ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောများ၊ သဘာဝထိန်းသိမ်းရေးနယ်မြေများ တိုးချဲ့ဖွဲ့စည်းရေး ကြိုးပမ်းဆောင်ရွက်သွားရန်လို

 

နေပြည်တော်    ဇန်နဝါရီ    ၁၁
သစ်တောဦးစီးဌာန ခရိုင်သစ်တောအရာရှိများ စီမံခန့်ခွဲမှုစွမ်းဆောင် ရည် မြှင့်တင်ရေး သင်တန်းအမှတ်စဉ် (၈) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင်    သစ်တောသုတေသနဌာန   စုဝေးခန်းမ   ရေဆင်း၌ ကျင်းပသည်။
ဦးစွာ   ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက  သစ်တောထိန်း သိမ်းရေး၊    သစ်တောများ    စီမံ အုပ်ချုပ်ရေးနှင့်  စဉ်ဆက်မပြတ်  ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒ၊ ရည်မှန်းချက်များ ချမှတ်ဆောင် ရွက်လျက်ရှိရာ    မြန်မာ့သစ်တော စီမံအုပ်ချုပ်မှု၏           ခရိုင်အဆင့် Forest Management Unit တွင် တာဝန်ယူ ဆောင်ရွက်နေကြသည့် ခရိုင်သစ်တော အရာရှိများအနေ ဖြင့် သစ်တောသယံဇာတများကို အကောင်းဆုံး စီမံခန့်ခွဲနိုင်စေရန်၊ လုပ်ငန်း စွမ်းဆောင်ရည်မြင့်မား စေရန်နှင့် ဌာနလုပ်ထုံးလုပ်နည်း၊  စည်းမျဉ်း စည်းကမ်းများအတိုင်း  လိုက်နာ  အကောင်အထည်ဖော်  ဆောင်ရွက်နိုင်စေရန်    ရည်ရွယ် ၍        သင်တန်းဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း။ 
နိုင်ငံတော်၏       သစ်တော ဖုံးလွှမ်းမှု ပြန်လည်ကောင်းမွန်လာ စေရန်နှင့် ရာသီဥတုပြောင်းလဲမှု လျှော့ချနိုင်ရေးအတွက်    မြန်မာ နိုင်ငံ    သစ်တောများ    ပြန်လည် တည်ထောင်ခြင်း      စီမံကိန်းနှင့်   တောရိုင်း တိရစ္ဆာန်များအတွက် နေရင်းဒေသများ      ပြန်လည် တည်ထောင်ခြင်း      လုပ်ငန်းအစီ အစဉ် စီမံကိန်းများကို အောင်မြင် အောင် အထူးအလေးထားဆောင် ရွက်ရန်  လိုအပ်သလို  ခွင့်ပြုရန်ပုံ ငွေများကိုလည်း           ဘဏ္ဍာရေး  စည်းမျဉ်း စည်းကမ်းများနှင့်အညီ  စနစ်တကျသုံးစွဲကြရန်   မှာကြား လိုကြောင်း၊     ကြိုးဝိုင်း/ ကြိုးပြင် ကာကွယ်တောများ၊     သဘာဝ ထိန်းသိမ်းရေးနယ်မြေများ တိုးချဲ့ ဖွဲ့စည်းရေး   ကြိုးပမ်းဆောင်ရွက် သွားရန်လိုကြောင်း၊       ပုဂ္ဂလိက စိုက်ခင်းတည်ထောင်ခြင်း လုပ်ငန်း များတွင်           လုပ်ထုံးလုပ်နည်း၊ စာချုပ်ပါစည်းကမ်းများနှင့်အညီ လိုက်နာစေရန် ခရိုင်တာဝန်ခံများ က     အနီးကပ်    ကြီးကြပ်ကွပ်ကဲ သွားရန်လိုကြောင်း၊    ၂၀၂၂  ခုနှစ် ဇန်နဝါရီလမှ       ဒီဇင်ဘာလကုန် အထိ တရားမဝင်သစ်ကျွန်း  ၄၅၄၉   တန်၊  သစ်မာနှင့်အခြား   ၆၉၂၆   တန် ဖမ်းဆီးရမိခဲ့ပြီး တရားမဝင် သစ်  တာဆီးကာကွယ်ရေးအား           အရှိန်အဟုန်ဖြင့်        ဆက်လက် ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊  ခရိုင်တာဝန်ခံများ       အနေဖြင့် ဝန်ထမ်းကောင်းတစ်ဦး၏ လိုအပ် ချက်ဖြစ်သည့်  စိတ်ဓာတ်နှင့် ခံယူ ချက်၊  အတွေးအခေါ်နှင့်  စိတ်နေ စိတ်ထား၊   ကျင့်ဝတ်သိက္ခာတို့နှင့်  ပြည့်စုံစေပြီး   နိုင်ငံအကျိုး၊   ဌာန အကျိုးကို           စွမ်းဆောင်ရည် မြင့်မားစွာဖြင့် ဆောင်ရွက်နိုင်သူ များဖြစ်အောင်     အလေးထား ကြိုးစားကြရန်          မှာကြားလို ကြောင်း ပြောကြားသည်။
အခမ်းအနားသို့     ဒုတိယ ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများ၊ ခရိုင်အဆင့် သင်တန်းသား ၂၀ တက်ရောက် ပြီး    အဆိုပါ    သင်တန်းအား ဇန်နဝါရီ ၁၁ ရက်မှ ၂၄ ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။                  သတင်းစဉ်