ပုဏ္ဏားကျွန်းမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးမည့်တောင်သူများအား ဓာတ်မြေသြဇာရောင်းချပေး

 

ပုဏ္ဏားကျွန်း   ဇန်နဝါရီ   ၁၀


ရခိုင်ပြည်နယ်အစိုးရအဖွဲ့     အစီအစဉ်ဖြင့်   ဆောင်းသီးနှံစိုက်ပျိုးမည့် တောင်သူများအား ဈေးနှုန်းချိုသာစွာဖြင့်    ကိုရီးယားဓာတ်မြေ သြဇာများ ဖြန့်ဖြူး ရောင်းချခြင်းကို ဇန်နဝါရီ ၉ ရက်က ပုဏ္ဏားကျွန်းမြို့နယ် စိုက်ပျိုးရေးဦးစီး ဌာနရုံး၌  ဓာတ်မြေသြဇာများ ဖြန့်ဖြူးရောင်းချ ပေးသည်။


ထိုသို့ဖြန့်ဖြူးရောင်းချရာတွင်   မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က    ဦးမောင်စံဝင်း က  ၂၀၂၂-၂၀၂၃ ခုနှစ်   ကျေးရွာအုပ်စုအလိုက် စတုတ္ထအကြိမ်    ခွဲတမ်းတွင်    ပါဝင်သည့် ဆောင်းသီးနှံစိုက်ပျိုးမည့်     တောင်သူများ အတွက်သာ  ဦးစားပေး ရောင်းချပေးခြင်းဖြစ် ကြောင်း ပြောကြားပြီး ဆောင်းသီးနှံစိုက်ပျိုးနေ သည့် ကျေးရွာအုပ်စု ကိုးအုပ်စုသို့   ဓာတ်မြေ သြဇာ  အိတ် ၂၅၀ ကို  ဖြန့်ဖြူးရောင်းချပေး ကြောင်း သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)