ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် သာပေါင်းမြို့နယ် အမှတ်(၁၂)မြောင်းနှင့် အမှတ်(၁၃)မြောင်းတူးဖော်ခြင်းလုပ်ငန်း တူးဖော်ပြီးစီးမှုအခြေအနေ ကွင်းဆင်းစစ်ဆေး

 

သာပေါင်း  ဇန်နဝါရီ    ၁၀


ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ် ဂုံမင်း ကျေးရွာအုပ်စု သဲဗွက်ကျေးရွာ အမှတ်(၁၂) မြောင်း နှင့် အမှတ်(၁၃)မြောင်းတူးဖော်ခြင်းလုပ်ငန်း အပိုင်း(၂) တူးဖော်ပြီးစီးမှုအခြေအနေများကို   ဇန်နဝါရီ ၈ ရက် က ဧရာဝတီတိုင်းဒေသကြီး   ဝန်ကြီးချုပ် ဦးတင်မောင် ဝင်းနှင့် အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးသည်။

 


ယင်းနောက်  တိုင်းဒေသကြီး   ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အဆိုပါလုပ်ငန်းကို   တင်ဒါအောင်ကုမ္ပဏီ မှ   ထိပ်ဝအကျယ်ပေ ၄၀၊   အောက်ခြေ အကျယ်ပေ ၂၀၊   ပျမ်းမျှအနက်  ၁၀ ပေ၊   မြောင်းအလျား ပေ ၁၀၀၀၀ ကို ၂၀၂၂- ၂၀၂၃  ဘဏ္ဍာနှစ်ခွင့်ပြုငွေကျပ် သန်း ၁၄၃ ဒသမ ၁၇၀ ဖြင့်  တူးဖော်ပြီးစီးမှု  အခြေ အနေနှင့်  ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနမှ Solar စနစ်ဖြင့် ရေတင်မှု၊ တောင်သူဦးဝင်းစိုးက စပါးခွံ လောင်စာ Gas စနစ်ဖြင့် ရေတင်မှုတို့ကို  ကြည့်ရှု စစ်ဆေးပြီး  တောင်သူများနှင့်  ရင်းနှီးစွာ တွေ့ဆုံ မေးမြန်း၍  တာဝန်ရှိသူများက    ရှင်းလင်း တင်ပြကြ ရာ ရှင်းလင်းတင်ပြချက်များအပေါ်  တိုင်းဒေသကြီး ဝန်ကြီးချုပ်က မှာကြားသည်။

 


အဆိုပါအခမ်းအနားသို့ သာပေါင်းမြို့နယ်   စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု  တိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက် နှင့်   အဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊    တောင်သူများ တက်ရောက်ကြကြောင်း သိရသည်။


မျိုးဇော်သိန်း (ပြန်/ဆက်)