
မြစ်ကြီးနား ဇန်နဝါရီ ၁၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ပြည်ထောင်စု ဝန်ကြီးများသည် ယနေ့မွန်းလွဲ ပိုင်းတွင် (၇၅)နှစ်မြောက် စိန်ရတု ကချင်ပြည်နယ်နေ့အထိမ်းအမှတ် အဖြစ် မြစ်ကြီးနားမြို့ သီတာ ရပ်ကွက်ရှိ ငြိမ်းချမ်းသာယာ အားကစားကွင်းအတွင်း တည် ဆောက်ပြီးစီးခဲ့သည့် ငြိမ်းချမ်း သာယာ ရေကူးကန်ဖွင့်ပွဲသို့ တက်ရောက် ဖွင့်လှစ်ပေးကြသည်။
အဆိုပါ ငြိမ်းချမ်းသာယာ ရေကူးကန်ဖွင့်ပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ ဦးရွှေ ကြိမ်း တို့နှင့်အတူ ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးမောင်မောင် အုန်း၊ ဦးလှမိုး၊ ဦးသောင်းဟန်၊ ဦးအောင်နိုင်ဦး၊ ဒေါက်တာ ညွန့်ဖေ၊ ဦးမင်းသိန်းဇံ၊ ဦးမျိုးသန့်၊ ဦးစောထွန်းအောင်မြင့်၊ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့် နှင့် ဦးဇော်အေးမောင်၊ တပ်မတော် အရာရှိကြီးများ၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီး များ တက်ရောက်ကြသည်။
တန်ဖိုးအကြီးဆုံး ရေကူးကန်
အခမ်းအနားတွင် အားကစား နှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်း သိန်းဇံက ကချင်ပြည်နယ်အနေ ဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ် အားလုံးတွင် တန်ဖိုးအကြီးဆုံး အမိုးအကာပါ ရေကူးကန်အသစ် ကို ပထမဦးဆုံး တည်ဆောက် ဖွင့်လှစ်နိုင်ခဲ့သည့် ပြည်နယ်တစ်ခု ဖြစ်သည့်အတွက် မှတ်တမ်းတင် ဂုဏ်ယူပါကြောင်း၊ နိုင်ငံတကာ အဆင့်မီ ရေကူးကန်ဖြစ်သည့် အတွက် စနစ်တကျ ထိန်းသိမ်း စောင့်ရှောက်နိုင်ရန် လိုအပ်ပါ ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အမှာစကားပြောကြားသည်။
ထို့နောက် ရေကူးကန်ကို တာဝန်ယူ တည်ဆောက်ခဲ့သည့် မြန်မာမိတ်ကာဟုမ်း ကုမ္ပဏီမှ ရေကူးကန်ဆိုင်ရာ အချက်အလက် များကို လွှဲပြောင်းပေးအပ်ရာ ပြည်နယ် လူမှုရေးရာဝန်ကြီးက လက်ခံရယူသည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး
ယင်းနောက် ငြိမ်းချမ်း သာယာ ရေကူးကန်သစ်ကို ပြည်ထောင်စု ဝန်ကြီးများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ရေကူးကန်ဆိုင်းဘုတ်ကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကြကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တက်ရောက်လာ ကြသူများက ရေကူးကန်ကို လှည့်လည်ကြည့်ရှုကြသည်။
ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်
ထို့နောက် သက်တမ်းအလိုက် ရေကူးပြိုင်ပွဲများကို ကြည့်ရှု အားပေးကြပြီး ပြိုင်ပွဲဝင်များကို ဂုဏ်ပြုချီးမြှင့်ငွေ များနှင့် ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်ကူညီကြသည့် တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များ၊ ပန်းပွားအဖွဲ့ များကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
ယနေ့ ဖွင့်လှစ်လိုက်သည့် ငြိမ်းချမ်းသာယာ ရေကူးကန်သည် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၏ ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေကျပ်သန်း ၁၉၀၀ ဖြင့် နိုင်ငံတကာအဆင့်မီ အလျား မီတာ ၅၀ ၊ အနံ ၂၅ မီတာနှင့် ရေကူးပြေးလမ်း ၁၀ လမ်း ပါ ရေကူးကန်ဖြစ်ပြီး ရေကူးကန် အတွင်း အလျား ၉ မီတာ၊ အနံ ၅ မီတာရှိ LED အမှတ်ပေး ဆိုင်းဘုတ်အပါအဝင် ဂါလန် တစ်သိန်းဆံ့ မြေအောက်ရေကန် နှင့် အသံစနစ်၊ ခေတ်မီရေသန့်စင် သောစနစ်များ ပါဝင်သည့် ရေကူးကန်တစ်ခု ဖြစ်ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)