၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် မန္တလေးတိုင်းဒေသကြီး ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ

 

မန္တလေး  ဇန်နဝါရီ  ၁၀
၂၀၂၂-၂၀၂၃ ပညာသင်နှစ် မန္တလေးတိုင်းဒေသကြီး ပညာရေးစုံညီပွဲတော်အခမ်းအနားကို Multipurpose Stadium၌ ယနေ့နံနက်ပိုင်းက ကျင်းပရာ မန္တလေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ တိုင်းဒေသ ကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်သင်း ဝေ၊  အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တက္ကသိုလ်၊ ဒီဂရီ ကောလိပ်တို့မှ ပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ တိုင်း/ခရိုင်/ မြို့နယ်တို့မှပညာရေးမှူး၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တာဝန် ရှိသူများ တက်ရောက်ကြပြီး ပညာရေးစုံညီပွဲတော်ကို      ထူးချွန်ကျောင်းသား ကျောင်းသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ (ယာပုံ)
ထို့နောက်     တိုင်းဒေသကြီး   ဝန်ကြီးချုပ်က နိုင်ငံတော်အနေဖြင့်  နိုင်ငံရေး၊   စီးပွားရေး၊  လူမှုရေး အခြေခံမူများနှင့်          လိုက်လျောညီထွေမှုရှိပြီး  အဆင့်မြှင့်တင်ပေးနိုင်သည့်        ပညာရေးစနစ် ဖြစ်ထွန်းရေး၊ ကျောင်းနေအရွယ် ကလေးအားလုံး       ကျောင်းသို့   ရောက်ရှိနိုင်ရေး၊    အရည်အသွေး ပြည့်ဝသော ပညာသင်ကြားခွင့်ရရှိရေး အလေးထား ဆောင်ရွက်ပေးနေကြောင်း၊   သင်ရိုးညွှန်းတမ်းများကို ခေတ်နှင့်အညီ    ပြုပြင်ပြောင်းလဲရေး၊    ပညာရေး သုတေသနဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက် ရေး    စသည့်ပညာရေးလုပ်ငန်းစဉ်  (၁၀) ရပ်ကို တစ်ပြိုင်နက်တည်း         အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊        ကျောင်းသား ကျောင်းသူတိုင်း KG+9 ကို ပြီးမြောက်စေရန် သင်ယူ ကြရမည်ဖြစ်ကြောင်း၊ ယခုကျင်းပသည့် ပညာရေး စုံညီပွဲတော်တွင် ပညာသင်နှစ် တစ်နှစ်တာကာလ အတွင်း   ကျောင်းသား  ကျောင်းသူများနှင့်  ဆရာ ဆရာမများ၏ ဘက်စုံကဏ္ဍ၌ ထူးချွန်မှုများကို ပြသ သည့်ပွဲဖြစ်ကြောင်းနှင့်  မိမိတို့၏ ထူးချွန်ထက်မြက် သည့် အရည်အသွေးများကို ပိုမိုတောက်ပြောင်အောင် ဆက်လက်    ကြိုးစားသွားကြရမည်   ဖြစ်ကြောင်း ပြောကြားသည်။ 
ယင်းနောက်      တိုင်းဒေသကြီးဝန်ကြီးချုပ်၊   တိုင်းဒေသကြီး  တရားလွှတ်တော် တရားသူကြီးချုပ်၊       အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပါမောက္ခချုပ်၊ ပါမောက္ခ များနှင့် တာဝန်ရှိသူများက နိုင်ငံတော်အဆင့်နှင့် တိုင်းဒေသကြီးအဆင့်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ၌ ထူးချွန်ဆုရ ကျောင်းသား ကျောင်းသူများ၊  အောင်ချက်အကောင်းဆုံး အခြေခံပညာကျောင်းများ၊  ကိုယ်ပိုင်ကျောင်းများနှင့် ပြိုင်ပွဲအသီးသီးတွင် ဆုရရှိ သူများကို    ဂုဏ်ပြုငွေများ   ချီးမြှင့်ခဲ့ပြီးနောက်   ခင်းကျင်းပြသထားသည့်  ခရိုင် ၁၁ ခုမှ အခြေခံပညာ ကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ သင်ကြား၊ သင်ယူမှုအထောက်အကူပြု  ပြခန်းများ၊  တွဲဖက် သင်ရိုးဝင်    ဘာသာရပ်ဆိုင်ရာ    ပြခန်းများ၊  သိပ္ပံ လက်တွေ့ပြခန်း၊  ပထဝီဝင်ဆိုင်ရာပြခန်း၊  မာတီ မီဒီယာပြခန်းနှင့် နည်းပညာပြခန်းများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။  
  သတင်းစဉ်