နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချီးမြှင့်သည့် ဘွဲ့တံဆိပ်များ ချီးမြှင့်ပေးအပ်

 

နေပြည်တော်   ဇန်နဝါရီ   ၁၂


(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ထူးဆောင်ဘွဲ့များ    ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို    ဇန်နဝါရီ   ၁   ရက်နှင့် ၂ ရက်တို့တွင်   ကျင်းပခဲ့ပြီး   နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က         ဘွဲ့ခံပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့များကို      တစ်ဦးချင်း ချီးမြှင့်အပ်နှင်းခဲ့သည်။

 


ချီးမြှင့်အပ်နှင်း


အဆိုပါ      ဂုဏ်ထူးဆောင်ဘွဲ့များ အပ်နှင်းခြင်းအခမ်းအနားသို့  အကြောင်း အမျိုးမျိုးကြောင့်   ကိုယ်တိုင်သော်လည်း ကောင်း၊   ကိုယ်စားသော်လည်းကောင်း တက်ရောက်ရယူနိုင်ခဲ့ခြင်းမရှိဘဲ အဝေး ရောက်လက်ခံရယူနိုင်မည့်   ဘွဲ့ခံပုဂ္ဂိုလ် များအား ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး  ဗိုလ်ချုပ် ညွန့်ဝင်း ဆွေနှင့်   တာဝန်ရှိသူများက   ဂုဏ်ထူး ဆောင်ဘွဲ့များ လက်ခံရယူမည့် ကာယကံ ရှင်မိသားစုဝင်များထံသို့   သွားရောက် ချီးမြှင့်အပ်နှင်းကြသည်။


ထိုသို့ ချီးမြှင့်အပ်နှင်းရာတွင် သတို

းမဟာသရေ စည်သူဘွဲ့ရရှိသူ   နိုင်ငံတော်ဝန်ကြီးချုပ်   ဦးစိန်ဝင်း (ကွယ်လွန်)ကိုယ်စား  သားဖြစ်သူ ဦးဇော်ဝင်း ၊ သရေ စည်သူဘွဲ့ရရှိသူ       အမှတ်(၂) စက်မှုဝန်ကြီးဌာန ဝန်ကြီး  ဒုတိယဗိုလ်ချုပ်ကြီး စိန်အောင် (ကွယ်လွန်) ကိုယ်စား  ဇနီးဖြစ်သူ  သီရိသုဓမ္မသိင်္ဂီ ဒေါ်ခင်သိန်း၊ စည်သူဘွဲ့ရရှိသူ    ကာကွယ်ရေးဦးစီးချုပ်  (လေ) ဗိုလ်မှူးချုပ် သောင်းဒန် (ကွယ်လွန်)ကိုယ်စား သား ဖြစ်သူ ဦးမျိုးဒန် ၊ စည်သူဘွဲ့ရရှိသူ  နိုင်ငံတော်ကောင်စီ ဝင် ဦးထွန်းရင်လော (ကွယ်လွန်) ကိုယ်စား ဇနီးဖြစ်သူ ဒေါ်နန်းဗိုလ်လား၊  စည်သူဘွဲ့ရရှိသူ နိုင်ငံတော်ငြိမ်ဝပ် ပိပြားမှုတည်ဆောက်ရေးအဖွဲ့ဝင် ဗိုလ်ချုပ် ဉာဏ်လင်း  (ကွယ်လွန်) ကိုယ်စား    ဇနီးဖြစ်သူ   ဒေါ်ဌေးဌေးရီ တို့ကို ဂုဏ်ထူးဆောင်ဘွဲ့များအား ၎င်းတို့၏ နေအိမ် များသို့   သွားရောက်၍   လက်ဝယ်အရောက် ချီးမြှင့် အပ်နှင်းကြသည်။

 


အလားတူ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံး  ချင်းတွင်းခန်းမ၌လည်း ဂုဏ်ထူးဆောင်လက်မှတ် နှင့် ဆုများချီးမြှင့်ခြင်းအခမ်းအနားကို ကျင်းပပြုလုပ် ရာ    တိုင်းဒေသကြီးဝန်ကြီးချုပ်    ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဆုရရှိကြ သူများတက်ရောက်ကြပြီး   တိုင်းဒေသကြီးဝန်ကြီး ချုပ်က ဂုဏ်ပြုအမှာစကားပြောကြားသည်။

 


ထို့နောက်     တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လယ်ယာစီးပွား ထူးချွန်ဆုရရှိသူ တစ်ဦး၊ ရဲကျော်စွာတံဆိပ်ရရှိသူ တစ်ဦး၊ ဇေယျာစီမံထူးချွန်ဆု ရရှိသူ ၈၀ နှင့်   ရဲဗလတံဆိပ်ရရှိသူ တစ်ဦး  စုစုပေါင်း ၈၃ ဦးတို့ကို ဆုများ ပေးအပ်ချီးမြှင့်ကြသည်။

 


ဆက်လက်၍   ၂၀၂၁-၂၀၂၂   ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၂-၂၀၂၃  ဘဏ္ဍာရေးနှစ်အတွင်း  မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု ၁၁ မှုတို့တွင်  ပူးပေါင်းပါဝင်၍ တာဝန် ထမ်းဆောင်ခဲ့ကြသည့်  လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်း ရရှိသည်။                       

သတင်းစဉ်