မြန်မာနိုင်ငံပြန်တမ်း

 

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ 
အတည်ပြုခန့်ထားခြင်းနှင့် 
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ခန့်ထားခြင်း
၁။    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်  အောက်ဖော်ပြပါ ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများကို       အစမ်းခန့်ကာလ   (၁) နှစ် ပြည့်မြောက်သည့်နေ့မှစ၍ အတည်ပြုခန့်ထားလိုက်သည်-
အမည်    ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး
                       ရာထူး၊ ဌာန
(က)    ပါမောက္ခ    ပါမောက္ခချုပ်
    ဒေါက်တာအေဘီ    အခြေခံကျန်းမာရေးတက္ကသိုလ်(မကွေး)
            ကျန်းမာရေး လူ့စွမ်းအား
            အရင်းအမြစ်ဦးစီးဌာန
        ကျန်းမာရေးဝန်ကြီးဌာန
( ခ )    ဦးအောင်ကျော်မိုး    ညွှန်ကြားရေးမှူးချုပ်
            ပြန်လည်ထူထောင်ရေးဦးစီးဌာန
            လူမှုဝန်ထမ်း၊   ကယ်ဆယ်ရေးနှင့်
            ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
၂။    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်  ပြန်ကြားရေး ဝန်ကြီးဌာန၊   ပြန်ကြားရေးနှင့်   ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာတင်  ကို မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန် ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှစ၍  အစမ်းခန့်ထား လိုက်သည်။