
နေပြည်တော် ဇန်နဝါရီ ၆
၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားတွင် ပါဝင်ပြသခဲ့ကြသည့် ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဂုဏ်ပြုယာဉ်များ၊ အထိမ်း အမှတ်ပြခန်းများနှင့် တိုင်းရင်းသားရိုးရာအစားအစာ အရောင်းပြခန်းများအား တတိယနေ့အဖြစ် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်း ကွင်း၌ ဆက်လက်ခင်းကျင်းပြသလျက်ရှိရာ ကျောင်းသား ကျောင်းသူများ၊ လူငယ်များ၊ စိန်ရတု လွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားတွင် သက်ဆိုင်ရာကဏ္ဍအလိုက် ပါဝင်ဆင်နွှဲခဲ့ကြသူ များနှင့် ပြည်သူများစိတ်ပါဝင်စားစွာ လာရောက် လေ့လာကြည့်ရှုကြသဖြင့် အထူးစည်ကားလျက်ရှိ သည်။
နွေးထွေးစွာကြိုဆို
ပြပွဲတတိယနေ့တွင် တပေါင်းကွင်းသို့ လာရောက် ကြသည့် ပြည်သူများကို သတ်မှတ်နေရာများအလိုက် နေရာယူထားကြသည့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အဖွဲ့များက နွေးထွေးစွာ ကြိုဆိုကြပြီး နေပြည်တော် ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ ဂုဏ်ပြုယာဉ်များနှင့် ဝန်ကြီးဌာနများ အလိုက် ဂုဏ်ပြုယာဉ်များမှ တာဝန်ရှိသူများက ယာဉ်ပေါ်၌ ပြသထားသည့် ရိုးရာယဉ်ကျေးမှုဆိုင်ရာ ဗဟုသုတများ၊ ဒေသန္တရဗဟုသုတများ၊ အထင်ကရ နေရာများ၊ ထင်ပေါ်ကျော်ကြားသည့် ခေါင်းဆောင် များ၏ ရုပ်တုများ၊ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ချက်များကို နွေးထွေးပျူငှာစွာ လိုက်လံရှင်းလင်းပြသပေးကြရာ သံဃာတော်များ၊ သီလရှင်များ၊ ကျောင်းသားလူငယ်များ၊ ဝန်ကြီး ဌာနများမှ ဝန်ထမ်းများနှင့် မိသားစုများ၊ ဒေသခံ ပြည်သူများ စိတ်အားထက်သန်စွာ လေ့လာကြည့်ရှု ကြသဖြင့် စည်ကားလျက်ရှိသည်ကို တွေ့ရသည်။
ထို့ပြင် သတ်မှတ်နေရာများအလိုက် ခင်းကျင်း ပြသထားကြသည့် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအသီးသီးမှ ပြခန်း များနှင့် ဝန်ကြီးဌာနများအလိုက် ပြခန်းများမှ တာဝန် ရှိသူများကလည်း ပြခန်းတွင် ပြသထားသည့် တိုင်းရင်းသားများ၏ အထိမ်းအမှတ်များ၊ လူနေမှု စရိုက်များ၊ ဓလေ့ထုံးတမ်းအစဉ်အလာများ၊ အပန်းဖြေ လည်ပတ်နိုင်သည့် အထင်ကရနေရာများ၊ ဒေသ ထုတ်ကုန်များ၊ နိုင်ငံတော်၏ သယံဇာတအရင်းအမြစ် များ၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ချက်များ၊ ပြည်သူများကို ဝန်ဆောင်မှုများ ပေးလျက်ရှိသည့် လုပ်ငန်းဆောင်ရွက်မှုများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့သည့် မှတ်တမ်းများကို လိုက်လံ ရှင်းလင်းပြသပေးကြရာ ကြည့်ရှုသူများဖြင့် စည်ကား လျက်ရှိသည်။
