ပုလဲမြို့နယ် ဇီးဖြူကုန်းကျေးရွာအတွင်းသို့ PDF အမည်ခံအကြမ်းဖက်သမားများက Drone ယာဉ်များဖြင့် Drop Bomb များ အကြောင်းမဲ့ပစ်ချတိုက်ခိုက်ခဲ့သဖြင့် ကလေးငယ် သုံးဦးအပါအဝင် အပြစ်မဲ့ပြည်သူ ခုနစ်ဦးထိခိုက်ဒဏ်ရာရရှိ

 

နေပြည်တော်   ဇန်နဝါရီ   ၇
စစ်ကိုင်းတိုင်းဒေသကြီး  ပုလဲ မြို့နယ်   ဇီးဖြူကုန်းကျေးရွာ အတွင်းသို့ PDF အမည်ခံ အကြမ်း ဖက်သမားများက Drone ယာဉ် များဖြင့်   Drop   Bomb  များ အကြောင်းမဲ့   ပစ်ချတိုက်ခိုက် ခဲ့သဖြင့် ကလေးငယ် သုံးဦးအပါ အဝင်   အပြစ်မဲ့ပြည်သူ   ခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ  ၆  ရက် မွန်းလွဲ ၂ နာရီတွင် ပုလဲမြို့နယ် ဇီးဖြူကုန်း  ကျေးရွာအတွင်းသို့ PDF   အမည်ခံ  အကြမ်းဖက် သမားများက ကျေးရွာ၏ မြောက် ဘက်နှင့် အရှေ့မြောက်ဘက်တို့မှ နေ၍  Drone ယာဉ်များဖြင့်  Drop Bomb ခုနစ်လုံး  အကြောင်းမဲ့ လာရောက်    ပစ်ချတိုက်ခိုက်ခဲ့ သဖြင့် Drop Bomb ခြောက်လုံးမှာ ကျေးရွာအတွင်းသို့  ကျရောက် ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် အဆိုပါကျေးရွာအတွင်း နေထိုင် သည့်   အပြစ်မဲ့ပြည်သူများဖြစ် သည့် ဒေါ်သေးတင်  (၆၂  နှစ်)၊ ဒေါ်ညိုထွေး (၄၅ နှစ်)၊ ဒေါ်ဖြူဖြူ သွဲ့(၂၆ နှစ်)၊ မောင်ဟိန်းထက်ဇော် (၁၇နှစ်)၊   မောင်ပြည့်စုံအောင် (၁၂နှစ်)၊   မောင်ဟန်မင်းထက် ကိုးနှစ်နှင့် မောင်ပိုင်ပိုင် နှစ်နှစ်တို့ ခုနစ်ဦးတို့တွင် ဗုံးစထိမှန်ဒဏ်ရာ များ ရရှိခဲ့သည်။
ဖြစ်စဉ်တွင်   ထိခိုက်ဒဏ်ရာ ရရှိသူများအား      လုံခြုံရေး တပ်ဖွဲ့ဝင်များက   လိုအပ်သော  ဆေးဝါးကုသမှုများ  ဆောင်ရွက် ပေးကာ     ကျေးရွာနေပြည်သူ  များကို   အကြောင်းမဲ့   ပစ်ခတ် တိုက်ခိုက်ခဲ့သည့်   အကြမ်းဖက် သမားများအား  လုံခြုံရေးတပ်ဖွဲ့ ဝင်များက       အကြမ်းဖက်မှု     နှိမ်နင်းရေး     လုပ်ငန်းများအား  လုံခြုံရေး    လုပ်ငန်းစဉ်များနှင့်      အညီ     ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း      သတင်းရရှိ သည်။ 
သတင်းစဉ်