“အသက်ထက်မြတ်သောဂုဏ်သိက္ခာ” ဇာတ်တော်ကြီး ဒုတိယနေ့ဆက်လက်တင်ဆက်

 

ရန်ကုန်  ဇန်နဝါရီ   ၁၂


သာသနာရေးနှင့်     ယဉ်ကျေးမှု ဝန်ကြီးဌာန အနုပညာဦးစီးဌာနက စီစဉ်တင်ဆက်သည့်     အသက် ထက်မြတ်သော       ဂုဏ်သိက္ခာ ဇာတ်တော်ကြီး           တင်ဆက်မှု ဒုတိယနေ့ကို   ယနေ့မွန်လွဲပိုင်း တွင် ရန်ကုန်မြို့   မြို့မကျောင်း လမ်းရှိ        အမျိုးသားဇာတ်ရုံ (ရန်ကုန်)၌ ဆက်လက်တင်ဆက် ကပြသည်။

 


အဆိုပါ       ဇာတ်‌တော်ကြီး တင်ဆက်ကပြမှုကို  သာသနာရေး နှင့်        ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ  မိုးဇော် ထွန်း၊     ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့   ဥပဒေချုပ်   ဦးဌေး အောင်၊  ဌာနဆိုင်ရာအကြီးအကဲ များ၊  ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြန်မာ့ယဉ်ကျေးမှု    အနုပညာကို စိတ်ဝင်စားကြသူများ     တက် ရောက်ကြည့်ရှုအားပေးကြသည်။

 


ဇန်နဝါရီ ၁၄ ရက်တွင် အဆိုပါ ဇာတ်တော်ကြီးကို အများပြည်သူ များ၊        ဌာနဆိုင်ရာဝန်ထမ်း များ၊   တပ်ရင်းတပ်ဖွဲ့အသီးသီးမှ တပ်မတော်သားများနှင့် မိသားစု များ၊ ရဲတပ်ဖွဲ့ဝင်များနှင့်  မိသားစု များ၊       မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုများကို           ဆက်လက် တင်ဆက်ကပြ  ဖျော်ဖြေသွားမည် ဖြစ်ကြောင်း သိရသည်။ 


သတင်းစဉ်