
ဟိုပုံး ဇန်နဝါရီ ၁၀
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန အစိုးရနည်းပညာ အထက်တန်းကျောင်း (ပင်းပက်)၏ ၂၀၁၉-၂၀၂၀ ခုနှစ် တတိယ အကြိမ်မြောက်နှင့် ၂၀၂၁-၂၀၂၂ စတုတ္ထ အကြိမ်မြောက် အောင်လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၈ ရက်က အဆိုပါ ကျောင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အောင်လက်မှတ်ပေးအပ်ပွဲတွင် အစိုးရ နည်းပညာအထက်တန်းကျောင်း (ပင်းပက်) ကျောင်းအုပ်ဆရာကြီး ဦးမျိုးမြင့်အောင်က စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွမ်းကျင်လုပ်သားနှင့် အင်ဂျင်နီယာပညာ ရှင်များ အများအပြား လိုအပ်လျက်ရှိပြီး အောင်လက်မှတ်ရ လူငယ်မောင်မယ်များ အနေဖြင့် မိမိသင်ယူတတ်မြောက်ထားသည့် ပညာဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက် အခန်းကဏ္ဍအသီးသီးမှ ပူးပေါင်း ပါဝင်ဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံတော် အပေါ် ကျေးဇူးသစ္စာစောင့်သိပြီး တိုင်းချစ် ပြည်ချစ်စိတ်၊ မျိုးချစ်စိတ်နှင့် ကိုယ်ကျင့်တရား မြင့်မားသူများဖြစ်အောင် နည်းပညာနှင့် သက်မွေးပညာရှင် လူတော်လူကောင်းများ ဖြစ်အောင် ကြိုးစားကြစေလိုကြောင်း အမှာ စကားပြောကြားရာတွင် ထည့်သွင်းပြောကြား သည်။
ထို့နောက် အစိုးရနည်းပညာအထက်တန်း ကျောင်း(ပင်းပက်) ကျောင်းအုပ်ကြီး အမှူးပြု သော စီမံခန့်ခွဲရေးအဖွဲ့နှင့် ပညာရေးအဖွဲ့ဝင် များက အောင်လက်မှတ်ပေးအပ်မည့် စင်မြင့် ထက်တွင်နေရာယူကြပြီး လိုအပ်သည့်ကတိ ခံဝန်ချက်များရယူကာ ၂၀၁၉-၂၀၂၀ ခုနှစ်တွင် အဆောက်အအုံ နည်းပညာသင်တန်း၊ အီလက် ထရွန်နစ်နည်းပညာသင်တန်း၊ လျှပ်စစ် နည်းပညာသင်တန်း၊ မော်တော်ယာဉ်နည်းပညာ သင်တန်းတို့တွင် အောင်မြင်ပေါက်မြောက်ခဲ့သူ ၂၇ ဦး၊ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် အဆောက်အအုံ နည်းပညာသင်တန်း၊ အီလက်ထရွန်နစ် နည်းပညာသင်တန်း၊ လျှပ်စစ်နည်းပညာ သင်တန်းတို့တွင် အောင်မြင်ပေါက်မြောက်ခဲ့သူ ၁၇ ဦး စုစုပေါင်း ၄၄ ဦးတို့အား အောင်လက်မှတ် များ အပ်နှင်းကြောင်း သိရသည်။
ပအိုဝ်းဒေသ (ပြန်/ဆက်)