ပျော်ရွှင်စွာပါဝင်ဆင်နွှဲ
အထူးပျော်ရွှင်စရာအစီအစဉ်အနေဖြင့် တိုင်းရင်း သားရိုးရာယဉ်ကျေးမှုအဖွဲ့ဝင်များက သက်ဆိုင်ရာ ရိုးရာယဉ်ကျေးမှုအကအလှများ၊ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များကို ပေါ်လွင်စေသည့် သီချင်းများ၊ မျိုးချစ်စိတ်နှင့် ဇာတိမာန်ကို တက်ကြွစေမည့် သီချင်းများ၊ ရိုးရာအကအလှများကို တိုင်းဒေသကြီး နှင့် ပြည်နယ် ကိုယ်စားပြု ဂုဏ်ပြုယာဉ်ကြီးများရှေ့နှင့် ပြခန်းများရှေ့၌ ဖျော်ဖြေတင်ဆက်ကြရာ လာရောက် လေ့လာကြည့်ရှုကြသည့် ပြည်သူများကလည်း တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များနှင့်အတူ ပျော်ရွှင်စွာ သီဆိုကခုန် ပါဝင်ဆင်နွှဲကြသည်ကိုလည်း တွေ့ရသည်။
ထို့ပြင် ပြပွဲသို့ လှပတင့်တယ်ခမ်းနားစွာ ခင်းကျင်း ပြသထားသည့် ဂုဏ်ပြုယာဉ်ကြီးများ၊ ရိုးသား ဖြူစင်ဖော်ရွေလှသည့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များနှင့်အတူ အမှတ်တရဓာတ်ပုံ ရိုက်ကြသူများကိုလည်း တွေ့ရသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တိုင်းရင်း သားရိုးရာ အစားအစာအရောင်းပြခန်းများ၌လည်း ဒေသထွက်အစားအသောက်များ၊ တိုင်းရင်းသားရိုးရာ အမှတ်တရပစ္စည်းများ၊ ဒေသထွက်ကုန်ပစ္စည်း များနှင့် တိုင်းရင်းသားရိုးရာဝတ်စုံများကို ပြည်သူများ စိတ်ကြိုက်ဝယ်ယူစားသုံးနိုင်ရန်အတွက် ဈေးနှုန်း ချိုသာစွာ ရောင်းချပေးလျက်ရှိရာ ပြည်သူများ စိတ်ဝင်တစား စားသောက်သူများ၊ ဝယ်ယူကြသူ များဖြင့် ကြိတ်ကြိတ်တိုးစည်ကားလျက်ရှိသည်။
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်းနှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဥတ္တရခရိုင် ကြက်ခြေနီသူနာပြု တပ်ဖွဲ့ ရန်ပုံငွေအရောင်းဆိုင်များကလည်း စားသောက် ကုန်ပစ္စည်းများနှင့်လူသုံးကုန်ပစ္စည်းများကို အထူး ဈေးနှုန်းဖြင့် ချိုသာစွာ ရောင်းချပေးလျက်ရှိရာ စိတ်ဝင်တစားဝယ်ယူကြသူများ များပြားလျက်ရှိ သည်။
ထို့ပြင် ကျောင်းသား ကျောင်းသူများ၊ လူငယ် များနှင့် ပြည်သူများ စိတ်ဝင်တစားဖြစ်စေရန်အတွက် လည်း ပြခန်းများတွင် ရင်ခုန်စိတ်လှုပ်ရှားစရာ ကံစမ်းမဲအစီအစဉ်များ၊ ပဟေဠိ ဖြေကြားသည့် အစီအစဉ်များ၊ ကိုယ်တိုင်ပါဝင်ဆင်နွှဲရသည့် ဂိမ်း ကစားခြင်းအစီအစဉ်များနှင့် လက်ပန်းချီရေးဆွဲပေး ခြင်း အစီအစဉ်ကောင်းများကိုလည်း ထည့်သွင်း ထားသည်ကို တွေ့မြင်ရသည်။
