
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်းနှင့်
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ခန့်ထားခြင်း
၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အောက်ဖော်ပြပါ ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးများကို အစမ်းခန့်ကာလ (၁) နှစ် ပြည့်မြောက်သည့်နေ့မှစ၍ အတည်ပြု ခန့်ထားလိုက်သည် -
အမည် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး
ရာထူး၊ ဌာန
(က) ဦးတင်ကိုကိုနိုင် ညွှန်ကြားရေးမှူးချုပ်
လူမှုဖူလုံရေးအဖွဲ့
အလုပ်သမားဝန်ကြီးဌာန
(ခ) ဒေါက်တာအေးအေးဟန် ပါမောက္ခချုပ်
မြင်းခြံတက္ကသိုလ်
အဆင့်မြင့်ပညာဦးစီးဌာန
ပညာရေးဝန်ကြီးဌာန
၂။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ဝန်ကြီးရုံးမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ယဉ်ဦး ကို ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ဝတ္တရားများကို စတင် ဆောင်ရွက်သည့်နေ့မှစ၍ အစမ်းခန့်ထားလိုက်သည်။