲ့သည့် အခြေ အနေများကို ရှင်းလင်းတင်ပြပြီး အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက တိုင်း ဒေသကြီးနှင့် ပြည်နယ်အားကစား ပြိုင်ပွဲများတွင် အောင်မြင်မှု ဆုတံဆိပ်များ ဆွတ်ခူးနိုင်ခြင်း သည် မိမိတိုင်းဒေသကြီး၊ မိမိ ဒေသ၏ ဂုဏ်အဆင့်အတန်းကို မြင့်မားတိုးတက်စေသောကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေ ဖြင့် ယခုလို ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ရခြင်းဖြစ်ကြောင်း၊ တနင်္သာရီ တိုင်းဒေသကြီးသည် ဂေါက်သီး၊ မြန်မာ့သိုင်း၊ ပြေးခုန်ပစ် အားကစားနည်းများတွင် မြန်မာ့ လက်ရွေးစင် အားကစားသမား များကို မွေးထုတ်ပေးနိုင်သည့် တိုင်းဒေသကြီးတစ်ခုဖြစ်ကြောင်း သိရသည်။
ထို့နောက် တာဝန်ရှိသူများက တိုင်းဒေသကြီးဂေါက်သီးအဖွဲ့က ရရှိလာသော ဆုဖလားကို တိုင်း ဒေသကြီးဝန်ကြီးချုပ်ထံ အပ်နှံပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့က အကျောပေးပြိုင်ပွဲ တတိယဆုရရှိ သည့် တိုင်းဒေသကြီး ဂေါက်သီး အားကစားအဖွဲ့အား ဂုဏ်ပြုဆုငွေ ကျပ် ၁၀ သိန်း၊ တစ်ဦးချင်းပြိုင်ပွဲ တတိယဆုရရှိသော မောင်အောင် မျိုးထွန်းအား ဂုဏ်ပြုဆုငွေကျပ် နှစ်သိန်း၊ ငွေတံဆိပ်နှစ်ခု၊ ကြေး တံဆိပ်နှစ်ခု ရရှိသောတိုင်းဒေသ ကြီး မြန်မာ့သိုင်းအားကစားအဖွဲ့ အား ဂုဏ်ပြုဆုငွေကျပ်ခုနစ်သိန်း၊ ရွှေတံဆိပ်ရှစ်ခု၊ ငွေတံဆိပ်ကိုးခု၊ ကြေးတံဆိပ်ငါးခု ရရှိသော ပြေးခုန်ပစ်အားကစားအဖွဲ့အား ဂုဏ်ပြုဆုငွေကျပ် ၁၀၃ သိန်းကို ပေးအပ်ခဲ့သည်။
တိုင်းဒေသကြီး(ပြန်/ဆက်)