ညပိုင်းတွင် ဖျော်ဖြေရေးအစီအစဉ်များအဖြစ် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ အနုပညာရှင်များက တိုင်းကျိုးပြည်ပြုတေးသီချင်းများနှင့် ခေတ်ပေါ် တေးသီချင်းများဖြင့် လည်းကောင်း၊ အနုပညာဦးစီး ဌာနမှ အနုပညာရှင်များက မျိုးချစ်စိတ်နှင့် ဇာတိမာန် တက်ကြွစေမည့် တေးသီချင်းများဖြင့်လည်းကောင်း၊ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာယိမ်းအဖွဲ့များက ရိုးရာတေးသီချင်းများကို အကအလှများ ပေါင်းစပ်၍ လည်းကောင်း မြူးကြွပျော်ရွှင်စွာဖြင့် ဖျော်ဖြေကြရာ ပြည်သူများ တစ်ခဲနက်ပါဝင်ဆင်နွှဲကြသည်။
လုံခြုံရေးအပြည့်အဝပေးထား
အဆိုပါဂုဏ်ပြုယာဉ်များ၊ အထိမ်းအမှတ်ပြခန်း များနှင့် တိုင်းရင်းသားရိုးရာအစားအစာ အရောင်း ပြခန်းများသို့ လာရောက်ကြည့်ရှုသည့် အများပြည်သူ များ အန္တရာယ်တစ်စုံတစ်ရာ မဖြစ်ပေါ်စေရန် တပ်မတော်နှင့်ပူးပေါင်းပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့က လည်း လုံခြုံရေးအပြည့်အဝပေးထားသည့်အပြင် ကျန်းမာရေးတစ်စုံတစ်ရာဖြစ်ပေါ်ပါက ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရန်အတွက် နေပြည်တော် ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ကျန်းမာရေး ဆေးအဖွဲ့မှ ဆေးခန်းဖွင့်လှစ်ထားရှိသည်ကို တွေ့ရ သည်။
ထို့ပြင် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက လာရောက် လေ့လာကြည့်ရှုကြသည့် ကျောင်းသား ကျောင်းသူ၊ ပြည်သူများ ယာဉ်အန္တရာယ် ကင်းရှင်းစွာသွားလာနိုင် ရန်အတွက် ပွဲတော်သို့ လာသည့်လမ်းများ၌ ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိသည်ကိုလည်း တွေ့ရသည်။
အဆိုပါပွဲတော်၌ ဝန်ကြီးဌာနပြခန်း ၂၅ ခန်း၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပြခန်း ၁၅ ခန်း၊ စုစုပေါင်းပြခန်း ၅၅ ခန်းနှင့် ဝန်ကြီး ဌာနများအလိုက် ကိုယ်စားပြုဂုဏ်ပြုယာဉ် ၂၆ စီး၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ကိုယ်စားပြု ဂုဏ်ပြုယာဉ် ၁၅ စီး၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုယာဉ် တစ်စီး၊ ပြည်ထောင်စု နောက်ပိတ် ဂုဏ်ပြုယာဉ်တစ်စီးနှင့် တပ်မတော်ကိုယ်စားပြုဂုဏ်ပြုယာဉ် ငါးစီး စုစုပေါင်း ဂုဏ်ပြုယာဉ် ၄၈ စီးတို့ကို ခင်းကျင်းပြသခြင်းနှင့် တိုင်းရင်းသားရိုးရာ အစားအစာပြခန်း ၁၅ ခန်းတို့မှ အစားအစာရောင်းချခြင်းတို့ကို ဇန်နဝါရီ ၄ ရက်မှ စတင်၍ ဇန်နဝါရီ ၈ ရက်အထိ ခင်းကျင်းပြသပေးသွား မည်ဖြစ်၍ မိဘပြည်သူများ အခမဲ့လာရောက်လေ့လာ ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။
သတင်း - ဟိန်းမင်းစိုး ၊ ဂျိုင်းလော
ဓာတ်ပုံ- ကိုကြီးထိန်