
မြစ်ကြီးနား ဇန်နဝါရီ ၁၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ပြည်ထောင်စု ဝန်ကြီးများသည် ယနေ့ နံနက် ၈ နာရီခွဲတွင် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ အထင်ကရနေရာများသို့ သွားရောက် လေ့လာကြပြီး ကချင်အနုပညာရှင်အသင်းချုပ် ဗဟိုကော်မတီရုံး၌ ကချင်တိုင်းရင်းသားတို့၏ အနုပညာလုပ်ငန်းများ တိုးတက်အောင်မြင် လာစေရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြသည်။
ဖူးမြော်ကြည်ညို
ရှေးဦးစွာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ ဦးရွှေကြိမ်းတို့နှင့်အတူ ပြည် ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ် ကြီး ထ ွန်းထွန်းနောင်၊ ဦးမောင် မောင်အုန်း၊ ဦးလှမိုး၊ ဦးသောင်း ဟန်၊ ဦးအောင်နိုင်ဦး၊ ဒေါက်တာ ညွန့်ဖေ၊ ဦးမင်းသိန်းဇံ၊ ဦးမျိုးသန့်၊ ဦးစောထွန်းအောင်မြင့်၊ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့် နှင့် ဦးဇော်အေးမောင်၊ တပ်မတော် အရာရှိကြီးများ၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး များသည် ဝိုင်းမော်မြို့နယ် မိုင်းနား ကျေးရွာအုပ်စုအတွင်း ဧရာဝတီ မြစ်ကမ်းဘေး ရွှေမိုးတောင်ပေါ်ရှိ ရဟန္တာတစ်ထောင် ရှင်ပင်မြတ်စွာ ဆုတောင်းပြည့်စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူ ပူဇော်ကြပြီး စေတီတော်အား လက်ယာရစ် လှည့်လည်ပူဇော်၍ ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ်ရေးထိုးကြကာ စေတီ တော် ဘက်စုံပြုပြင်မွမ်းမံနိုင်ရေး အလှူငွေများ ဆက်ကပ်လှူဒါန်း ကြသည်။
ထိုမှတစ်ဆင့် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်း ဧရာဝတီ မြစ်ကမ်းဘေးရှိ ကရိန်နော် အပန်း ဖြေရိပ်သာသို့ သွားရောက်ပြီး အပန်းဖြေရိပ်သာအတွင်း အပန်း ဖြေရိပ်သာ ထူထောင်ခဲ့သူ ဒူဝါ ကရိန်နော်၏ မှတ်တမ်းဓာတ်ပုံ များနှင့် အပန်းဖြေရိပ်သာအတွင်း လှည့်လည်ကြည့်ရှုကြသည်။
ပေါင်းစပ်ညှိနှိုင်းပေး
ထို့နောက် မြစ်ကြီးနား တက္ကသိုလ်သို့ ရောက်ရှိပြီး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခ ချုပ်များ၊ ပါမောက္ခဌာနမှူးများ နှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ တက္ကသိုလ်သန့်ရှင်း သာယာလှပ မှု၊ မိန်းလမ်းမကြီးတစ်လျှောက် လမ်းလယ်ကျွန်းများတွင် ပန်းပင် များ စိုက်ပျိုးထားရှိမှုနှင့် ဘွဲ့နှင်း သဘင်ခန်းမတို့ကို ကြည့်ရှုစစ်ဆေး ပြီး ကျောင်းသား ကျောင်းသူများ ဘော်လီဘော၊ ဖူဆယ်ဘောလုံး အားကစားနည်းများ လေ့ကျင့် ကစားနိုင်ရေးအတွက် အားကစား နှင့် လူငယ်ရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးက အားကစား အထောက်အကူပြု ပစ္စည်းများ ကူညီဖြည့်ဆည်း ပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်းပေး ကြသည်။
ရင်းရင်းနှီးနှီးတွေ့ဆုံ
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့ သည် မြစ်ကြီးနားမြို့ စီတာပူ ရပ်ကွက် မနောကွင်းသို့ သွားရောက် ပြီး မြန်မာနိုင်ငံ ကချင်လူမျိုး ရိုးရာယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ၊ တာဝန်ရှိသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး မနော အိမ်တော်ရှေ့နှင့် မနောကွင်း အတွင်း၌ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ဆက်လက်၍ အဆိုပါ မနော ကွင်းအတွင်းရှိ ကချင်အနုပညာ ရှင်များ အသင်းချုပ်ဗဟို ကော် မတီရုံးသို့ သွားရောက်ပြီး ကချင် အနုပညာရှင်များအသင်း ဥက္ကဋ္ဌ ဒါရိုက်တာ JZ ဒေါင်လွမ်း၊ အသင်း ရုံး တာဝန်ရှိသူများနှင့် ရင်းရင်း နှီးနှီး မိတ်ဆက် တွေ့ဆုံ ကာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင် မောင်အုန်းက ကချင်ပြည်နယ်၏ သဘာဝပတ်ဝန်းကျင် အလှအပ များ၊ တိုင်းရင်းသားတို့၏ ဓလေ့ ထုံးစံများနှင့် ပြည်နယ်၏ ဂုဏ် ကို ဖော်ကျူးသည့် ဇာတ်လမ်း များ ရိုက်ကူးထုတ်လုပ်နိုင်ရေး၊ မျိုးဆက်သစ်တိုင်းရင်းသား အနု ပညာရှင်များ မွေးထုတ်နိုင်ရေး ညှိနှိုင်းပေါင်းစပ် ဆွေးနွေးကြ ကာ အသင်းအတွက် ထောက်ပံ့ ငွေများ ထောက်ပံ့ ပေးအပ် ကြသည်။
လိုက်ပါနှုတ်ဆက်
မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ သည် တပ်မတော်အထူးလေယာဉ် ဖြင့် နန်ပေါင်လေဆိပ်မှ ပြန်လည် ထွက်ခွာရာ ပြည်နယ်ဝန်ကြီးချုပ် နှင့် ဇနီး၊ တိုင်းမှူးနှင့် ဇနီး၊ တပ်မတော်အရာရှိကြီးများ နှင့် ဇနီးများ၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အဖွဲ့များက လိုက်ပါနှုတ်ဆက်ခဲ့ ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)